" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, August 31, 2022

ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး ကြိုးပမ်းနေလို NUG ပြော

B B C

ဘီဘီစီမြန်မာပိုင်း
၃၀ သြဂုတ် ၂၀၂၂ 

အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်လာနိုင်ရေး ကြိုးပမ်းနေတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြောလာပါတယ်။ သူတို့နေရပ်ကိုပြန်နိုင်ဖို့ ကောင်းမွန်သင့်တော်တဲ့အစီအစဥ်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း ပြောလာပါတယ်။ လက်ရှိပြည်တွင်းက ဒုက္ခသည်စခန်းတွေထဲမှာနေ နေရသူ ရိုဟင်ဂျာတွေဘက်ကရော NUG ဘက်က ပြောဆိုလာမှုအပေါ် ဘယ်လို သဘောထားပါသလဲ။ ကို ကျော်ဇေယျ က ပြောပါမယ်။


Link : Here

Tuesday, August 30, 2022

အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာများ အိမ်ပြန်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေဟု NUG ကတိပြု

မဇ္စျိမ
ဩဂုတ်လ ၃၀ ရက်

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေကြရသည့် ရိုဟင်ဂျာပြည်သူ ဦးရေ ၁,၀၀၀,၀၀၀ (တစ်သန်းကျော်) အိမ်ပြန် နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NGU) ၏ တာဝန်ရှိပုဂ္ဂိုလ်များက ကတိကဝတ် ပြုပြောဆိုခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများ ကြားတွေ့ဆုံပွဲကို ယ မန်နေ့ ဩဂုတ်လ ၂၉ ရက် ည ၇ နာရီက Online Video စနစ်ဖြင့် ကျင်းပခဲ့သည်။

NUG အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများ အွန်လိုင်းက တွေ့ဆုံ

DVB
Published By DVB | 30 August, 2022

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် ရွှေ့ပြောင်းဒုက္ခသည်ဖြစ်ခဲ့ရပြီး အခု အချိန်ထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေရဆဲဖြစ်တဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတဲ့အကြောင်း NUG အစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG)တို့ အွန်လိုင်းကနေ တွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာကျင်းပရာမှာ အခုလို ပြောဆိုခဲ့တာလို့ NUG က သတင်းထုတ်ပြန်ပါတယ်။

Monday, August 29, 2022

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံ နေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ ရင်းနှီးစွာ တွေ့ဆုံ

National Unity Government of Myanmar
ဩဂုတ် ၂၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာပြည်သူတွေ အကြား ရင်းနှီးစွာတွေ့ဆုံပွဲကို ဩဂုတ် ၂၉ ရက် ည ၇ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။
 
တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ က ရိုဟင်ဂျာပြည်သူတွေနဲ့ ပတ်သက်ပြီး သဘောထားတွေ၊ ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
 

သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.29

သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖမ်းဆီခံထားရသည့် ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ တွေ့ရစဉ် ,ဓါတ်ပုံ -ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ရွာအနီးမှာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၆ ရက်နေ့အထိ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးရမိခဲ့တယ် လို့ ရခိုင်ပြည်နယ် စစ် ကောင် စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။ 

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ မောင်တောမြို့နယ်ကနေ ရန်ကုန်မြို့ကို သွားရောက်အလုပ် လုပ်ကိုင်ဖို့ ထွက် လာကြတာဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့က လေပြင်းမုန်တိုင်းကြောင့် စက်လှေ ပျက်စီးသွားတဲ့အတွက် ကမ်း ခြေအနီးက တောထဲမှာ ပုန်းနေချိန် ဖမ်းမိတာလို့ ဆိုပါတယ်။


ဘဝရှေ့ရေးမရောတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဗွီအိုအေ ( မြန်မာဌာန )
၂၉ သြဂုတ်၊ ၂၀၂၂
အလိမ္မာ

၂၀၁၇ ခုနှစ် ရိုဟင်ဂျာပဋိပက္ခဖြစ်ပြီးတဲ့နောက် ၅နှစ်အကြာ နိုင်ငံကထွက်ပြေးကြရတဲ့ရိုဟင်ဂျာတွေရဲ့ဘဝဟာ အ ခုအချိန်မထိ မရေမရာဖြစ်နေဆဲပါ။ ပိုပြီး လုံခြုံဘေးကင်းတဲ့နေရာရောက်ဖို့ ကြိုးစားကြရင် အသက်ဆုံးရှုံး ရမှု တွေ လည်း ရှိနေဆဲပါ။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး အလိမ္မာပြောပြပါမယ်။

 

Link : Here

Saturday, August 27, 2022

မောင်တောမှာ စစ်ကောင်စီနဲ့ ‌အေအေတို့ တိုက်ပွဲပြင်းထန် နေ ‌ဒေသခံတွေ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ် ရာ ပြေးရ

B B C

ဘီဘီစီမြန်မာပိုင်း
2022.08.27  
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းနဲ့ ခမောင်းဆိပ် တို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ် တော် AA တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ‌ဒေသခံတွေ ဘေးလွတ်ရာဘက်တွေကို ‌တိမ်းရှောင်နေကြရပါ တယ်။

မနေ့က သြဂုတ်လ ၂၆ ရက်နေ့နေ့လယ်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ကို စတင် တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဒီနေ့ မနက် အစောပိုင်း ၂နာရီလောက်မှာလည်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေပြီး အရုဏ်မတက်ခင် ၅ နာရီ လောက်မှာမှ လက်နက်ကြီးသံတွေ ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ဖမ်းဆီးခံ ရိုဟင်ဂျာများ စားသောက်ရေး မြို့ခံ ဗလီများ တာ ဝန်ယူရ

မဇ္စျိမ
သတင်းနှင့် မီဒီယာ ကွန်ရက်
27 August 2022
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ ၅၁ ဦး စားသောက်ရေးအတွက် မြို့ခံဗလီများကို စစ်ကောင်စီက တာဝန်ယူခိုင်းထားသည်ဟု သိရ သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၂၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသား ၂၅ ဦးအတွက် နံနက်၊ ညနေ အစားအသောက်အတွက် မြို့ခံဗလီများကို တာဝန်ယူခိုင်းထားခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့က မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်အလားအလာ

VOA
ဗွီအိုအေမြန်မာပိုင်း
၂၆ သြဂုတ်၊ ၂၀၂၂
သိန်းထိုက်ဦး

ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စကို ဖြေရှင်းရာမှာ ရိုဟင်ဂျာမူဆလင်တွေရဲ့အမျိုးသားရေးလက္ခဏာနဲ့ သမိုင်းကြောင်း အရ တည်ရှိမှုကို လက်ခံဖို့လိုတဲ့အကြောင်း မနေ့ကညထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်းမှာ ကျင်းပ တဲ့ရိုဂျင်ဂျာအရေး ဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦးဘန်ကောက်ကနေ သတင်းပေးပို့ ထား ပါတယ်။

Link : Here

မောင်တောနယ် ခမောင်းဆိပ်မြို့ဗျူဟာကုန်းကို AA ဝင်တိုက်

Myanmar Now
နန်းဦးနွေ
Published on Aug 27, 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသတွင်း စစ်ကြောင်း ထိုး နေရာ ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ခေါ်ထားသည်ဟု သိရသည်။ 

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-Arakan Army Info)


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သြဂုတ် ၂၆ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်ရဲနှင့် စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားသည့် ခမောင်းဆိပ်ဗျူဟာ ကို ဝင်တိုက်ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးလာသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်အတွက် နိုင်ငံတကာ ရဲ့ ထုတ်ပြန်ချက်တွေကို စစ်ကောင်စီရှုတ်ချ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.27

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: MUNIR UZ ZAMAN / AFP


၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ နှစ်ပတ်လည်နေ့ အတွက် ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံတချို့နဲ့ အဖွဲ့အစည်းတချို့က ထုတ်ပြန်တဲ့ ကြေ ညာချက်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချငြင်းဆိုတယ်လို့ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။

Thursday, August 25, 2022

ရိုဟင်ဂျာ ပဋိပက္ခ ၅ နှစ်ကျော်ကြာ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးဘူး။

VOA
ဗွီအိုအေမြန်မာပိုင်း
၂၅ သြဂုတ် ၂၀၂၂
မောင်တောမြို့အပြင်ဘက်ရှိ ရိုဟင်ဂျာကျေးရွာမြင်ကွင်း။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာ မူဆလင်များ အခြားနိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး အချို့မှာ ပြည်တွင်း ဒုက္ခသည် စခန်းများတွင် ၅ နှစ်ကြာ နေထိုင်နေကြရသည်။ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေအပြင် ရက္ခိုင့် လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ် တပ်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုက္ခသည်များသည် စခန်းများတွင် စားနပ်ရိက္ခာပြဿနာများ ပိုမိုကြုံတွေ့နေရသည်ဟု ဆိုသည်။ ရန်ကုန်သတင်းကို ကိုသောင်းက တင်ဆက်ထားပါတယ်။

ရိုဟင်ဂျာအရေး တရားမျှတမှုရဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အလေးပေးပြောကြား

VOA
ဗွီအိုအေမြန်မာဌာန
၂၅ သြဂုတ်လ ၂၀၂၂
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ရိုဟင်ဂျာတွေ အစုအပြုံလိုက် ထွက်ပြေးကြရတဲ့ဖြစ်ရပ် ၅ နှစ်မြောက်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂအကြီးအကဲတွေက ပြောဆိုလိုက်ကြပါတယ်။

ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြရတဲ့ ငါးနှစ်မြောက်ကာလကို အမှတ်ရပြီး နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သူ့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ ရေးပါတယ်။

မြန်မာနိုင်ငံဆီ ရိုဟင်ဂျာ ဒုက္ခသည်များ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် အီးယူ တိုက်တွန်း

မဇ္စျိမ
25 August 2022

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် ဥရောပသမဂ္ဂ အီးယူက ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုပြီး ရိုဟင်ဂျာများ မြန်မာနိုင်ငံဆီ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် တိုက်တွန်းပြောဆိုသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသားနှင့် ကလေးငယ် ၇၅၀,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးခဲ့ကြသည့် ငါးနှစ်မြောက် ပူးတွဲထုတ်ပြန်ချက်၌ အီးယူ နိုင်ငံခြားမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်နှင့် အခြားသော ကော်မရှင်နာများက ရိုဟင်ဂျာများကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားအများအပေါ် လူ့အခွင့် အရေးချိုးဖောက်မှု ရပ်တန့်ရန် အီးယူနှင့် ၅ နိုင်ငံ ပူးပေါင်းတိုက်တွန်း

DVB
25 August, 2022
Photo- UNOCHA/David Dare Parker : Rohingya refugees flee to Cox's Bazar, Bangladesh

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေ ဆယ်စုနှစ်ပေါင်းများစွာ တွေ့ကြုံခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင် စစ်အစိုးရနဲ့ သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ အီးယူနဲ့ တခြားနိုင်ငံ ၅ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထိုးနှက် တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ပဋိ ပက္ခဖြစ်မှု ၅ နှစ်မြောက်အဖြစ် ဒီကနေ့ ဩဂုတ် ၂၅ ရက်နေ့မှာ ဥရောပသမဂ္ဂ ကိုယ်စားအထူးကိုယ်စားလှယ်နဲ့ ဩစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲသဘောထားထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

မြန်မာစစ်တပ်ကို အရေးယူဖို့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန် မှု ငါးနှစ်ပြည့်မှာ နိုင်ငံတကာအဖွဲ့တွေတောင်းဆို

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
ခက်မာ (ဝါရှင်တန်ဒီစီ)
2022.08.24

ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များအား ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ်လထဲမှာ မြန်မာစစ်တပ်က အကြမ်းဖက်နယ်မြေရှင်းလင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာ ခုနစ်သိန်းခွဲကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရတာ အခုဆိုရင် ငါးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၉၀၀၀ ကျော် အသတ်ခံခဲ့ရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကင်က ၂၀၂၂ ခုနှစ် မတ်လထဲမှာ ပြောခဲ့ပါတယ်။

" ဒီနေ့ဆိုရင် မြန်မာစစ်တပ်က တစ်နိုင်ငံလုံးကို ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ဒီစစ်တပ်ဟာ ကင်းလွတ်ခွင့် ခံစားနေရတယ်"

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ရက်ရက် စက်စက် ကျူးလွန်ခဲ့မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ သောင်တင်နေတာ ၅ နှစ်ကြာလာ

NHK World Japan 
2022.08.25

ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတာ ၅ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ရဲ နဲ့ စစ်တပ် စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်က ကြီးမားတဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသူ အများစုဟာ အဲဒီက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

ငါးနှစ်တာ ရိုဟင်ဂျာအကျပ်အတည်းအရေး

VOA
ဗွီအိုအေမြန်မာပိုင်း
၂၄ သြဂုတ်၂၀၂၂
င်‌မောင်သန်း 

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မှာ အာဆာတပ်တွေ က ရခိုင်မြောက်ပိုင်း က ရဲစခန်းတွေ ကို တိုက်ခိုက်ခဲ့ရာ က ရိုဟင်ဂျာတွေ သိန်းချီ ထွက်ပြေးခဲ့ကြရပါတယ်။ အေအက်ဖ်ပီ သတင်းဌာန သတင်း အပေါ် အခြေခံပြီး ရိုဟင်ဂျာ အရေး ၅ နှစ်တာ ခရီး အကျဉ်း ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

Link : Here

ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဆောင်ရွက်ကြဖို့ အရပ်ဘက် ၃၈၄ ဖွဲ့ တိုက်တွန်း

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.25
Ukhia ရှိ Jamtoli ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်များ၊ မတ်လ (၂၂)ရက်နေ့မှာ တွေ့တယ်။ AFP ဓာတ်ပုံ

လူမျိုးတုံးသတ်ဖြတ်မှု ပဉ္စမနှစ်မြောက် ဩဂုတ်လ ၂၅ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်း ၃၈၄ ဖွဲ့က ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုတွင် တရားမျှတမှုရှိရန် တောင်းဆိုသည့် ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အာဏာသိမ်းစစ်တပ်က ရွာတွေကို မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအရေး ၅ နှစ်ကြာသည့်တိုင် မျှတမှုနဲ့ လွတ်လပ်မှု ရှာဖွေပေးဖို့ နိုင်ငံတကာ ပျက်ကွက်နေ

 B B C

ဘီဘီစီမြန်မာပိုင်း
၂၄ သြဂုတ် ၂၀၂၂
ပညာရေးမှာ အလှူရှင်တွေ ပိုမို အာရုံစိုက် ကူညီကြဖို့ UNHCR တိုက်တွန်း

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းကျော် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတာ အခုသီတင်းပတ်ထဲမှာ ဆိုရင် ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင် နှစ်တွေ ကတည်းက ထွက်ပြေး နှင့်ခဲ့ရပြီး သူတွေနဲ့ပါဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သန်းနဲ့ချီပြီး သောင်တင်နေရတဲ့ ရိုဟင်ဂျာ အရေးဟာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့ UNHCR ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်အရ "မဖြေရှင်းနိုင် ထွက်ပေါက်မရှိ ကြန့်ကြာနေရဆဲ အခြေအနေ - protracted situation" အဖြစ် တရားဝင် အဓိပ္ပာယ် သတ်မှတ် နိုင်ပြီ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အနည်းဆုံး နှစ်သိန်းငါးသောင်းဟာ တိုင်းပြည် ပြင်ပမှာ ၅ နှစ်ကျော် ဆက်တိုက် နေထိုင်ရဆဲ အခြေအနေကို protracted situation အဖြစ် UNHCR က သတ်မှတ်တာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */