" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 22, 2022

အိုင်စီဂျေအမှုလျှောက်လဲတဲ့စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဆန္ဒပြခံရ

 B B C 

ဘီဘီစီမြန်မာပိုင်း
၂၁ ရက် ဖေဖေါ်ဝါရီလ ၂၀၂၂

 [ Unicode ]

နယ်သာလန်နိုင်ငံ၊ သယ်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(အိုင်စီဂျေ)ကို လာတဲ့စစ်ကောင်စီ ကိုယ် စား လှယ်တွေကို ပြည်ပရောက်မြန်မာတွေက ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ဂမ်ဘီယာနိုင်ငံက မြန် မာနိုင်ငံအပေါ်စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် ကနဦး ကန့်ကွက်မှု အတွက် လျှောက်လဲဖို့ စစ်ကောင်စီဘက်က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရားရေးရာဝန်ကြီး ဒေါ်သီတာဦးတို့ တရားရုံးကို လာရောက်ချိန် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
 

အဲဒီဆန္ဒပြပွဲမှာ ပြည်ပရောက်မြန်မာတွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းလည်း ပါဝင်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယားနိုင်ငံက တရားစွဲတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီ ကန့်ကွက်မှုတွေနဲ့စပ်လျဉ်းပြီး ICJ မှာ ကြားနာနေတာဖြစ်ပါတယ်။

လေးရက်ကြာပြုလုပ်မယ့် ကြားနာမှုမှာ မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တုန်းကတော့ ပထမဆုံးနေ့အဖြစ် မြန် မာ ဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျှောက်ထားရပါတယ်။

ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ်အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲရဖို့ရှိပြီး ဂမ်ဘီယာ ဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

မြန်မာဘက်က ကန့်ကွက်ထားတာတွေကို ရုပ်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG) က ကြေညာခဲ့ ပြီး အခုအခါ ICJ ရှေ့မှောက် မြန်မာရဲ့ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော် မိုးထွန်းကို လက်ခံဖို့လည်း တောင်းဆိုထားပါတယ်။ 

[ Zawgyi ]

နယ္သာလန္နိုင္ငံ၊ သယ္ဟိတ္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာတရား႐ုံး(အိုင္စီေဂ်)ကို လာတဲ့စစ္ေကာင္စီ ကိုယ္ စား လွ ယ္ေတြကို ျပည္ပေရာက္ျမန္မာေတြက ေဖေဖာ္ဝါရီလ ၂၂ ရက္မွာ ဆႏၵျပခဲ့ၾကပါတယ္။ဂမ္ဘီယာနိုင္ငံက ျမန္ မာနိုင္ငံအေပၚစြဲဆိုထားတဲ့ ရိုဟင္ဂ်ာေတြအေပၚလူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာအမႈအတြက္ ကနဦး ကန႔္ကြက္မႈ အတြက္ ေလၽွာက္လဲဖို႔ စစ္ေကာင္စီဘက္က အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြ က္ေရးဝန္ ႀကီး ဦးကိုကိုလွိုင္နဲ႔ တရားေရးရာဝန္ႀကီး ေဒၚသီတာဦးတို႔ တရား႐ုံးကို လာေရာက္ခ်ိန္ ဆႏၵျပခဲ့ ၾကတာျဖစ္ပါတယ္။


အဲဒီဆႏၵျပပြဲမွာ ျပည္ပေရာက္ျမန္မာေတြအျပင္ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ရဲ့ လူ႔အခြင့္အေရးဝန္ ႀကီး ဦးေအာင္မ်ိဳးမင္းလည္း ပါဝင္ပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီနီဗာပဋိညာဥ္ကို ျမန္မာဘက္က ခ်ိဳးေဖာက္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယားနိုင္ငံက တရားစြဲတဲ့အ မႈကို ေဒၚေအာင္ဆန္းစုၾကည္လက္ထက္တုန္းက ကန႔္ကြက္မႈေတြ ျပဳလုပ္ထားတဲ့အတြက္ အဲဒီ ကန႔္ကြက္ မႈေတြ နဲ႔စပ္လ်ဥ္းၿပီး ICJ မွာ ၾကားနာေနတာျဖစ္ပါတယ္။

ေလးရက္ၾကာျပဳလုပ္မယ့္ ၾကားနာမႈမွာ မေန႔ ေဖေဖာ္ဝါရီလ ၂၁ ရက္တုန္းကေတာ့ ပထမဆုံးေန ႔အျဖစ္ ျမန္ မာ ဘက္က သူတို႔ရဲ့ ကန႔္ကြက္လႊာကို ေလၽွာက္ထားရပါတယ္။

ဒုတိယေန႔ ၾကားနာမႈအျဖစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္ ဗုဒၶဟူးေန႔မွာ ဂမ္ဘီယာဘက္က ေလၽွာက္လဲမွာ ျဖစ္ပါတယ္။

အဲဒီေနာက္ ဒုတိယအႀကိမ္အျဖစ္ ျမန္မာဘက္က ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ ေလၽွာက္လဲရဖို႔ရွိၿပီး ဂမ္ဘီ ယာ ဘက္ကေတာ့ ၂၈ ရက္ေန႔မွာ အၿပီးသတ္ ေလၽွာက္လဲရမွာ ျဖစ္ပါတယ္။

ျမန္မာဘက္က ကန႔္ကြက္ထားတာေတြကို ႐ုပ္သိမ္းေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုး(NUG) က ေၾက ညာခဲ့ ၿပီး အခုအခါ ICJ ေရွ႕ေမွာက္ ျမန္မာရဲ့ကိုယ္စားလွယ္အျဖစ္ ကုလသမဂၢဆိုင္ရာျမန္မာသံအမတ္ ႀကီး ဦးေက်ာ္ မိုးထြန္းကို လက္ခံဖို႔လည္း ေတာင္းဆိုထားပါတယ္။ 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */