" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, August 27, 2022

ဖမ်းဆီးခံ ရိုဟင်ဂျာများ စားသောက်ရေး မြို့ခံ ဗလီများ တာ ဝန်ယူရ

မဇ္စျိမ
သတင်းနှင့် မီဒီယာ ကွန်ရက်
27 August 2022
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ ၅၁ ဦး စားသောက်ရေးအတွက် မြို့ခံဗလီများကို စစ်ကောင်စီက တာဝန်ယူခိုင်းထားသည်ဟု သိရ သည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၂၃ ဦး၊ ကလေးငယ် ၃ ဦး၊ အမျိုးသား ၂၅ ဦးအတွက် နံနက်၊ ညနေ အစားအသောက်အတွက် မြို့ခံဗလီများကို တာဝန်ယူခိုင်းထားခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့က မူဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။


“မြို့နယ် စကစ အဖွဲ့ကရော စစ်တပ်ကရော သူတို့မှာ ကျွေးထားဖို့ ငွေမရှိဘူး။ ဗလီက ကျွေးပေးပါ ပြောတယ်။ ဗလီလူကြီးတွေကလည်း ဒုက္ခရောက်လာသူတွေ ဆိုတော့ ကျွေးပေးပါတယ်။ အဝတ်အထည်တွေလည်း လှူကြ တယ်” ဟု ဝါးခယ်မြို့ခံ မူဆလင်လူငယ်တစ်ဦး က ပြောသည်။

ရိုဟင်ဂျာ ကလေးငယ် သုံးဦး၊ အမျိုးသမီး ၂၃ ဦး၊ အမျိုးသား ၂၅ ဦး တို့အတွက် နံနက်၊ ညနေ ကျွေးမွေး စရိတ် နေ့စဉ် ကျပ် တစ်သိန်းနှစ်သောင်းကုန်ကျပြီး ဝါးခယ်မမြို့ပေါ်ရှိ ဗလီ နှစ်ခုက တာဝန်ယူပေးထားရသည်ဟု ဗလီ အကျိုးတော်ဆောင်အဖွဲ့ဝင်များ ပြောသည်။

ဝါးခယ်မမြို့ပေါ်ရှိ ဗလီ နှစ်ခု အဆိုပါ ရိုဟင်ဂျာ ၅၁ ဦး၏ စားရေးသောက်ရေးအတွက် သြဂုတ်လ ၂၃ ရက်နေ့ က စတင်၍ တာဝန်ယူ ကျွေးမွေးထားရခြင်း ဖြစ်သည်ဟု ဗလီ အကျိုးဆောင်အဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိ ရသည်။

အဆိုပါ ရိုဟင်ဂျာ ၅၁ ဦးသည် သြဂုတ်လ ၂၂ ရက်နေ့က ဝါးခယ်မမြစ် ဆော်ကဲတံတား အလွန် သရွတ်မြိုက်ဝဲ အနီးတွင် စက်ပျက်နေသော စက်လှေတစ်စီးပေါ်မှ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ် သည် ဟု ရဲတပ်ဖွဲ့၏ ကနဦး သတင်းအရ သိရသည်။

ဒေသခံ မူဆလင်လူမှုရေးအဖွဲ့ဝင် တစ်ဦးက “ဘူးသီးတောင်-မောင်းတော ဘက်က လာကြတဲ့ သူတွေပါ။ ရခိုင် မှာ က နေထိုင်စားသောက် ရတာခက်ခဲလို့ ဒီဘက်ကို လာကြတာ။ စက်လှေပျက်တော့ စက်လှေသမားတွေက ထွက် ပြေးသွားတယ်” ဟု ပြောသည်။

စက်လှေဖြင့် လိုက်ပါလာကြသည့် ရိုဟင်ဂျာ ၆၁ ဦး ဖြစ်ပြီး၊ စက်လှေပျက်နေစဥ် ရိုဟင်ဂျာ အမျိုးသား ၁၀ ဦးနှင့် စက်လှေသမား ၄ ဦးတို့ ထွက်ပြေးသွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့ဝင် အချို့၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ရိုဟင်ဂျာ ၅၁ ဦးကို ဝါးခယ်မ မြို့မရဲစခန်းဟောင်း ဝင်းအတွင်းရှိ အ ဆောက် အဦ ဟောင်းတစ်ခုတွင် ဖမ်းဆီးချုပ်နှောင်ထားသည် ဟု ဒေသခံ မူဆလင် အသိုင်းအဝိုင်းထံမှ သိရ သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */