Friday, December 6, 2019

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီး ၂ ဦးကို မြန်မာဘက်က လက်လွှဲယူဖို့ စီစဉ်နေ

B B C 

ဘီဘီစီ မြန်မာပိုင်း 
06 ဒီဇင်္ဘာ 2019

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သား၊ သမီး ၂ ဦးကို ထိုင်းကနေ မြန်မာ ဘက်ကို လွှဲပြောင်းပေးဖို့ စီစဉ်နေလို့ ဆို
 
 ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည် သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ဟာ ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ဒီဇင်ဘာ ၆ ရက် (ဒီနေ့) မှာ ထိုင်း အစိုးရရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ဘီဘီစီက မေးကြည့်ရာမှာ " အခုပဲ အဲဒီသတင်း ကြားလို့ စိတ်မကောင်းဖြစ်နေတာ၊ ကိုယ့်သမီး တစ်ယောက် အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့၊ အဲဒီထဲ မြေးလေးနှစ်ယောက်လည်း ပါတယ်" လို့ ဘီဘီစီကို အတည်ပြုပါတယ်။

သူတို့ကို ထိုင်းရဲ ဆီကနေ လက်လွှဲယူဖို့ မြန်မာဘက်က တာဝန်ရှိသူတွေက စီစဉ်နေတယ်လို့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

အခု ဖမ်းခံရသူ စစ်ဦးစီးချုပ်ရဲ့ ဇနီးဖြစ်သူ မဇာဇာ နဲ့ သားသမီးတို့ကို မြန်မာနယ်စပ် မဲဆိုင်မှာ ရဟတ်ယာဉ်နဲ့ သယ်ဆောင် သွားတာတွေ့ပြီး မြန်မာပြည်ကို ပြန်ပို့မယ်လို့ ယူဆရကြောင်း ထိုင်းနိုင်ငံက ရခိုင်အသိုင်း အ ဝိုင်းကလည်း ပြောဆိုပါတယ်။

ဖမ်းဆီးခံရသူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဖမ်းခံရသူ သားသမီးတွေအနက် သမီးဖြစ်သူမှာ စောပြည့်သျှင်မှာ အသက် ၁၁ နှစ်အရွယ်ရှိပြီး သားဖြစ်သူ မှာ အသက် တစ်နှစ်ကျော်ရှိပါတယ်။

  ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ဆယ်ဦးကို လည်း ရက္ခိုင့်တပ်မတော် အေအေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ နဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကိုလည်း ထိုင်းနိုင်ငံကနေ မြန်မာ နိုင်ငံကို ပြန်လာစဉ်မှာပဲ မင်္ဂလာဒုံလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းတရားရုံးမှာ အကြမ်းဖက် ဥပ ဒေနဲ့ တရားစွဲဆိုထားပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ " အန်ကယ် ဘယ်သူ့ဘက်ကမှ မရပ်တည်ဘူး အမှန်တရားဖက်ကပါ ရပ်တည်မယ် ဒါဥပဒေအတိုင်းသွားရမှာပဲ။ အန်ကယ် ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်မယ် ။ အနာဂတ်ကို ဘယ်သူမှ မပိုင်ဘူး " ဟု ဆိုပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ရဲမှူးကြီး မျိုးအောင်က ဒီကိစ္စကို မသိရှိ ရသေး ကြောင်း ပြောဆိုပါတယ်။    
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */