" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 27, 2022

မောင်တောမှာ စစ်ကောင်စီနဲ့ ‌အေအေတို့ တိုက်ပွဲပြင်းထန် နေ ‌ဒေသခံတွေ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ် ရာ ပြေးရ

B B C

ဘီဘီစီမြန်မာပိုင်း
2022.08.27  
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းခမောင်းနဲ့ ခမောင်းဆိပ် တို့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ် တော် AA တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ‌ဒေသခံတွေ ဘေးလွတ်ရာဘက်တွေကို ‌တိမ်းရှောင်နေကြရပါ တယ်။

မနေ့က သြဂုတ်လ ၂၆ ရက်နေ့နေ့လယ်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ကို စတင် တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဒီနေ့ မနက် အစောပိုင်း ၂နာရီလောက်မှာလည်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေပြီး အရုဏ်မတက်ခင် ၅ နာရီ လောက်မှာမှ လက်နက်ကြီးသံတွေ ငြိမ်သွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

 

ပြေးလွှား‌တိမ်းရှောင်နေရသူ မင်းခမောင်း ဒေသခံတစ်ဦး ပြောပြတာက " ကျွန်တ်ောတို့ က ဆိုင်ဖွင့်ထားတာ။ ဆိုင်မှာပဲ မနေ့က နေ့လယ် ၂ နာရီလောက် ထမင်းစားပြီးချိန် ခဏလေး နားနေတုန်း တအုံးအုံးနဲ့ လက်နက်ကြီး သံတွေ စကြားရတာ။ လန့်ပြီး အကုန်ထွက်ပြေးကြတာ၊ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲ။ ဆိုင်တောင် မပိတ်ခဲ့ရ ဘူး။ ဒီတိုင်းပစ်ထားခဲ့ရတာ။ ပစ္စည်းတွေ နှမြောပေမဲ့ ကိုယ်မှမသွားရဲတာ" လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ရွာတွေမှာဒေသခံတွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့လည်း ဒေ သ ခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာကြောင့် ပိတ်မိသူတချို့လည်းရှိတယ်လို့သတင်းတွေ လည်း ထွက် ပေါ်နေပါတယ်။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ် ကောင် စီဘက်က လမ်းကြောင်းပိတ်ဆို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ အခုတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော အေအေဘက်ကပါ သတင်းမထုတ်ပြန်သေးပါဘူး။

Link: Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */