Saturday, January 25, 2020

ICJ ရဲ့ အမိန့်အပေါ် ရိုဟင်ဂျာတွေနဲ့ မြန်မာအစိုးရ တုံ့ပြန်

NHK WORLD JAPAN
2020.01.25
 ရိုဟင်ဂျာ လူနည်းစုတွေကို မြန်မာအစိုးက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂရဲ့ အဆင့်အမြင့်ဆုံးတရားရုံးဖြစ် တဲ့ နိုင်ငံတကာတရားရုံး ICJ က အမိန့်ချမှတ်လိုက်ပြီးတဲ့နောက် ရိုဟင်ဂျာ မွတ်စလင်တွေ အများအပြား ဝမ်းသာပျော်ရွှင်နေကြပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရအနေနဲ့ အဲဒီအမိန့်အတိုင်း လုပ်ဆောင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေး ပါဘူး။

ရိုဟင်ဂျာ မွတ်စလင်တွေ နှိပ်စက်ညှဉ်းပန်း မခံရစေဖို့ အကာအကွယ်ပေးရေး အရေးပေါ် ဆောင်ရွက်ချက် တွေ လုပ်ဆောင်ဖို့ မြန်မာအစိုးရအပေါ် ICJ က ညွှန်ကြားလိုက်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန် မာကို အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာက တရားစွဲဆိုခဲ့တဲ့အတွက် ICJ က အခုလို ဆုံးဖြတ် လိုက် တာ ဖြစ်ပါတယ်။

အခုလို တရားစွဲပေးခဲ့တဲ့ မွတ်စလင်အများစုနေထိုင်ရာ ဂမ်ဘီယာနိုင်ငံကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ကို ထွက် ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည်အချို့က ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်ကို မှတ်တမ်းယူထားမည်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု မရှိ ဆိုတဲ့ မြန်မာအစိုးရရဲ့ရပ်တည်ချက် ကိုတော့ ပြောင်းလဲမှာမဟုတ်ကြောင်း မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ကြာသ ပတေးနေ့မှာ ICJ က တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက်အရ မြန်မာအစိုးရက လုပ် ဆောင်နေတဲ့ အကာအကွယ်ပေးရေး ဆောင်ရွက်ချက်တွေကို ၄ လအတွင်း တင်ပြသွားဖို့ ပါဝင်ပါတယ်။

ICJ ရဲ့ အမိန့်ကို မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်း မရှိပေမဲ့ ဒီအမိန့်ဟာ မလိုက်နာမနေ ရဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ လိုက်နာလုပ်ဆောင်သွားဖို့ တိုက်တွန်းကြောင်း ကုလသမဂ္ဂအထွေ ထွေအ တွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ် က ဆိုပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ တစ်စည်းတစ်လုံးတည်း ရှိကြဖို့အတွက်လည်း သူက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့အရေး ယူမှုချမှတ်ဖို့ကို ရုရှားနဲ့ တရုတ်တို့က အတိတ်ကာလမှာ ကန့်ကွက်ခဲ့ဖူးပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */