" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, August 25, 2022

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်မှာ သောင်တင်နေတာ ၅ နှစ်ကြာလာ

NHK World Japan 
2022.08.25

ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်တွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတာ ၅ နှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ရဲ နဲ့ စစ်တပ် စခန်းတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်က ကြီးမားတဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသူ အများစုဟာ အဲဒီက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ UNHCR က ဇူလိုင်လ အနှောင်းပိုင်းအချိန်မှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ ခသည်စခန်း ၃၃ ခုမှာ ရိုဟင်ဂျာ ဒုက္ခသည် ၉၃၆,၀၀၀ ကျော် နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကို စစ်တပ်က ဆက်လက် ဖြိုခွင်းနေတာကြောင့် လူ့အခွင့်အရေး အနေအထားတွေ ပိုပြီးယိုယွင်းနေပါတယ်။

ဘေးကင်းလုံခြုံမှုကို အာမခံမပေးတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ဖို့ မျှော်လင့်ချက်နည်း နေပါတယ်။

UNHCR က အင်္ဂါနေ့က ပြောရာမှာ သူတို့တောင်းဆိုထားတဲ့ ရန်ပုံငွေရဲ့ ၄၉ ရာခိုင်နှုန်းပဲ လက်ခံရရှိသေးပြီး လှူ ဒါန်းကြဖို့ တောင်းဆိုထားတဲ့ပမာဏရဲ့ တစ်ဝက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာရဲ့ စိတ်ပါဝင်စားမှုဟာ ယူကရိန်းက အနေအထားတွေဆီ အာရုံစိုက်နေပြီး ရန်ပုံငွေတွေ ဆက်လက် မလုံမလောက် ဖြစ်နေတာကြောင့် UNHCR ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထောက်ပံ့ရေးမှာ အခက်တွေ့နေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */