" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, February 22, 2022

ရိုဟင်ဂျာစခန်းတွင် ဆယ်ကျော်သက် နှစ်ဦး ပစ်သတ်ခံရ

UKIYA NEWS
Ukhia (Cox's Bazar) Representative
Published: Monday, February 21, 2022, 3:36 p.m.

  Ukhia ရှိ ရိုဟင်ဂျာ စခန်းတစ်ခုတွင် ယာဘ ဖြန့်ဖြူးမှု ဖြစ်စဉ်ကို တွေ့မြင်ရပြီးနောက် ရိုဟင်ဂျာ ဆယ်ကျော် သက် နှစ်ဦးကို အကြမ်းဖက် သမားများက ပစ်သတ်ခဲ့သည်။ ပြင်းထန်သော ဒဏ်ရာများဖြင့် ဆယ်ကျော်သက် နှစ်ဦးအား ကော့ဘဇားခရိုင် ဆာဒါဆေးရုံသို့ ပို့ဆောင်ထားသည်။ ဒီအဖြစ်အပျက်ဟာ Ukhia မှာရှိတဲ့ Kutupalong 1 / East Lambasia ရိုဟင်ဂျာစခန်းမှာ တနင်္ဂနွေနေ့ ညနေ ၄ နာရီ ၃၀ လောက်က ဖြစ်ခဲ့တာပါ။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဖေဖော်ဝါရီ ၂၀၂၂

မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ
[ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ မှာ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
21 ဖေဖော်ဝါရီ 2022


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေမှာ နောက်ထပ်ကြားနာမှု စတင်

[ Unicode ]
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ကြားနာ နေတာ ဖြစ်ပါတယ်။

အိုင်စီဂျေအမှုလျှောက်လဲတဲ့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဆန္ဒပြခံရ

 B B C 

ဘီဘီစီမြန်မာပိုင်း
၂၁ ရက် ဖေဖေါ်ဝါရီလ ၂၀၂၂

 [ Unicode ]

နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)ကို လာတဲ့စစ်ကောင်စီ ကိုယ် စား လှယ်တွေကို ပြည်ပရောက်မြန်မာတွေက ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ဂမ်ဘီယာနိုင်ငံက မြန် မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် ကနဦး ကန့်ကွက်မှု အတွက် လျှောက်လဲဖို့ စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရားရေးရာဝန်ကြီး ဒေါ်သီတာဦးတို့ တရားရုံးကို လာရောက်ချိန် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
 

ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင် စား မှုအမျိုးမျိုး

VOA
ဗွီအိုအေမြန်မာပိုင်း
21 ဖေဖော်ဝါရီ၊ 2022
စုမြတ်မွန်

၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ICJ မှာ လာရောက်လျှောက်လဲချက်ပေးစဉ်က ထောက်ခံသူများကို တွေ့ရစဉ်။ (ယခင်ပုံဟောင်း)ICJ

[[Unicode]]

ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင်စားမှုအမျိုးမျိုး


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို Netherlands နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာ တရားရုံးမှာ အခုအသံလွှင့်နေချိန်မှာ ကြားနာစစ်ဆေး နေပါတယ်။ ဒီအမှုအတွက် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဘက်က ဦး ဆောင်သွားရောက် ချေပခဲ့တုန်းက မြန်မာပြည်သူအများစု သူ့ဘက်က ရပ်တည်အားပေးခဲ့ကြပါတယ်။ အခုတ ခေါက် အမှုပြန်လည်စတင်ကြားနာမှုအပေါ်မှာရော ပြည်သူတွေရဲ့စိတ်ဝင်စားမှု ဘယ်လောက်ထိရှိ နေ ပါလဲ။ ရန်ကုန်က စုစည်းပေးပို့လာသမျှကို မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။

ICJ စီရင်ပိုင်ခွင့် မြန်မာကန့်ကွက်မှုအပေါ် ပညာရှင်တဦး အမြင်

VOA
ဗွီအိုအေမြန်မာပိုင်း
မအင်ကြင်းနိုင်
22 ဖေဖော်ဝါရီ၊ 2022

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ခုခံချေပချက်တွေဟာ အရင် ICJ တရား သူ ကြီးတွေ ပယ်ချခဲ့တဲ့ အချက်တွေနဲ့ ကွာခြားမှုမရှိတဲ့အတွက် ဒီတကြိမ်မှာလည်း မြန်မာဘက်က အားသာဖို့မရှိဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

Link : Here

ICJ စီရင်ပိုင်ခွင့် မြန်မာကန့်ကွက်မှုအပေါ် ပညာရှင်တဦး အမြင်

VOA
ဗွီအိုအေမြန်မာပိုင်း
အင်ကြင်းနိုင်
22 ဖေဖော်ဝါရီ၊ 2022  
 Michael Becker
 [ Unicode ]

ICJ စီရင်ပိုင်ခွင့် မြန်မာကန့်ကွက်မှုအပေါ် ပညာရှင်တဦးအမြင်

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ခုခံချေပချက်တွေဟာ အရင် ICJ တရား သူကြီးတွေ ပယ်ချခဲ့တဲ့ အချက်တွေနဲ့ ကွာခြားမှုမရှိတဲ့အတွက် ဒီတကြိမ်မှာလည်း မြန်မာဘက်က အားသာ ဖို့ မရှိဘူးလို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။

ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ၂၀၁၉ ခုနှစ်က စွဲဆိုထားတဲ့ ဂျီနိုဆိုက် လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲ ချက်ကို တရားရုံးအနေနဲ့ လက်ခံဖို့ သင့်မသင့် မနေ့က ICJ တရားရုံးမှာ ကြားနာပွဲပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ သုံးသပ်ချက် အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

Monday, February 21, 2022

ဂမ်ဘီယာစွဲဆိုမှု ICJ မှာ ကြားနာပိ်ုင်ခွင့်မရှိဟု စစ်ကောင် စီ ချေပ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
21 ဖေဖော်ဝါရီ၊ 2022
Ko Ko Hlaing at ICJ hearing

[ Unicode:]
 
မြန်မာနိ်ုင်ငံနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာဘက်က စွပ်စွဲတင်ပြလာချက်တွေကို ကြားနာ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ICJ တရားရုံးမှာ ဒီကနေ့ လျှောက်
ထားပါတယ်။ ဒါပေမယ့် တဘက်မှာတော့ မြန်မာနိ်ုင်ငံအနောက်ခြမ်းကပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနို
င်ဖို့ ပိုင်းဖြတ် ကြိုးစားနေတယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ICJ ရိုဟင်ဂျာအမှု နိုင်ငံကိုယ်စားပြုဖို့ စစ်ကောင် စီ မဖြေ ရှင်း နိုင်ဟု NUG ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဖေဖော်ဝါရီ၊
   
Zin Mar Aung on ICJ Presser
[[Unicode]]

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရိုဟင်ဂျာအမှုရင်ဆိုင်နေရာမှာ မြန်မာစစ်ကောင်စီက နိုင်ငံကိုယ်စားပြုပါဝင် နေမှုကို လက်မခံနိုင်ဘူးလို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ စစ်ကောင်စီကမြန် မာနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

မြန်မာရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ် ဖြတ်မှုစွပ်စွဲချက်အမှုကို အိုင်စီဂျေမှာ ဒီနေ့ ပြန်လည်ကြားနာ မယ်

 B B C

ဘီဘီစီမြန်မာပိုင်း
၂၁ရက် ဖေဖေါ်ဝါရီလ ၂၀၂၂
Getty ImagesCopyright: Getty Imagesသယ်ဟိတ်မြို့က အိုင်စီဂျေ တရားခွင်(ပုံဟောင်း)Image caption: သယ်ဟိတ်မြို့က အိုင်စီဂျေ တရားခွင်(ပုံဟောင်း)

Unicode:
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာပြည်ရင်ဆိုင်နေရတဲ့အမှုကို သယ်ဟိတ် မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICJ)မှာ နောက်တစ်ကြိမ် ကြားနာမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ပြုလုပ်ဖို့ရှိနေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယားနိုင်ငံ က တရားစွဲတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့ အ တွက် အဲဒီကန့်ကွက်မှုတွေနဲ့စပ်လျဉ်းပြီး ICJ က ကြားနာသွားမှာဖြစ်ပါတယ်။

Saturday, January 8, 2022

ရိုဟင်ဂျာအမည်အသုံးပြုမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-07 

IOM အဖွဲ့က Rohingya Cultural Memory Centre အမည်ဖြင့် ဖွင့်လှစ်ထားသော အင်တာနက် ဝက်ဘ် ဆိုက် စာမျက်နှာ။
Photo: IOM


ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ IOM ကနေ ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Friday, December 31, 2021

အင်ဒိုနီးရှား ပင်လယ်ပြင်က ရိုဟင်ဂျာ ၁၂၀ ကမ်းကပ်ခွင့်ရ

VOA
31 ဒီဇင်ဘာ၊ 2021

အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ်ကမ်းလွန်မှာ လှေပျက်သောင်တင်နေတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်အတွက် အင်ဒိုအစိုးရက စားနပ်ရိက္ခာပို့ပေးရန်ဆောင်ရွက်နေစဉ်။ (၁၂-၂၈-၂၀၂၁)

အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း Aceh ပြည်နယ် Bireuen ကမ်းရိုးတန်းကနေ မိုင် ၅၀ ကျော်အကွာ ပင်လယ် ပြင်မှာ ရက်အတော်ကြာ မျောနေတဲ့ ရိုဟင်ဂျာ ၁၂၀ ကြာသပတေးနေ့ နောက်ပိုင်းမှာပဲ ကမ်းပေါ်ရောက်လာကြပါပြီ။ ရေဝင်ပြီး၊ အင်ဂျင်စက်လည်း ပျက်နေတဲ့ စက်လှေကို အင်ဒိုနီးရှားရေတပ်သင်္ဘောနဲ့ Krueng Geukueh ဆိပ် ကမ်းကို ဆွဲလာတာလို့လည်း အင်ဒိုနီးရှားရေတပ် ပြောခွင့်ရ ဗိုလ်မှူးကြီး La Ode M. Holib က ပြောပါတယ်။

ရာသီဥတုဆိုးဝါးပြီး လှိုင်းကြီးနေတာကြောင့် ရိုဟင်ဂျာလှေ တိမ်းမှောက်မသွားအောင် ရေတပ်သင်္ဘောဟာ တနာရီ ရေမိုင် ၆ မိုင်လောက်နဲ့ မောင်းနှင်ခဲ့ရပြီး သန်းကောင်အချိန်လောက်မှာ ကမ်းကပ်နိုငခဲ့တယ်လို့လည်း ပြောပါတယ်။ မိုးသည်းထန်နေတာကြောင့် ဒုက္ခသည်တွေကို ဆိပ်ကမ်းကနေ အနားက ကုန်လှောင်ရုံထဲ ဘတ်စကားတွေနဲ့ ခေါ် ဆောင်လာပြီး ယာယီနားခိုဖို့ စီစဉ်ပေးခဲ့ကြောင်းနဲ့ ကိုဗစ်ရောဂါပိုး ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ကတော့ ဒီဒုက္ခသည်တွေ အတွက် ကိုဗစ်ပိုးကူးစက်မှုမရှိစေဖို့ quarantine လုပ်တဲ့အစီစဉ် လုပ်ပေးတာ အပါအဝင် သူတို့နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရကိုရော ဒေသခံအသိုင်းဝိုင်းတွေ ကိုပါ အကူညီပေးဖို့ အသင့်ရှိကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေကိုတော့ တနင်္ဂနွေနေ့က ဒေသခံငါးဖမ်းသမားတွေက ကမ်းကနေ မိုင် ၆၀ လောက်အကွာမှာ စတွေ့ခဲ့တာဖြစ်ပြီး အမျိုးသမီး ၆၀ ကလေးငယ် ၅၁ ယောက်နဲ့ အမျိုးသား ၉ ယောက် လိုက်ပါ လာတာပါ။ သူတို့ဟာ လှေစက်မပျက်ခင်က ပင်လယ်ထဲ ၂၈ ရက်ကြာ နေခဲ့ရကြောင်းနဲ့ သူတို့မလေးရှားကို သွား ချင်ကြောင်းပြောကြပါတယ်။

အစောပိုင်းမှာတော့ ဒုက္ခသည်စက်လှေကို လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ကြပြီး၊ ပျက်စီးနေတဲ့ စက်လှေကို ပြင်ဆင်ပေးပြီး လိုအပ်တဲ့ အကူအညီတွေနဲ့ ပြန်ထွက်ခွာခိုင်းမယ်လို့ ပြောခဲ့ပေမဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ရက အခု နောက်ဆုံး ကမ်းကပ်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။


Link : Here

Wednesday, December 29, 2021

အင်ဒိုနီးရှားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြည်ဝင် ခွင့် မပေးဘူး။

Harakadaily
ဒီဇင်ဘာ ၂၉၊ ၂၀၂၁


BIREUEN၊ ACEH - အင်ဒိုနီးရှား အာဏာပိုင်များသည် ဤနေရာတွင် ကမ်းခြေအနီးရှိ ရိုဟင်ဂျာဒုက္ခသည်များ တင်ဆောင်ထားသည့် ပျက်စီးနေသော လှေကို ပြုပြင်ရန် ကူညီမည်ဖြစ်သော်လည်း ဒုက္ခသည်များကို နိုင်ငံတွင်း ခိုလှုံခွင့်တောင်းခြင်း သို့မဟုတ် လှေကိုပင် မောင်းထုတ်ခြင်းမပြုပေ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကမ်းခြေအနီးတွင် မျောပါလာသည့် ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၁၂၀ ခန့်ကို ဒေသခံ ငါးဖမ်းသမားများက တွေ့ရှိခဲ့သည်။

“ရိုဟင်ဂျာတွေက အင်ဒိုနီးရှားတွေမဟုတ်ဘူး၊ ဒုက္ခသည်တွေဖြစ်ရင်တောင် သူတို့ကို ဒီကိုခေါ်လာလို့မရဘူး။ ဒါက အစိုးရပေါ်လစီနဲ့ အညီပါပဲ” ဟု အင်ဒိုနီးရှား ရေတပ်အရာရှိ Dian Suryansyah က ပြောကြားခဲ့သည်။

Tuesday, December 28, 2021

ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာတဲ့ လှေတစီး အင်ဒိုနီးရှားမှာ သောင်တင်

VOA
ဗွီအိုအေ (မြန်မာဌာန)
28 ဒီဇင်ဘာ၊ 2021

 

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက Aceh ပြည်နယ်ကမ်းလွန်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစင်း သောင်တင်နေတာတွေ့ရတယ်လို့ ဒေသအာဏာပိုင်တွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီလှေကို တနင်္ဂနွေနေ့မှာ စတွေ့ခဲ့ပြီး သူတို့ကိုကယ်ဆယ်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေ တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ UNHCR ကပြောပါတယ်။

ဒေသတွင်းက ငါးဖမ်းသမားတွေရဲ့ ခေါင်းဆောင်ကတော့ လှေပေါ်မှာ လူ ၁၂၀ လောက်ပါပြီး သူတို့ကို အစားအစာ တွေ ပေးထားကြောင်းနဲ့ သူတို့ကို ကယ်ဆယ်ဖို့ပါ တာဝန်ရှိသူတွေကို ပန်ကြားထားကြောင်း ပြောတယ်လို့ အင်ဒိုနီး ရှားမှာရှိတဲ့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ခွဲက ပြောပါတယ်။ အန္တရာယ်ရှိတဲ့ ရေပြင်ကို ဖြတ်ပြီး အခုလို ဒုက္ခသည်တွေမလာအောင်လုပ်ဖို့ ဒေသတွင်းနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေ အတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ရာနဲ့ချီ ရောက်လာတာ ဖြစ်ပါတယ်။

Link : Here

Tuesday, December 7, 2021

အမုန်းတရား ပြန့်ပွားစေမှုနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဖေ့စ် ဘုတ် ကို တရားစွဲဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
07 ဒီဇင်ဘာ၊ 2021

Facebook logo.
ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့အထိ အမုန်းတရားတွေ ပြန့်ပွားစေတဲ့ ရေးသားဖော်ပြမှုတွေ၊ သတင်းမှား တွေကို Meta လို့ အခုနာမည်ပြောင်းထားတဲ့ Facebook လူမှုကွန်ရက်ကုမ္ပဏီက ထိထိရောက်ရောက် အရေးယူ မကိုင်တွယ်ခဲ့ဘူးလို့ စွပ်စွဲပြီး ရိုဟင်ဂျာဒုက္ခသည်တွေက ကုမ္ပဏီကို ဒေါ်လာ ၁၅၀ ဘီလျံ လျော်ကြေးပေးဖို့ အမေရိကန်ပြည်ထောင်စုမှာ တရားစွဲလိုက်ပါတယ်။

Thursday, December 2, 2021

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ ဆွေမျိုးတွေနဲ့ သွားရောက် တွေ့ခွင့်ရ

VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဒီဇင်ဘာ၊ 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhasan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ယခင်ပုံဟောင်း)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝေးလံခေါင်သီတဲ့ Bhashan Char ကျွန်းမှာ သွားရောက်နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပထမဆုံးအကြိမ် သူတို့ မိသားစု၊ ဆွေမျိုးတွေဆီကို လည်ပတ် ခွင့်ပြုခဲ့ပါတယ်။

Wednesday, December 1, 2021

အာဂျင်တီးနားတရားရုံးစစ်မယ့်ရိုဟင်ဂျာအမှု နိုင်ငံရေးဖိ အား ဟု စစ်ကောင်စီရှုမြင်

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
01 ဒီဇင်ဘာ၊ 2021

ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးခဲ့ကြရတဲ့ (၄) နှစ်ပြည့်အထိမ်းအမှတ်ကျင်းပစဉ်။ (ယခင်ပုံဟောင်း)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲဆိုမှုကို အာဂျင်တီးနားတရားရုံးက လက်ခံလိုက်တဲ့အပေါ်မှာ ဒါဟာ နိုင်ငံရေးအရဖိအားပေးမှုတခု လိုမြင် တယ်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ နိုင်ငံခြားဆက်ဆံရေးမှာ မိတ်ဝတ်မပျက်အောင် ဆက်ဆံသွားမှာဖြစ်ပေမယ့် ဥပဒေအရ ညီညွတ်တဲ့လုပ်ရပ်တွေကိုပဲ နိုင်ငံတကာနဲ့ပူးပေါင်းမှာဖြစ်တယ်လို့လည်း တုံ့ပြန်ပါတယ်။ ဒီအကြောင်း မေးမြန်းစုံစမ်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေး ထား ပါတယ်။

Tuesday, November 30, 2021

မွတ်ဆလင်၂၀၀ ကျော် တင်ဆောင်လာသော စက်လှေ ၁ စီး ဖမ်းမိ

ဧရာဝတီ
30 November 2021

မလေးရှားနိုင်ငံသို့ သွားမည့် မွတ်ဆလင် ၂၂၈ ဦးတင်ဆောင်လာသည့် စက်လှေတစီးကို စစ်တွေမြို့နယ် မေယု ကျွန်း အနောက်ဘက် ၁၇မိုင်အကွာတွင် ယမန်နေ့ နံနက်ပိုင်းက မြန်မာရေတပ်က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။

အဆိုပါ စက်လှေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှနေ မလေးရှားနိုင်ငံသို့ သွားရန် ထွက် ခွာလာ စက်လှေတစီးဖြစ်ကြောင်း လက်ရှိတွင် ဥပဒေအရ အရေးယူရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည် နယ် စီမံ အုပ်ချုပ်ရေး ကောင်စီမှ အရာရှိတဦးက ပြောသည်။

၎င်းက “မနေ့က ဖမ်းမိတဲ့သူတွေက ကူတူပါလောင် ဒုက္ခသည်စခန်းကနေ မလေးရှားသွားဖို့ ထွက်လာကြတာ လို့ သူတို့က ထွက်ဆိုတယ်။ အဲဒီမှာ ၁၂ နှစ်အောက် ကလေးတွေလည်း ပါလာတော့ ကလေးတွေကိစ္စကို ကျေ နာ်တို့ ဘယ်လို ဆောင် ရွက်မယ်ဆိုတာ စီစဉ်နေကြတယ်။ ကျန်တဲ့ လူကြီးတွေကိုတော့ တရားဥပဒေအရ အ ရေး ယူဖို့ စီစဉ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။

အဆိုပါ လူမှောင်ခို စက်လှေမှာ ဝဒီထွန်း (၅) အမည်ရှိပြီး စက်လှေပါ မြန်မာလူမျိုး (တရားခံ) ၅ ဦး၊ မွတ်ဆလင် (ကျား) ၇၀ ဦး၊ မွတ်ဆလင် (မ) ၁၂၅ ဦး၊ ကလေး ၃၃ ဦးတို့ ပါဝင်ကာ လက်ရှိအချိန်တွင် ၎င်းတို့ကို မည်သည့် နေ ရာတွင် ထိန်း သိမ်း စစ်ဆေးနေသည်ကိုတော့ မသိရပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်ဆလင် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် လက်နက်များ ချင်းချင်းကြား ပဋိ ပက္ခဖြစ်ပွား မှုကြောင့် စခန်းရှိ မွတ်ဆလင် မိသားစုဝင်များမှာ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ ထွက်ခွာမှု များရှိလို တချို့မှာလည်း နှစ်နိုင်ငံ နယ်စပ်မှတဆင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့လည်း တရားမ ဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှု များရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆ လင် ကျေးရွာသားများ သိန်းနှင့်ချီ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားရာ လက်ရှိအချိန် အထိ အဆိုပါ မွတ် ဆလင်အရေးနှင့် ပတ်သက်ပြီး စစ်ကောင်စီက ပြန်လည် နေရာချထားမှု မပြုလုပ်နိုင် သေး ပေ။

ယခုလ နိုဝင်ဘာလ ၂၇ ရက်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ကြသော မွတ်ဆလင်များအ နေ ဖြင့် လဝက ဌာနက ထုတ်ပေးလေ့ရှိသော ခရီးသွားခွင့် (ပုံစံ – ၄) ရယူခြင်းမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊တိုင်း သို့ ကျော်လွန်ပြီး ခရီးသွားလာခွင့် မပြုကြောင်း ဒေသအာဏာပိုင်များက တားမြစ်စာ ထုတ်ထားသည်ကိုလည်း အင်တာနက် လူမှုကွန် ရက်တွင် တွေ့ရှိရသည်။

တားမြစ်ထားသည့်အတိုင်း လိုက်နာမှု မရှိဘဲ ဖောက်ဖျက် ကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။

ဘူသီးတောင်မြို့နယ်အတွင်းကမွတ်ဆလက် ကျေးရွာလူကြီး တဦးက “ကျနော်တို့ NVC (National Verification Card) နဲ့ ခရီးသွားလာလို့ ရနေတာကို အခုလို ပုံစံ – ၄ ရ ယူပြီးမှ သွားရမယ် ဆိုတာကတော့ ကျ နော်တို့အတွက် တော်တော် အခက် အခဲဖြစ်တယ်။ ပုံစံ- ၄ ရဖို့ဆိုတာက ဒီအတိုင်း ထုတ်ပေးတာမှ မဟုတ် တာ။ အဆင့်ဆင့် တင် ပြရတယ်။ အချိန်ကုန်၊ ငွေ ကုန် ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

မွတ်ဆလင် ကျေးရွာသားများကို ထိုသို့ ခရီးသွားလာခြင်းမှ တားမြစ်မှုမှာ လုပ်ထုံး၊ လုပ်နည်းအရ မှန်ကန်သော် လည်း ပုံစံ – ၄ ထုတ်ပေးသည့် ဌာနဆိုင်ရာများကို ကိုယ်တိုင် အချိန်နှောင့်နှေး ကြန့်ကြာမှု မဖြစ်ရန် မြန်မြန်ဆန် ဆန် စိစစ်ကာ ထုတ်ပေး နိုင်မည် ဆိုပါက အားလုံးအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ဆိုသည်။

ဦးအောင်သောင်းရွှေက “ကျနော့် အမြင်ကတော့ ပုံစံ – ၄ ပါမှ ခရီးသွားခွင့်ပြုမယ်ဆိုရင် လဝက ဌာနက အဲဒီ ပုံစံ – ၄ ကို ကြန့်ကြာမှု မဖြစ်အောင် ထုတ်ပေးသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် သူတို့ကို တမင် ဖိနှိပ်ထား သလိုမျိုး ဝေဖန်မှု တွေ ထွက်လာနိုင်တယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

Link : Here

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် အာဂျင်တီနား တရားရုံးလက်ခံ

VOA
ဗွီအိုမေ မြန်မာပိုင်း
စုမြတ်မွန်
29 နိုဝင်ဘာ၊ 2021

ရိုဟင်ဂျာအရေးတရားစွဲဖို့ ကြိုးပမ်းနေသူ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ ရှေ့နေ ကင်တာနား (ဓာတ်ပုံ-ဦးထွန်းခင်)

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းရှင်းလင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အာဂျင်တီးနားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက လက်ခံ လိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ မြန်မာတနိုင်ငံလုံးအတွက် ထူးခြားအရေးပါတယ်လို့တရား စွဲသူတွေဘက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးကျူးလွန်မှု တွေက လူမျိုးတုံး ရှင်းလင်းသတ်ဖြတ်ရာရောက်တယ်လို့ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK နဲ့ ကျူးလွန်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၆ ဦးကမြန်မာအကြီးအကဲတွေ အပေါ်တရားစွဲ ထားပါ တယ်။  ကျူးလွန်ခဲ့တယ်ဆိုတဲ့ အချက်တွေဟာ ပြင်းထန်ဆိုးဝါးလှတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လက်ခံလိုက်တယ် လို့ Buenos Aires မြို့တော်က ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက ပြောကြားပြီးလက်ခံလိုက်ပါတယ်။ ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်ကျူးလွန်ခဲ့ချိန်ကတာဝန်ရှိတဲ့မြန်မာခေါင်းဆောင် တွေအပေါ်တရားစွဲထားတဲ့ အမှုကို ခုလိုလက်ခံလိုက်တာဟာ ရိုဟင်ဂျာတွေအတွက်တင် မဟုတ်ဘဲ မြန်မာတနိုင်ငံ လုံးအတွက် ထူးခြားအရေးကြီးတယ်လို့ တရားစွဲတဲ့ဗြိတိန်နိုင်ငံအခြေစိုက်မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌဦးထွန်းခင် က ဗွီအိုအေ မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဒီစစ်တပ်ကနေ တနိုင်ငံလုံးမှာ ဒီလို သတ်ဖြတ်မှုတွေသူတို့လုပ်ပြီးတော့ impunity ဆိုတဲ့ ကင်းလွတ်ခွင့်တွေကိုရနေတယ်။ အဲဒီအတွက်ကြောင့် ဒါက တကယ်ကို အရေးကြီးတဲ့အနေ အ ထားတခုပါ။ ကျနော်တို့ ရိုဟင်ဂျာအတွက်သက်သက်မဟုတ်ဘူး။ ကျနော် ဒီနေရာမှာပြောချင်တာက ကျနော်တို့ နိုင် ငံသူနိုင်ငံသားအားလုံး စစ်တပ်ရဲ့နှိပ်ကွပ်မှုကိုခံနေရတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးအတွက် တရားမျှတမှုရဖို့ ဒီ အာ ဂျင်တီးနားရဲ့တရားခွင် စုံစမ်းစစ်ဆေးမှုက အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ပြီးတော့ ဒီအမှုက ကျနော်တို့ အ တွက်တင် အကျိုးရှိမှာမဟုတ်ဘူး။ တနိုင်ငံလုံးအတွက်အကျိုးရှိမှာပါ။ အဲဒီအတွက်ကြောင့် ဒါက တော်တော်လေး အရေးကြီးပါတယ်။ ကျနော်တို့အတွက် မျှော်လင့်ချက်တခုတင်မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ဖိနှိပ်မှုကိုခံနေရတဲ့ လူနည်းစုတိုင်းရင်းသားတွေ၊ တခြားတိုင်းရင်းသားတွေ၊ ရိုဟင်ဂျာအပါအဝင် ကျန်တဲ့တိုင်းရင်းသားလူနည်းစုတွေ မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းတွေမှာ နေ့စဉ်ခံနေရတဲ့လူတွေအားလုံးအတွက် အရေးကြီးတဲ့ case တခုဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီအမှုကို ရှေ့နှစ်ဆန်းပိုင်းမှာ စတင်စစ်ဆေးနိုင်မယ်လို့ ခန့်မှန်းကြောင်း ဦးထွန်းခင်က ပြောပါတယ်။ အမှုအတွက် သူတို့ ဘက်က အတတ်နိုင်ဆုံး ပြင်ဆင်ထားပြီး နောက်ထပ် အထောက်အထားတွေရရှိအောင်နဲ့ အစုလိုက်အပြုံ လိုက် သတ်ဖြတ် မှုတွေရှိခဲ့တဲ့ ရွာတွေကလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်အကြီးအကဲတွေကို ဖော်ထုတ် ဖို့လည်း လုပ်သွားမယ်လို့ပြောပါတယ်။ မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံသလို ခုလို တရားစွဲတာတွေကို အသိအမှတ်မပြုဘူးလို့ ပြောကြားထားပါတယ်။ တကယ်လို့ စစ်တပ်ဘက်က ပူးပေါင်းဆောင် ရွက်မှုမလုပ်ရင် တရားစွဲတာ ထိရောက်မှုရှိပါ့မလားလို့ ဦးထွန်းခင်ကို မေးတဲ့အခါ သူကခုလိုဖြေပါတယ်။

“ကျနော်တို့တွေ့ရသလောက်က ဒီလို ရာဇဝတ်မှုကျူးလွန်တဲ့ကောင်တွေက ဘယ်တော့မှ လုပ်တယ်ဆိုတာလည်း မပြောဘူး။ ပြီးတော့ ဒီဟာတွေကို ဂရုမစိုက်တဲ့ပုံစံတော့ ပြပါတယ်။ ဒါပေမယ့် တရားမျှတမှုရှာတဲ့နေရာမှာတော့ နောက်ဆုံးတော့ သူတို့ ဒီတရားခွင်ပေါ်မှာတော့ ပေါ်လာရမှာပဲ၊ ဘယ်လိုပဲငြင်းငြင်း။ အမှန်တရားတခုရဖို့ ကျနော် တို့ အစွမ်းကုန်ကြိုးစားသွားမယ်။ တကယ်လို့ ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဒီစစ်တပ်ကလူတွေ၊ ဗိုလ်ချုပ်တွေ မလာ ဘူးဆိုရင် ကျနော်တို့က သူတို့ကို interpol နဲ့ ဖမ်းဝရမ်းထုတ်ဖို့ အလားအလာရှိပါတယ် နောက်ဆုံးမှာတော့။ အဲလိုအနေအထားအထိ ကျနော်တို့သွားမှာပါ။”

နိုင်ငံတကာဥပဒေအရ လူ့အခွင့် ချိုးဖောက် ကျူးလွန်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တယ်ဆိုရင် တရားစွဲပိုင်ခွင့်ရှိတဲ့အ တွက် အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့် တရားစွဲတာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံအပေါ်တခြားနိုင်ငံတခုမှာတရား စွဲတာက သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ မြန်မာ့အရေး လေ့လာနေတဲ့ ဒေါက်တာခင်ဇော်ဝင်းက ခုလို သုံးသပ် ပါတယ်။

“ဒါတွေက အကျယ်ကျယ်သွားနိုင်တာကို ထည့်တွက်ဖို့ လိုနေပြီ။ ဒီကိစ္စမှာ အီရော အီရောလုပ်မရဘူး။ ရာဇဝတ်မှု တွေကို ကျူးလွန်ထားတာပါ။ ကျူးလွန်ဆဲပါပဲ။ အဲဒါကြောင့် တခုခုလုပ်ကြပါလို့ ပြောတာနဲ့ တူတူပဲ။”

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် စစ်တပ်ရဲ့နယ်မြေ ရှင်း လင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့ တွေက သုံးသပ်ထားကြပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂ လားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

Link: Here

ဆယ်စုနှစ်တခုကြာ ပိတ်ဆို့ခံထားရတဲ့ ရိုဟင်ဂျာများ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
30 နိုဝင်ဘာ၊ 2021 မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံဘက် ကို လှေစီးထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။ နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့ကပဲ လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ အသွားအလာကန့် သတ် ခံထားရသလိုဒုက္ခ သည်စခန်းတွေထဲမှာ ဆယ်စုနှစ် တခုကြာ နေထိုင်နေကြရတာကြောင့် အခုလို တ ခြား နိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */