" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 1, 2021

အာဂျင်တီးနားတရားရုံးစစ်မယ့်ရိုဟင်ဂျာအမှု နိုင်ငံရေးဖိ အား ဟု စစ်ကောင်စီရှုမြင်

VOA
ဗွီအိုအေမြန်မာပိုင်း
ဆုမွန်
01 ဒီဇင်ဘာ၊ 2021

ရခိုင်ပြည်နယ်တွင်းက ထွက်ပြေးခဲ့ကြရတဲ့ (၄) နှစ်ပြည့်အထိမ်းအမှတ်ကျင်းပစဉ်။ (ယခင်ပုံဟောင်း)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲဆိုမှုကို အာဂျင်တီးနားတရားရုံးက လက်ခံလိုက်တဲ့အပေါ်မှာ ဒါဟာ နိုင်ငံရေးအရဖိအားပေးမှုတခု လိုမြင် တယ်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ နိုင်ငံခြားဆက်ဆံရေးမှာ မိတ်ဝတ်မပျက်အောင် ဆက်ဆံသွားမှာဖြစ်ပေမယ့် ဥပဒေအရ ညီညွတ်တဲ့လုပ်ရပ်တွေကိုပဲ နိုင်ငံတကာနဲ့ပူးပေါင်းမှာဖြစ်တယ်လို့လည်း တုံ့ပြန်ပါတယ်။ ဒီအကြောင်း မေးမြန်းစုံစမ်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေး ထား ပါတယ်။
 
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးကျူးလွန် မှုတွေက လူမျိုးတုံး ရှင်းလင်းသတ်ဖြတ်ရာရောက်တယ်လို့ ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများ အဖွဲ့ BROUK နဲ့ ကျူးလွန် မှုတွေခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၆ ဦးက မြန်မာအကြီးအကဲတွေအပေါ် တရားစွဲခဲ့ တာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် လက်ရှိ အာဏာသိမ်း စစ်အုပ်ချုပ်ရေး ကောင်စီဘက်ကတော့လက်မခံဘဲ ပယ်ချလိုက်ပြီး ဒါဟာ နိုင်ငံရေးဖိအားပေးမှုတခုသာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို တုံ့ပြန်ပြောဆိုသွားပါတယ်။

“တပ်မတော်အနေနဲ့ကတော့ အခြေခံဥပဒေအရ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးမှာ မြန်မာနိုင်ငံအတွက် တာ ဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်း ထမ်းဆောင်တဲ့နေရာမှာမြန်မာနိုင် ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကအတိုင်း ပြည်တွင်းပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကို အဓိကထား တာဝန် ထမ်းဆောင်နေရတယ်။ထမ်းဆောင် တာမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရင်ကတည်းကလိုပဲ Code of Conduct လို ကျင့်ဝတ် စည်းကမ်းတွေ၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေရေးပြီး ဆောင်ရွက်လျှက် ရှိတယ်။ အဲလိုဆောင်ရွက်မှုအပေါ်မှာ ယခင်ကလည်း စွပ်စွဲချက်မျိုးစုံရှိခဲ့တယ်။ နောက်မှာလည်း ဒီလိုစွပ်စွဲချက်မျိုး စုံ လာဦးမှာပဲ။ ကျနော်တို့ကတော့ ဥပဒေနဲ့ ညီညွှတ်တဲ့ လုပ်ငန်းမှန်သမျှကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိတယ်။ သို့သော် ဥပဒေနဲ့မညီညွှတ်ဘဲ နိုင်ငံရေးအရ ဖိအားပေးတဲ့ပုံနဲ့ ဆောင်ရွက်တာမျိုးကိုတော့ ကျေ နာ်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

ကျူးလွန်မှုတဲ့ အချက်အလက်တွေက ပြင်းထန်ဆိုးဝါးလှတဲ့အတွက် စုံစမ်းစစ် ဆေးဖို့ Buenos Aires မြို့တော်က ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးပတ်က လက်ခံခဲ့တာ ဖြစ် ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK အဖွဲ့ကတော့ဒီအမှုကို ရှေ့နှစ်ဆန်းပိုင်းမှာ စတင်စစ်ဆေးနိုင်ဖို့ မျှော်မှန်းထားသလို မြန်မာစစ်တပ်ဘက်က ပူးပေါင်းဆောင် ရွက်မှုမရှိခဲ့ရင် နိုင်ငံတကာ Interpol ကနဖမ်း ဝရမ်းထုတ်နိုင်ဖို့ထိပါ ပြင်ဆင်သွားမယ်လို့ အဲဒီအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့တွေ့ရသလောက်က ဒီလို ရာဇဝတ်မှုကျူးလွန်တဲ့ကောင်တွေက ဘယ်တော့မှ လုပ်တယ်ဆိုတာလည်း မပြောဘူး။ ပြီးတော့ ဒီဟာတွေကို ဂရုမစိုက် တဲ့ပုံစံတော့ ပြပါတယ်။ ဒါပေမယ့် တရားမျှတ မှုရှာတဲ့နေ ရာမှာတော့ နောက်ဆုံးတော့ သူတို့ ဒီတရားခွင်ပေါ်မှာတော့ ပေါ်လာရမှာပဲ၊ ဘယ်လိုပဲငြင်းငြင်း။ အမှန်တရား တခုရဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမယ်။ တကယ်လို့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ဒီစစ်တပ်က လူတွေ၊ ဗိုလ်ချုပ်တွေ မလာဘူးဆိုရင် ကျနော်တို့က သူတို့ကို interpol နဲ့ ဖမ်းဝရမ်းထုတ်ဖို့ အလားအ လာ ရှိပါ တယ်။ နောက်ဆုံးမှာတော့ အဲလိုအနေအထားအထိ ကျနော်တို့သွားမှာပါ။”

အမှုနဲ့ပတ်သတ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိမရှိ ဗွီအိုအေက မေးမြန်း တာ မှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံကို ဖိအားပေးလာတာကတော့ ဒီအုပ်စုတွေကတော့ အစိုးရ အဆက်ဆက်သာ ပြောင်းလဲမယ်၊ ဒီ ဖိအားတော့ပြောင်းလဲတာမရှိပါဘူး။ ဒါတွေနဲ့ပတ်သတ်လို့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒအတိုင်းပဲ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ ဝါဒကျင့်သုံးမယ်။ ငြိမ်းချမ်းစွာတူ ယဉ် တွဲနေထိုင်ရေး မူကြီး ၅ ချက်အတိုင်း ကျနော်တို့ဆောင်ရွက်မယ်။ နောက် နိုင်ငံတကာ မိတ်ဝတ်မပျက် ဆက် ဆံရေးကို ဦးတည်ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်လို့ ဖိအားဆိုတာကတော့ အရင်ကတည်း ကအ တိုင်း လိုရင် လိုသလို မလိုရင်မလိုသလို ပေးနေကြတာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့ အချုပ်အခြာခိုင်မြဲရေး၊ မြန်မာပြည်တည်တံ့ ခိုင်မြဲရေးကိုပဲဦးစားပေးပြီး ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။”

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံသလို ခုလို တရားစွဲတာတွေကို အသိအမှတ် မပြုဘူးလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် စစ်တပ်ရဲ့ နယ် မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ် ထားကြပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၇ သိန်း လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ ဖြစ်စဉ်အတွင်း ဆိုးဆိုးဝါးဝါး လူ့အခွင့်ရေး ချိုးဖောက်ခံရတဲ့အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဒီအမှုကို ၂၀၁၉ ခုနှစ်က တည်း က အာဂျင်တီးနားပြည်ထောင်စုတရားရုံးကို တရားစွဲဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */