Tuesday, December 3, 2019

ICJ မှာ မြန်မာဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဘယ်သူလဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
03 ဒီဇင်ဘာ၊ 2019 
နိုင်ငံတကာဥပဒေ ပညာရှင် William Schabas  
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ် ချိုး ဖောက်မှု စွဲဆိုထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံ တကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်း လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ရှေ့နေ Schabas ကို ဗွီအိုအေက ဟုတ်-မဟုတ် တိုက်ရိုက် ဆက်သွယ်မေးမြန်း တဲ့ အခါမှာ သူက ငြင်းဆိုခြင်းမရှိပဲ၊ သူ့အနေနဲ့ သတင်းထုတ်ပြန်ရေး အရာရှိတယောက်ကို ခန့်ထားဖို့ရှိနေပြီး လောလော ဆယ်မှာ ဆက်သွယ်နိုင်တဲ့ အချက်အလက်အသေးစိတ်ကို မပေးနိုင် သေးကြောင်းနဲ့ သူတို့ဘက် က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ဗွီအိုအေကို ပြန်လည်ဆက်သွယ်မှာဖြစ်တယ်လို့ အီးမေးလ်ကနေ တုံ့ပြန်ဖြေ ဆိုခဲ့ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု နဲ့ပတ်သက်ရင် ဥပဒေရေးရာမှာ အကျွမ်းကျင်ဆုံး ပညာရှင်တဦးအဖြစ် William Schabas ကို နိုင်ငံတကာက အသိအမှတ် ပြုထားတာဖြစ်ပြီး လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် နိုင်ငံတကာ ဥပဒေချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ခုခံချေပနိုင်သူ ဖြစ်တယ်လို့ လဲ သတ်မှတ်ခံ ရသူ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံသား နိုင်ငံတကာဥပဒေ ပညာရှင် William Schabas ဟာ Montreal တက္ကသိုလ်ကနေ မဟာဥပ ဒေဘွဲ့ကို ရရှိခဲ့တာဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်အများအပြားရဲ့ ဥပဒေဘာသာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေကို ရရှိထားသူဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက်ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စု ရှေ့နေချုပ် ရုံးက ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီ ရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို နိုဝင်ဘာလ (၂၆)ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

ICJ နိုင်ငံတကာတရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဘက် အပြန် အ လှန် လျှောက်လဲှချက်တွေကို အများပြည်သူ ရှေ့မှောက် ကြားနာစစ်ဆေးမှာဖြစ်သလို ဂမ်ဘီယာနိုင် ငံ ဘက်က အမေရိကန်ဥပဒေအကျိုးဆောင်အဖွဲ့ဖြစ်တဲ့ Foley Hoag က လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။ 


 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */