" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 29, 2022

သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန၊ သတင်းများ
2022.08.29

သံတွဲမြို့နယ်မှာ ရိုဟင်ဂျာ ၅၀ ကျော် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ဖမ်းဆီခံထားရသည့် ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ တွေ့ရစဉ် ,ဓါတ်ပုံ -ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ မှိုဟင်းပြင်ရွာအနီးမှာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၆ ရက်နေ့အထိ ရိုဟင်ဂျာ အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၅၃ ဦး ဖမ်းဆီးရမိခဲ့တယ် လို့ ရခိုင်ပြည်နယ် စစ် ကောင် စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။ 

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေဟာ မောင်တောမြို့နယ်ကနေ ရန်ကုန်မြို့ကို သွားရောက်အလုပ် လုပ်ကိုင်ဖို့ ထွက် လာကြတာဖြစ်ပြီး ဩဂုတ်လ ၁၆ ရက်နေ့က လေပြင်းမုန်တိုင်းကြောင့် စက်လှေ ပျက်စီးသွားတဲ့အတွက် ကမ်း ခြေအနီးက တောထဲမှာ ပုန်းနေချိန် ဖမ်းမိတာလို့ ဆိုပါတယ်။


အဲဒီအထဲက ၂၈ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့မှာ ဂေါ့ရပ်ကွက်အနီး တောင်ပေါ်ကနေ ဖမ်းမိ ခဲ့တာဖြစ်ပြီး ကျန် တဲ့သူတွေကိုတော့ ဩဂုတ်လ ၂၃ ရက်နေ့နဲ့ ၂၆ ရက်တွေမှာ ဖမ်းမိခဲ့တာ လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်

ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် ထွက်ပေါက်ရှာတဲ့ အ နေ နဲ့ ရန်ကုန်၊ ဧရာဝတီ စတဲ့မြို့ကြီးတွေနဲ့ မလေးရှားနိုင်ငံတို့ကို သွားကြတာဖြစ်ပြီး အခုလိုသွားဖို့အတွက် ပွဲစား နဲ့တစ်ဆင့် အနည်းဆုံး ငွေကျပ် ၃၅ သိန်း ပေးရပါတယ်။

အခုလက်ရှိ ဖမ်းဆီးရမိသူတွေကို လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေပြီး ပို့ ဆောင်ပေးသူတွေကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ရခိုင်နေ့စဉ်မှာ ဖော်ပြထားပါတယ်။

စားဝတ်နေရေးအခက်အခဲကြောင့် အခုလိုပြောင်းရွှေ့ သွားနေရသူတွေကို စစ်ကောင်စီဘက်က အခုလို ဖမ်းဆီး တရားစွဲတာတွေ မလုပ်သင့်ဘူးလို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ဖြေဆိုထားပါတယ်။
 

ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဩဂုတ်လအ ထိ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ခုနစ်ရာနီးပါးအထိ ရှိသွားပြီဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။


Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */