" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၿမန္မာ. Show all posts
Showing posts with label ၿမန္မာ. Show all posts

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက်ကို မြန်မာလိုက်နာဖို့ ယန်ဟီးလီပြော ကြား

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မိုးမြင့်၊ ဝေမာထွန်း
2020-01-23
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်၊Photo: RF
 
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတကာတရားရုံး ICJ က မြန်မာ အပေါ် ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လို အပ်တယ်လို့ ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက် ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံဆောင် ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက် သည့် သတင်းထုတ်ပြန်ချက်

Thu, 01/23/2020

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ကြားဖြတ်စီမံ ‌ဆောင် ရွက်ချက်များ ချမှတ်ပေးရန် လျှောက်ထားချက်အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက် သည့် သတင်းထုတ်ပြန်ချက်

ပြန်ကြားရေးဝန်ကြီးဌာန
နေပြည်တော်
JANUARY 23, 2020

Wednesday, January 22, 2020

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

ပြန်ကြားရေးဝန်ကြီးဌာန
‌နေပြည်တော်
JANUARY 22, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုရှေ့နေချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၁၃၈၁ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်)


လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိ ကြောင်း စွပ်စွဲ ချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။

ကန်အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာတိုးချဲ့ ကန့်သတ်မယ့်နိုင်ငံ တွေထဲ မြန်မာပါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဇန်နဝါရီ၊ 2020 
အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ အငြင်းပွားဖွယ် ပြည်ဝင်ခွင့် ထိန်းချုပ် ကန့်သတ်မယ့် နိုင်ငံ 
တွေ ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အင်္ဂါနေ့ထုတ် သတင်းတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။

သမ္မတ Trump အစိုးရဘက်က ပြည်ဝင်ခွင့် ကန့်သတ်နိုင်ငံများ စာရင်းမှာ နောက်ထပ် ၇ နိုင်ငံ ထပ်ထည့်ဖို့ စီစဉ်နေကြောင်း၊ အဲဒီ နိုင်ငံတွေကတော့ မြန်မာ၊ Belarus၊ Eritrea၊ Kyrgyzstan၊ Nigeria ၊ Sudan နဲ့ Tanzania တို့ ဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။ ဒီထဲက တချို့ နိုင်ငံတွေကိုတော့ အမေရိကန် ပြည်ဝင် ခွင့် ဗီဇာ အမျိုးအစား တချို့ကိုသာ ကန့်သတ်မှာ ဖြစ်တယ်လို့ Wall Street Journal သတင်းဖော်ပြပါတယ်။

Saturday, January 18, 2020

မြန်မာအပေါ် သြဇာပိုလွှမ်းမိုးနိုင်ဖို့ တရုတ် ကြိုးပမ်း

NHK World Japan
2020.01.18

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သောကြာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း တရုတ်ခေါင်းဆောင်တစ်ဦးရဲ့ မြန်မာနိုင်ငံခရီးစဉ် လည်းဖြစ်ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို သမ္မတ ရှီ တက်ရောက်မှာ ဖြစ်ပါတယ်။

Thursday, January 16, 2020

ဒုက္ခသည်အရေး မြန်မာကိုဖိအားပေးဖို့ ICRC ကို ဘင်္ဂလား တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေ ရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာအောင် မြန်မာဘက်က ဖန်တီးပေးရေး ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

Wednesday, January 15, 2020

ဇန်နဝါရီ ၂၃ မှာ အိုင်စီဂျေဆုံးဖြတ်ချက်ချမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.15
ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာလူမျိုးတုံးသတ်ဖြတ်မှု ကြားဖြတ်ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး အိုင်စီဂျေကြားနာ

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးအိုင်စီဂျေက မြန်မာအပေါ် ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။ ဇန်နဝါရီလ ၁၄ ရက်က တွစ်တာမှာ ဂမ်ဘီယာ တရားရေး ဝန်ကြီးဌာနက ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။

Sunday, January 12, 2020

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်
11 ဇန်နဝါရီ၊ 2020
တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန် မာနိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အ ကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန် မာနိုင်ငံ ကို ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ရေး နဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါ တယ်။

Friday, January 3, 2020

မြန်မာ့ရေပိုင်နက်အနီး လုံခြုံရေးမြှင့်တင်ဖို့ ဘင်္ဂလားဒေ့ရှ်က ခေတ်မီ လက်နက်တွေ ဝယ်မယ်

MCN TV NEWS
၀၃ ဇန္နဝါရီ ၂၀၂၀
မြန်မာနဲ့ ရေနယ်နိမိတ် ထိစပ်နေတဲ့ စိန့် မာတင်ကျွန်းအနီးမှာ လုံခြုံရေး မြှင့်တင်နိုင်ဖို့အတွက် ခေတ်မီ လက် နက်ပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ နယ်ခြားစောင့်တပ် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ နယ်ခြားစောင့်တပ် အထွေထွေ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မက်ဒ် ရှဖီနူလ် အစ္စလမ်က ပြောသွားတာပါ။

Tuesday, December 24, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို အင်ဒိုနီးရှား ဒေါ်လာ ၅ သိန်းကျော် ကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)
24 ဒီဇင်ဘာ၊ 2019
ဇော်ဝင်းလှိုင် 
အင်ဒိုနီးရှားအစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်း

ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီး ရှား အစိုးရက အာဆီယံ အဖွဲ့ကြီးကတဆင့် မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅၃၀,၀၀၀ ကျော် လှူဒါန်းလိုက် ပါတယ်။ ဒုက္ခသည်တွေ အမြန်ဆုံး ပြန်နိုင်ရေးအတွက် အားလုံးက ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုအပ် ကြောင်း လည်း အလှူငွေ ပေးအပ်တဲ့အခမ်းအနားမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Thursday, December 19, 2019

ဒုက္ခသည်ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် မြန်မာကို အပြစ်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
ဒုက္ခသည်ညီလာခံ

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကြန့်ကြာမှုဖြစ်နေတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေ မြန်မာဘက်က မဖန်တီးပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထပ်မံ စွပ်စွဲအပြစ်တင်ပါတယ်။ ဂျနီဗာမှာ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာဒုက္ခသည်များညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်က ပြောဆိုသွားတာဖြစ်ပြီး၊ ဒီဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော် သုံးစွဲ အကုန်အကျခံခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

တရုတ်က မြန်မာရဲ့ အားကိုးရာ ဖြစ်နေပြီလား

မြန်မာတိုင်းမ်အပတ်စဉ်
ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၉၊ ကြာသပတေးနေ့
ဆွေလဲ့မွန်
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိတို့ ယခုလဆန်းက နေပြည်တော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

၀၁၅ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)က အစိုးရအဖွဲ့ကိုဦးဆောင်ဖွဲ့စည်းနိုင်ပါက မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများသည် အနောက်ဘက်သို့ယိမ်းမည်ဟု ပြည်တွင်းပြည်ပမှ နိုင်ငံရေးစိတ်ဝင်စားသူများက မှန်းဆခဲ့ကြသည်။

Tuesday, December 10, 2019

မြန်မာကို စွပ်စွဲထားတဲ့အမှု အိုင်စီဂျေမှာ ဂမ်ဘီယာ ဘာတွေ လျှောက်လဲသွားလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
10 ဒီဇင်္ဘာလ 2019
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့


မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည် ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာဒီဇင်ဘာ ၁၀ ရက်က ကြားနာခဲ့ပါတယ် ။

ဒီနေ့ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက် လာ ခဲ့ပြီး တော့ မြန်မာနိုင်ငံဘက် က ငှားရမ်းထားတဲ့ရှေ့နေ ဝီလီယံ ရှားဘတ်စ်လည်း တက်ရောက်တာ တွေ့ရ ပါတယ်။

Monday, December 9, 2019

ဘင်္ဂလားနဲ့ မြန်မာ စစ်အရာရှိတွေ ဒုက္ခသည်နေရပ်ပြန်ရေး ဆွေးနွေးမည်

VOA

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed ဟာ မြန်မာ့တပ် မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွား ကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးကိစ္စ ဆွေးနွေးသွားမှာ ဖြစ်သလို နှစ်နိုင်ငံကြားတည်ရှိတဲ့ ရင်းနှီးမှု တွေ ပိုမိုခိုင်မြဲရေး နည်းလမ်းရှာဖွေသွားမယ်လို့ ဆိုပါတယ်။

Saturday, December 7, 2019

ထိုင်းဖမ်းထားတဲ့ AA ခေါင်းဆောင်မိသားစု မြန်မာကိုလွှဲမယ့် ကိစ္စ ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
07 ဒီဇင်ဘာ၊ 2019
နိုင်ကွန်းအိန်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး နဲ့ ကလေး ၂ ဦးကို မြန်မာအာဏာပိုင်တွေဘက် လွှဲပြောင်းပေးတဲ့ အစီအစဉ် ပျက်ပြယ်သွားပြီလို့ ANC ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီလို လွှဲပြောင်းမယ့်အစီအစဉ်ကို တရုတ်နိုင်ငံဘက်က ကန့်ကွက် လို့ ဖြစ် ကြာင်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

Friday, December 6, 2019

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကို မြန်မာဘက်က လက်လွှဲယူဖို့ စီစဉ်နေ

B B C
ဘီဘီစီ မြန်မာပိုင်း 
06 ဒီဇင်္ဘာ 2019
ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သား၊ သမီး ၂ ဦးကို ထိုင်းကနေ မြန်မာ ဘက်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေလို့ ဆို

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည် သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ဟာ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ဒီဇင်ဘာ ၆ ရက် (ဒီနေ့) မှာ ထိုင်း အစိုးရရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ဘီဘီစီက မေးကြည့်ရာမှာ " အခုပဲ အဲဒီသတင်း ကြားလို့ စိတ်မကောင်းဖြစ်နေတာ၊ ကိုယ့်သမီး တစ်ယောက် အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့၊ အဲဒီထဲ မြေးလေးနှစ်ယောက်လည်း ပါတယ်" လို့ ဘီဘီစီကို အတည်ပြုပါတယ်။

ICJ တရားရုံးမှာ မြန်မာဘက်က ဘယ်လို ချေပနိုင်ဖွယ်ရှိလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဒီဇင်ဘာ 2019


နိုင်ငံတကာတရားရုံး ICJ ကို လူမျိုးတုံးစေမှု ဂျီနိုဆိုက်နဲ့ မြန်မာကို တရားစွဲတဲ့ ဂမ်ဘီယာ နိုင်ငံကိုယ်စား လှယ် လည်းဖြစ် ဂမ်ဘီယာ ရဲ့တရားရေးဝန်ကြီးလည်း ဖြစ်တဲ့ ရှေ့နေ အဘူဘာကာ မရီး တမ်ဘာဒူး က သူ သိရတဲ့ ဇာတ်လမ်းတွေက ကမ္ဘာမှာ အရင်က ဖြစ်ခဲ့တဲ့ ဂျီနိုဆိုက် အဖြစ်တွေလိုပဲ လို့ ပြောပါတယ်။

သူတို့က ကြားဖြတ်ဆောင်ရွက်မှုတွေ လုပ်ဖို့လည်း ပထမအဆင့်အနေနဲ့ တရားရုံးကို တင်ပြထားပါတယ်။

ဂမ်ဘီယာနိုင်ငံက အဲဒီ တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၁၀ရက် ကနေ ၁၂ ရက်နေ့အထိ လုပ်မယ့် နိုင်ငံတကာ တရားရုံး ICJ က တရားခွင်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကြောင်းအရ ပြန် လည် ခုခံချေပရဖို့ ရှိပါတယ်။

အဲဒီတရားခွင် အဆင့်မှာ မြန်မာနိုင်ငံက ချေပတဲ့နေရာမှာ ဘယ်လိုအချက်တွေ ထုတ်ဖော်တင်ပြနိုင်ဖွယ် ရှိလဲ၊ ICJ တရားသူကြီးတွေကရော ဘယ်အပေါ်တွေမှာ မူတည် ဆုံးဖြတ်မှာလဲ။

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာတဲ့ ဥပဒေပညာရှင် အငြိမ်းစားပါမောက္ခ ဒေါက်တာ မြင့်ဇံ ကို ဘီဘီစီအကြီးတန်း သတင်းထောက် စောရန်နိုင် က သီးသန့် တွေ့ဆုံမေးမြန်း ထားပါတယ်။

လင့်၊https://www.bbc.com/burmese/institutional-50679893

Tuesday, December 3, 2019

ICJ မှာ မြန်မာဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဘယ်သူလဲ

VOA
03 ဒီဇင်ဘာ၊ 2019 
နိုင်ငံတကာဥပဒေ ပညာရှင် William Schabas  

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ် ချိုး ဖောက်မှု စွဲဆိုထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံ တကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်း လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။

Monday, December 2, 2019

ဒုက္ခသည် ပြန်လည်နေရာချထားရေး ကုလအဖွဲ့အစည်းတွေနဲ့ မြန်မာဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
02 ဒီဇင်ဘာ၊ 2019
ဒုက္ခသည်အရေး ကုလ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ (ဓာတ်ပုံ - MOI, ဒီဇင်ဘာ ၁၊ ၂၀၁၉)

ရခိုင်နဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ ပြန်လည် နေရာချထားရေးအတွက် တနင်္ဂနွေနေ့က အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးနဲ့ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့အတူ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်တွေ ရန်ကုန်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */