" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 27, 2022

မောင်တောနယ် ခမောင်းဆိပ်မြို့ဗျူဟာကုန်းကို AA ဝင်တိုက်

Myanmar Now
နန်းဦးနွေ
Published on Aug 27, 2022

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဒေသတွင်း စစ်ကြောင်း ထိုး နေရာ ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ခေါ်ထားသည်ဟု သိရသည်။ 

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-Arakan Army Info)


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သြဂုတ် ၂၆ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်ရဲနှင့် စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားသည့် ခမောင်းဆိပ်ဗျူဟာ ကို ဝင်တိုက်ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးလာသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


တိုက်ပွဲကြောင့် ခမောင်းဆိပ် ဘုန်းတော်ကြီး‌ကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ထိုကျောင်းမှကျောင်း သား/သူများနှင့် ဒေသခံများသည် အနီးနားရှိ သစ်တုံးနားခွဆုံရွာနှင့် ရေနောက်ငါးသားကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု သူက ဆက်ပြောသည်။

“ပြေးလားတဲ့အချိန်မှာ ကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစားလောက်ပဲ ပါတယ်။ ကျန်တာ ဘာမှ မယူခဲ့ရဘူး။ အားလုံး ထားခဲ့ရတာ။ ခမောင်းဆိပ်မှာက မြိုနဲ့ ဒိုင်နက်လူမျိုးတွေ အများစုနေကြတာ။ အခု မြိုလူမျိုးတွေက သစ်တုံးနားခွဆုံမှာ၊ ကျွန်တော်တို့ ဒိုင်းနက်လူမျိုးတွေက ရေနောက်ငါးသားရွာကို ပြေးလာကြရတယ်” ဟု သူက ပြောသည်။

“ခမောင်းဆိပ်ဗျူဟာကို AA က ဝင်တိုက်နေတာလို့ သိရတယ်။ ပထမတော့ လက်နက်ကြီးအသံတွေ တော်တော် ကြားလိုက်ရတယ်။ ကျွန်တော်တို့နဲ့က နီးနီးကပ်ကပ်ပါ အဲဒီဗျူဟာနဲ့ အနီးကပ်ဖြစ်တာဆိုတော့ အခုအဲဒီခမောင်း ဆိပ်မှာ ဘယ်သူမှ မရှိတော့ဘူး။ အားလုံး ပြေးကုန်ပါပြီ”

တိုက်ပွဲကြောင့် ခမောင်းဆိပ်မြို့မှ ဒေသခံ ၂၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရခြင်းဖြစ်ပြီး အခြေအနေမှာ ဆက်လက် တင်း မာနေဆဲဖြစ်သည်ဟု သိရသည်။

အလားတူ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် မင်းခမောင်းကျေးရွာအနီး ယနေ့ ညနေ ၆ နာရီခန့် တွင် ရောက်ရှိလာကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ခမောင်းဆိပ်မှာက တစ်နာရီနီးပါးလောက်ပဲ ဖြစ်ခဲ့ကြတာ။ အခုက ငြိမ်သွားပါပြီ။ နန်းရာကိုင်းရွာဘက်မှာရှိတဲ့ စစ်ကြောင်းက အခု အဲဒီဘက်ကို သွားနေတယ်လို့ သိရတယ်။ မင်းခမောင်းရွာနားက လမ်းမပေါ်မှာ ဟိုပစ်ဒီပစ် လုပ်နေတယ်လို့ သိရတယ်” ဟု သူက ယနေ့ ညနေပိုင်း ၆ နာရီခန့်က ပြောသည်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */