DVB
27 February 2020
27 February 2020
ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို တရားစွဲ ထားတဲ့အမှုမှာ ကြားဖြတ်ပါဝင်တရားစွဲမယ်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အဖွဲ့ဝင် မော်လဒိုက်နိုင်ငံက ကြေညာပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ (၄၃)ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေးရဲ့ အဆင့်မြင့်ကဏ္ဍဆွေးနွေးတဲ့အပိုင်းမှာ မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗဒူလာရှာဟစ်က မြန် မာကို အိုင်စီဂျေမှာ တရားစွဲမယ့်အကြောင်း ကြေညာခဲ့တာလို့ မော်လဒိုက် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)ရဲ့ ၁၄ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှာဖွေရာမှာ မော်လ ဒိုက်နိုင်ငံအနေနဲ့ ပိုမိုပံ့ပိုးကူညီသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အိုင်စီဂျေတရားရုံးမှာ ဂမ်ဘီယာက မြန်မာနိုငငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့အမှုမှာ ကြား ဖြတ်ပါဝင်တရားစွဲဖို့ မော်လဒိုက်သမ္မတအပါအဝင် အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီးနောက် တရားစွဲမယ့် ကိစ္စ အိုင်စီဂျေတရားရုံးကို တရားဝင်စာရေးသားပေးပို့ဖို့ ဆုံးဖြတ်လိုက်တာလို့လည်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
ဒီအမှုမှာ မော်လဒိုက်နိုင်ငံဘက်ကနေ အကျိုးဆောင်လိုက်ပါဆောင်ရွက်ပေးဖို့အတွက် ဟောလီးဝုဒ်မင်း သား ဂျော့ချ်ကလူနီရဲ့ဇနီးဖြစ်သူ နာမည်ကြီးလူ့အခွင့်အရေးရှေ့နေ မစ္စအမာလ်ကလူနီကို ခန့်အပ်တာ ဝန်ပေး ထားပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ ရိုဟင်ဂျာတွေအတွက် တရားဥပဒေကြောင်းအရ ကုစားပေးဖို့ ကြိုးစားရာမှာ ပါဝင် လုပ် ဆောင်ချင်တယ်လို့ ရှေ့နေ မစ္စအမာလ်ကလူနီက အမှုလက်ခံကြောင်း ပေးပို့တဲ့စာမှာ ပြောပါတယ်။
“အိုင်စီဂျေတရားရုံးမှာ မော်လဒိုက်နိုင်ငံကို ကိုယ်စားပြုပြီးအမှုလိုက်ပေးဖို့ကမ်းလှမ်းခံရတာ ဝမ်းမြောက် ဝမ်း သာဖြစ်မိတယ်။ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ ဟာက အချိန်အတော် နှောင်းနေပြီဖြစ်တယ်”လို့ မစ္စအမာလ်ကလူနီက ပြောပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့ ဂမ်ဘီယာနိုင် ငံက မြန်မာနိုင်ငံပေါ် တရားစွဲထားတာဖြစ်ပြီး အိုင်စီဂျေတရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကြားဖြတ်အစီအ မံ ၄ ချက် ချမှတ်ခဲ့ပြီးဖြစ်ပေမယ့် အမှုကို ဆက်လက်ရင်ဆိုင်ရဖို့ရှိ နေတာပါ။
မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့ခြင်းမရှိတဲ့ အကြောင်းနဲ့ တရားရုံးဆုံးဖြတ် ချက်တွေ ကို မှတ်သားထားတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
(၄၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံအစိုးရဟာ နိုင်ငံတကာဥပဒေတွေနဲ့ အခြေခံမူဝါဒတွေကို အခိုင်အမာလိုက် နာကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Link : Here

No comments:
Post a Comment