" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Monday, November 29, 2021

ရိုဟင်ဂျာများ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြရန် စစ်ကောင်စီ ကန့်သတ်

မဇ္ဈိမ
Monday, November 29, 2021 



Unicode
ရခိုင်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ရိုဟင်ဂျာများ ခရီးသွားလာရာတွင် ခွင့်ပြုချက်ယူ ရန်နှင့် နယ်ကျော်သွားလာခြင်းမပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရ အမိန့် ထုတ် ထားသည်။

Saturday, November 27, 2021

ရိုဟင်ဂျာတွေ ခွင့်မပြုချက်မရှိဘဲ ခရီးသွားလာရင် အရေးယူ မယ်လို့ အမိန့်ထုတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ

2021-11-26
ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ်
Photo: RFA
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ကစလို့ အေ ထာက်အထားမပါဘဲ ခရီးသွားလာရင် ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မနေ့က ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

Friday, November 26, 2021

ဘူးသီးတောင်မှ ရိုဟင်ဂျာများ ခရီးသွားခွင့် ပိုမိုကန့်သတ်ခံ လာရ

Myanmar Now
မျိုးထွန်း
Nov 26, 2021
၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရသော ဘူးသီးတောင်မြို့နယ်အတွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - EPA)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာများ လဝကရုံးထံမှ ခွင့်ပြုချက်လက်မှတ်ရမှ ခရီးသွားနိုင်မည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသည်။
                                                                         

ကုလသမဂ္ဂတရားရုံး ICJ ကြားဖြတ်အမိန့်ကို ဖောက်ဖျက်၍ စစ်ကောင်စီက ရိုဟင်ဂျာများ ခရီးသွားလာခွင့်ပိတ်ပင်သော အမိန့်ချမှတ်

ရန်ကုန်ခေတ်သစ်မီဒီယာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံဆုံး ဖြတ်ချက် များ ချမှတ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကာ ရိုဟင်ဂျာများကို ခရီးသွားလာခွင့် ပိတ်ပင်သော အမိန့်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက ထုတ်ပြန် ကြောင်း ကြေညာသည်။


ရိုဟင်ဂျာ လူမျိုးတချို့သည် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ကျော်လွန်၍ ခရီး သွားလာနေခြင်း ခရီးသွားလာရာတွင် ခရီး သွားလာခွင့် ပုံစံ ၄ ယူဆောင်ရန် ပျက်ကွက်နေခြင်းများကြောင့် မြို့ နယ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူရန် လို အပ်သည့် ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် တရားဝင် ခွင့်ပြုချက် ပုံစံ ၄ ရယူပြီးမှသာ ခရီးသွားလာကြရန် ထုတ် ပြန်ထားသည်။

ရိုဟင်ဂျာတွေ ခွင့်ပြုချက်မဲ့ ခရီးသွားခြင်း၊ နယ်ကျော်သွား လာခြင်း မပြုဖို့ ထွေအုပ်အမိန့်ထုတ်

B B C

ဘီဘီစီမြန်မာပိုင်း
25/11/2021

      ခရီးသွားလာခွင့်ထောက်ခံချက်ရယူရန်လိုကြောင်းနဲ့ ဖောက်ဖျက်ရင်အရေးယူခံရမယ်လို့ ပါရှိ
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မောင်တောမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူမျိုးတွေကို ခရီးသွားလာခွင့်ထောက် ခံ ချက်တွလုပ်ထားရင် မြို့နယ်၊ တိုင်းဒေသကြီးတွေကို ကျော်လွန်ပြီး ခရီးသွားလာမှုဥပဒေတွေနဲ့အညီ ခရီး သွားလာခွင့် ပေးထားတယ်လို့ သက်ဆိုင်ရာ မြို့နယ်ထွေအုပ်ရုံးက မနေ့နိုဝင်ဘာ ၂၅ရက်မှာ ထုတ်ပြန်လာ ပါတယ်။

Wednesday, November 24, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကို ကျွန်းပို့တာရပ်ထားဖို့ HRW တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
23 နိုဝင်ဘာ၊ 2021

Bhasan Char ကျွန်းသို့ ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့သည့် မြင်ကွင်း။ (ဒီဇင်ဘာ ၄၊ ၂၀၂၀)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ်ကို ပြောင်းရွှေ့ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လွတ်လွတ်လပ် လပ်သွားလာခွင့်နဲ့ တခြားအခွင့်အရေးတွေကို အကာအကွယ်မပေးဘဲနဲ့တော့ ဒုက္ခသည်တွေကို ကျွန်းပေါ်ေြ ပာင်းတာ ရပ်ထားသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဘင်္ဂလား ဒေ့ရှ် အာ ဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

Saturday, November 20, 2021

ရိုဟင်ဂျာစခန်းများတွင် Arsa ရှိနေခြင်း- စကားပြောဝံ့သူ အနည်းငယ်သာ ရှိသည်ကို လူတိုင်းသိသည်။

Ukiya News
Published: 20-11-2021, 

“ARSA စစ်ဆင်ရေးတွေဟာ စခန်းတွေမှာ ရာဇ၀တ်မှုတွေ မြောက်များစွာနဲ့ ပတ်သက်နေတယ်… ရိုဟင်ဂျာတွေက သူတို့ရဲ့ မျက်နှာတွေကို သိပေမယ့် လူသိရှင်ကြား ပြောဖို့ အရမ်းကြောက်ကြတယ်။”

  

Mohib Ullah ၏အစ်ကို Habib Ullah
ကော့ဘဇားရှိ ရိုဟင်ဂျာစခန်း ၃၄ ခုစလုံးသည် စနစ်တကျနှင့် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ၏ အချက်အချာ နေရာများ ဖြစ်လာခဲ့သည်။ ရိုဟင်ဂျာများနှင့် ထောက်လှမ်းရေး သတင်းရင်းမြစ်များက ၎င်းတို့အားလုံး၏ နောက် ကွယ်တွင် ရှိနေသော ရခိုင် ရိုဟင်ဂျာ ညီညွတ်ရေး တပ်မတော် (ARSA) ဖြစ်သည်။

နောက်ဆုံးရသတင်းအားလုံးအတွက် The Daily Star ၏ Google News ချန်နယ်ကို လိုက်ကြည့်ပါ။ ဒုက္ခသည် စခန်းတွေကို အမာခံဖြစ်အောင် လက်နက်ကိုင်အဖွဲ့တွေက တရားဥပဒေစိုးမိုးရေး ပေါ့လျော့မှုနဲ့ ဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲတွေကို စုဆောင်းနေပါတယ်။ 


Friday, November 19, 2021

ရိုဟင်ဂျာနဲ့ လူနည်းစုအခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် ကုလသမဂ္ဂအတည်ပြု

VOA 

ဗွီအိုအေ (မြန်မာဌာန)
18 နိုဝင်ဘာ၊ 2021

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရွှေ့ပြောင်းဝင်ရောက်သွားကြပုံ။ (စက်တင်ဘာ ၄၊ ၂၀၁၇)

နိုင်ငံတကာလူ့အခွင့်အရေးကိစ္စတွေကို ဆောင်ရွက်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မီတီ က “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူ ကြမ်း”ကို မနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ အတည်ပြုလိုက်တဲ့ ဒီ ဆုံးဖြတ် ချက်မှာ မြန်မာလူထုက လိုလားတောင့်တတဲ့ ဒီမိုကရေစီအရေးကို အလေးထားပြီး ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးကို ဖော်ဆောင်ဖို့၊ တရားဥပဒေကို လေးစားလိုက်နာဖို့၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည် အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းဖို့ စတဲ့အချက်တွေကို အထွေထွေညီလာခံ ကနေ တောင်းဆိုဖို့ ပါရှိပါတယ်။

 ဒီ အဆိုပြုချက်မူကြမ်းကိုတော့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ EUဥရောပ သမဂ္ဂ တို့က ပူးတွဲ တင်သွင်းခဲ့ကြတာပါ။

မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသား ထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ တာနဲ့ ပတ်သက်ပြီး အခုလို ဆုံးဖြတ်ချက်ချလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာ အီးယူကိုယ်စား လှယ်အဖွဲ့ ရုံးက ဆုံးဖြတ်ချက်ချပြီး မကြာခင်မှာ ကြေ ညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခု အဆိုပြုချက်ထဲမှာ ပါဝင်တဲ့ ရာဇဝတ် မှု တွေကို ၂၀၁၆ အောက်တိုဘာလနောက်ပိုင်းမှာ ကျူးလွန်ခဲ့တာလို့ အီးယူရဲ့ ကြေညာချက် မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာအရေးကိစ ္စဟာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ကိစ္စတွေထဲက တခုကြောင်း၊ ဒီကိစ္စကို အားလုံးပါဝင်ပြီး ဘက်စုံထောင့်စုံ ကချဉ်းကပ် အဖြေရှာရမှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်း ပြီးနောက်အတင်း အကြပ် ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ် မှုတွေနဲ့ ပတ်သက်လို့ မှတ်တမ်း တင်ထားတာတွေ ရှိနေကြောင်းနဲ့ အဲဒီ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန် ခံမှုနဲ့ အရေးယူမှုတွေ လုပ်နိုင် ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါကြောင်း မနေ့က တ တိယကော်မတီအစည်းအဝေးအ တွင်း ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်  အဆိုမူ ကြမ်း” ကို ကုလသမဂ္ဂက မဲခွဲအတည်ပြုတာ ဒီတကြိမ်ထဲတော့ မဟုတ်ပါဘူး။ အီးယူနဲ့ OIC တို့က တင်သွင်း တဲ့ အလားတူ မူကြမ်းကို (၇၅) ကြိမ်မြောက် အထွေထွေညီလာခံက ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၉ မဲ၊ကြား နေမဲ ၂၆ မဲနဲ့ မနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တကြိမ် ဆုံးဖြတ် အတည်ပြုထားပြီး ဖြစ်ပါတယ်။ Link : Here

Tuesday, November 9, 2021

ရိုဟင်ဂျာစခန်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစီအစဉ်

VOA
ဗွီအိုအေမြန်မာပိုင်း
သိင်္ဂီထိုက်
08 နိုဝင်ဘာ၊ 2021

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေ ကြုံနေရတာကြောင့် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂရဲ့ သတင်းထုတ် ပြန်ချက်ကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

Link : Here

Sunday, November 7, 2021

ရိုဟင်ဂျာခေါင်းဆောင် လုပ်ကြံခံရပြီး စခန်းတွင်းလုံခြုံရေး စိုးရိမ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
06 နိုဝင်ဘာ၊ 2021 

ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးရုံးအနီး လုံခြုံရေးချထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၆၊ ၂၀၂၁)

ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့ နောက်ပိုင်း သူဦးဆောင်ခဲ့တဲ့ ပရဟိတအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တဦး အပါအဝင် တခြားအဖွဲ့ဝင်တွေဟာ အသက်အန္တရာယ် ခြိမ်းခြောက် တဲ့ တယ်လီဖုန်း ခေါ်ဆိုချက်တွေကို လက်ခံရရှိခဲ့တယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။

Wednesday, November 3, 2021

ARSA ခေါင်းဆောင် Hashim သည် ရိုဟင်ဂျာ စခန်းတွင် သေဆုံးနေသည်ကို တွေ့ရှိ

bdnews24.com
Rangamati သတင်းထောက်၊
Published: 03 Nov 2021
Arakan Rohingya Salvation Army (ARSA) ခေါင်းဆောင် Mohammad Hashim ကို Cox's Bazar's Teknaf မှာရှိတဲ့ Whykong Rohingya ဒုက္ခသည်စခန်းမှာ သေဆုံးနေတာ တွေ့ရှိခဲ့ပါတယ်။


အဆိုပါကိစ္စအား အင်္ဂါနေ့ ည ၁၀း၃၀ နာရီတွင် Whykong ရဲကင်းစခန်းမှ SI Mahbubur Rahman မှ မီဒီယာသို့ အတည်ပြုခဲ့ပါသည်။

သေဆုံးရတဲ့အကြောင်းရင်းကို ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း မထုတ်ပြန်ခဲ့ပါဘူး။

Teknaf ရဲတပ်ဖွဲ့ အကြီးအကဲ Hafizur Rahman Chowhdury က ၎င်းတို့သည် ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

Hashim ကို ARSA 'ဒုတိယကွပ်ကဲမှု' အဖြစ် စခန်းတွင် လူသိများသည်။

ဒါပေမယ့် လက်နက်ကိုင် ရိုဟင်ဂျာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မှာ လှုပ်ရှားနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို တရားဥပဒေ စိုးမိုးရေး အရာရှိတွေက အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

ရိုဟင်ဂျာအရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် Mohammad Mohib Ullah သေဆုံးပြီးနောက် ARSA သည် မကြာသေးမီက ခေါင်းစီးသတင်းများ ထုတ်ခဲ့သည်။

Arakan Rohingya Society for Peace and Human Rights လို့ လူသိများတဲ့ အလယ်အလတ် ရိုဟင်ဂျာ အဖွဲ့ရဲ့ ဥက္ကဌ Mohib Ullah ဟာ စက်တင်ဘာ ၂၉ ရက်နေ့က Ukhiya ဒုက္ခသည် စခန်းမှာ သူ့ရုံးခန်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

သူသေဆုံးမှုအတွက် သူ့မိသားစုက ARSA မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်က Ukhiya ရှိ Moynarghona ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ Madrasa တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့သည်။

Hashim သည် Madrasa တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိကြောင်း ဥပဒေအရာရှိများက ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာ အစိုးရမှ ARSA ၏ တိုက်ခိုက်မှု အပြီးတွင် မြန်မာ အစိုးရ စစ်တပ်မှ စတင် နှိမ်နင်းခဲ့သည်။

ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ကာ ထွက်ပြေးခဲ့ကြသည်။

ယခင်က နယ်စပ်ဖြတ်ကျော်လာသည့် ရိုဟင်ဂျာများကို ရေတွက်ရာတွင် မြန်မာနိုင်ငံသား ၁.၁ သန်းခန့်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက် ရှိသည်။

Link : Here

Tuesday, November 2, 2021

ရိုဟင်ဂျာဒုက္ခသည်တွေကြောင့် သစ်တောပြုန်းတီးမှု Sheik Hasina ဥတုရာသီညီလာခံမှာ တင်ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 နိုဝင်ဘာ၊ 2021

ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာသီဆိုင်ရာ COP-26 ညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကပန်ကြားလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော်ရှိနေတဲ့ ဒုက္ခသည်စခန်းဝန်းကျင်မှာ တောပြုန်းတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ တာကြောင့် ဒုက္ခသည်ပြဿနာကို ကမ္ဘာ့နိုင်ငံတွေ မျှဝေတာဝန်ယူပေးဖို့ Glasgow မှာ ကျင်းပနေတဲ့ ဥတုရာ သီဆိုင်ရာ COP-26 ညီလာခံမှာ တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကပန်ကြား လိုက် ပါတယ်။

Sunday, October 24, 2021

ဘူးသီးတောင်မှ ရိုဟင်ဂျာ ၂ ဦးကို စစ်တပ် ဖမ်းဆီး

Myanmar Now

Sep 25, 2021

ဖမ်းဆီးခံရသူ နှစ်ဦးအနက် တစ်ဦးသည် ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို မည်သည့်အတွက်ဖမ်းဆီးသည်၊ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိရပေ။ ဘူးသီးတောင်မြို့ မြို့တွင်းတစ်နေရာကို စက်တင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဂူတာပြင်ကျေးရွာအုပ်စု၊ စိမ့်ညှင်းပြား‌ဈေး၏ ဈေးကော်မတီ ဝင် အမျိုးသားနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ များထံမှ သိရသည်။

Saturday, October 23, 2021

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာအုပ်စုနှစ်ခုကြား တိုက်ခိုက်မှု ၆ ဦးထက်မနည်းသေဆုံး

VOA
ဗွီအိုအေ (မြန်မာဌာန)
22 အောက်တိုဘာ၊ 2021
Bangladesh Rohingya
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar ဒေသက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ အုပ်စုနှစ်စုကြား ဒီကနေ့ တိုက်ခိုက်ကြတာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရသွားပါ တယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း တိုက်ခိုက်မှု စုံစမ်းဖော် ထုတ်ဖို့ ကုလတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း
23 အောက်တိုဘာ၊ 2021

ကုတုပလောင် ဒုက္ခသည်စခန်းတွင်းမှာ အသတ်ခံရသူ ရိုဟင်ဂျာအရေးခေါင်းဆောင် Mohibullah ရဲ့ဈာပန။ (၀၉ ၊ ၃၀၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ် နို င်ငံက ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာအုပ်စု ၂ ခုကြား တိုက်ခိုက်မှုကြောင့် လူ ၇ ယောက် ထက် မနည်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည် ၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ကလေးတွေ အပါအဝင် ဒဏ်ရာရ သူတွေ ရှိခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဒုက္ခသည် များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကိုယ်စားလှယ် Johannes Van Der Klaauw က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

Friday, October 22, 2021

Ukhiya မှာ ပြိုင်ဘက် ရိုဟင်ဂျာ အုပ်စုတွေကြား သေနတ် ပစ်ခတ်မှုမှာ ၇ ဦး သေဆုံး

UKIYA.COM
Published:22-10-2021,


Zawgyi
ကော့ဘဇားရှိ စခန်းတစ်ခုတွင် ပြိုင်ဘက် ရိုဟင်ဂျာဒုက္ခသည်အဖွဲ့နှစ်ဖွဲ့ကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့်အနည်း ဆုံး လူခုနစ်ဦး သေဆုံးခဲ့သည်။

 
သောကြာနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်က Ukhiya ဒုက္ခသည်စခန်းတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု တွင် အခြားလူအများအပြား ဒဏ်ရာရခဲ့ကြောင်း လက်နက်ကိုင် ရဲတပ်ရင်း ၈ မှ ရဲမှူး Shihab Kaiser Khan မှ ရဲမှူး Shihab Kaiser Khan က ပြောကြားခဲ့သည်။

ထို့နောက် ဒဏ်ရာရသူများကို စခန်းအနီးရှိ ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ သေဆုံးသူများကို အာဏာပိုင်များ က ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

Friday, October 15, 2021

ရိုဟင်ဂျာနှိပ်ကွပ်မှု အတွင်းရေးအချက်အလက် ပေးအပ်ဖို့ တရားရုံးဆုံးဖြတ်ချက် FACEBOOK ငြင်းဆန်

VOA 
VOA (မြန်မာပိုင်း)
15 အောက်တိုဘာ၊ 2021

မြန်မာနိုင်ငံက လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေကို ဖြန့်ချီ ရာ မှာ Facebook က အသုံးချခံခဲ့ရပြီးနောက် အဲဒီအကြမ်းဖက်မှု ဖြစ်အောင်လှုံ့ဆော်တယ်လို့ ဆုံးဖြတ်နိုင်တဲ့ အ ချက်အလက်တချို့ကို ၂ဝ၁၈ ကစပြီး ဖယ်ရှားခဲ့ပါတယ်။

Monday, October 11, 2021

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း စစ်သွေးကြွနှိမ်နင်းရေး ဖမ်းဆီးမှု ဆက်လုပ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 အောက်တိုဘာ၊ 2021

Saturday, October 9, 2021

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 အောက်တိုဘာ၊ 2021
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

ရိုဟင်ဂျာ ၈ သောင်းကျော် ဘာဆန်ချာကျွန်း ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်

ကုလသမဂ္ဂက အကူညီပေးဖို့ သဘောတူညီချက်ရခဲ့တဲ့နောက် ဘင်္ဂလားပင်လယ်အော်ထဲက ဘာဆန်ချာ ကျွန်း ဆီကို ရိုဟင်ဂျာ ဒုက္ခသည် ၈၀ ၀၀၀ ကျော် ပို့ ပေးဖို့ ဘင်္ဂလားဒက်ရှ်အစိုးရက စီစဉ်နေပါတယ်။ လူ့ အ ခွင့်ရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောနေတဲ့ ကြားက ဒီကျွန်းပေါ်က ဒုက္ခသည်စခန်းကိုပို့ပေးထားတဲ့ ရိုဟင်ဂျာဒုက္ခ သည်က ၁၉ ၀၀၀ လောက်ရှိနေပြီဖြစ်ပါတယ်။

Sunday, October 3, 2021

ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရမှုအတွက် မသင်္ကာသူ ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 အောက်တိုဘာ၊ 2021

လုပ်ကြံခံခဲ့ရတဲ့ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah (လယ်)။ (သြဂုတ် ၂၅၊ ၂၀၁၉)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah ကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုနဲ့ မ သင်္ကာသူ ၃ ယောက်ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မသင်္ကာသူတွေကို ဖမ်းဆီးထား ကြောင်း Cox’s Bazar ဒေသ ရဲအရာရှိ Naimul Huq က AFP သတင်းဌာနကို ပြောပေမယ့် အသေးစိတ်တော့ မပြောပါဘူး။

ARSPH ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Mohib Ullah ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာတွေ အခွင့်အရေးအတွက် ဦးဆောင်လှုပ် ရှား နေသူ ဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေအပေါ် မနှစ်သက်တဲ့ သဘောထားတင်းမာသူတွေရဲ့ အသက်အန္တရာယ် ခြိမ်း ခြောက်မှုတွေ အရင်ကတည်းက ရှိခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြကြပါတယ်။ သူပစ်ခတ်ခံရတာ ကို ကိုယ်တိုင်တွေ့ခဲ့ရတဲ့ Habib Ullah ကတော့ ARSA ရိုဟင်ဂျာ အစွန်းရောက်အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

 ARSA အဖွဲ့ကတော့ ရိုဟင်ဂျာခေါင်းဆောင် အသတ်ခံရတဲ့အပေါ် တုန်လှုပ်ဝမ်းနည်းကြောင်းနဲ့ သူတို့အဖွဲ့အေ ပါ် စွပ်စွဲချက်ဟာ အခြေအမြစ် မရှိဘူးလို့လည်း တုံ့ပြန်ထားတာပါ။

သူသေဆုံးမှုကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေက ဝမ်းနည်းကြောင်းနဲ့ ရိုဟင်ဂျာတွေ အ ပေါ် အကာအကွယ်ပေးဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen ကတော့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေက ၂၀၁၇ ခုနှစ် တုန်းက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားခဲ့ကြတာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမယ့် ရခိုင် ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို ဖေ ဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘယ်လိုဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။
Link: Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */