VOA
ဗွီအိုအေ (မြန်မာဌာန)
01 ဒီဇင်ဘာ၊ 2021
အခု ကျွန်းကိုပို့ခံထားရတဲ့ ဒုက္ခသည်တွေထဲက ၆၈ ယောက်ကို ဒုက္ခသည်စခန်းမှာ ကျန်နေတဲ့ သူတို့မိသားစု၊ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့ အာဏာပိုင်တွေ အင်္ဂါနေ့က ခွင့်ပြုခဲ့တာပါ။ ရေတပ်သင်္ဘောတစင်းက သူတို့ကို Chittagong ထိခေါ်ဆောင်ပြီး အဲဒီကနေ ဘတ်စကား ၂ စီးနဲ့ စခန်းကို ပို့ပေးခဲ့တယ်လို့ ရေတပ်ပြောခွင့်ရ က AFP သတင်းဌာနကို ပြောပါတယ်။
ကျွန်းပေါ်ပို့ထားတဲ့ ဒုက္ခသည်တွေ အခုလို မိသားစု၊ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့အတွက် တလကို အနည်းဆုံး ၂ ခေါက်လောက် စီစဉ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဆုံးဖြတ်ထားတယ်လို့လည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန အကြီးတန်း အရာရှိတဦးက ပြောပါတယ်။
အစိုးရက ဒီ ဒုက္ခသည်တွေကို Bhashan Char ကျွန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က စပြီးနေရာချထားပေးနေ တာပါ။ အခု Cox's Bazar ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ပြည့်ကြပ်နေတာမို့ ၁ သိန်းလောက် ကို Bhashan Char ကျွန်းကို ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ခဲ့ပါတယ်။ အခုလို ဝေးလံတဲ့ကျွန်းမှာ သူတို့ကိုနေ ရာချထားတဲ့အတွက် လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြစ်တင်ဝေဖန်နေကြ ပါ တယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တပ်နယ်မြေရှင်းလင်းမှုကြောင့် မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခ သည်သိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတာပါ။ ရိုဟင် ဂျာဆိုတဲ့ အသုံးအနှုန်း ကို လက်မခံတဲ့ မြန်မာဘက်ကတော့ ဒုက္ခသည်တွေကို ပြန်စီစစ်လက်ခံမယ်လို့ ကတိပြုပြောဆိုထားပေမဲ့ ဒီအစီအစဉ်ကို အကောင်အ ထည် မဖော်နိုင်သေးပါဘူး။
ဘင်္ဂလားဒေ့ရှ်နဲ့ ၃၇ မိုင်အကွာမှာရှိတဲ့ Bhashan Char ကျွန်းက ရာသီဥတုဒဏ်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁ သန်းလောက်သေဆုံးခဲ့ပါတယ်။
Link : Here

No comments:
Post a Comment