" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 30, 2021

ဆယ်စုနှစ်တခုကြာ ပိတ်ဆို့ခံထားရတဲ့ ရိုဟင်ဂျာများ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
30 နိုဝင်ဘာ၊ 2021 မြန်မာနိုင်ငံမှာ နှစ်စဉ် ပွင့်လင်းရာသီရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မလေးရှားနိုင်ငံဘက် ကို လှေစီးထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။ နိုဝင်ဘာ ၂၉ရက် တနင်္လာနေ့ကပဲ လှေစီးပြေးသူ ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရေတပ်က ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေဟာ အသွားအလာကန့် သတ် ခံထားရသလိုဒုက္ခ သည်စခန်းတွေထဲမှာ ဆယ်စုနှစ် တခုကြာ နေထိုင်နေကြရတာကြောင့် အခုလို တ ခြား နိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိတဲ့အကြောင်း ရန်ကုန်က လာတဲ့ သတင်းကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

စစ်တွေမြို့ အနောက်မြောက်ဘက် ပင်လယ်ထဲမှာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးသမီးနဲ့ ကလေး စုစုပေါင်း ၂၂၈ ယောက်ပါတဲ့ စက်လှေတစီးကို တနင်္လာနေ့ မနက်ပိုင်းက ဖမ်းမိတဲ့အတွက် သူတို့ကို သက်ဆိုင်ရာမြို့ နယ် တာဝန်ရှိ သူတွေဆီ လွှဲပေးဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ အသွားအလာကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံတွေကို မကြာခဏဆိုသလို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိပါတယ်။ အခုလို လူကုန်ကူးတွေရဲ့ အကူအညီနဲ့ တရားမဝင် သွားကြသူတွေကို မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းမိသူတချို့တချို့ရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေရဲ့ ပိုင်နက်တွေမှာ ဖမ်းဆီးမိတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အခု ၂၀၂၁ အောက်တိုဘာလတုန်းကလည်း ရခိုင်ပြည်နယ်ကနေ လှေစီးထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေကို ၂ ကြိမ် ဖမ်းမိခဲ့တာ စုစုပေါင်း ၁၀၀ နီးပါး ရှိပါ တယ်။ မြန်မာအာဏာပိုင်တွေဘက်က အသွားအလာကန့်သတ်ထား တာကြောင့် စားဝတ်နေရေးအတွက် ရိုဟင်ဂျာ တွေ အခုလို တခြားနိုင်ငံတွေကို ထွက်ပြေးဖို့ ကြိုးစားကြ တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပါတီက အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါ တယ်။

“အထူးသဖြင့် ဆိုလိုချင်တာက ဒီလူုတွေက နှစ်ပေါင်း ၁၀ နှစ်၊ ၁၁ နှစ်ရှိပြီဗျာ။ အခုလို ပိတ်လှောင်ထား တယ် ဆို တော့ ကြာရှည်အဲဒီမှာပိတ်ပြီး အောင်းပြီးတော့ မနေနိုင်ဘူး။ ပြီးတော့ နောက်တခုကလည်း ၁၉၉၃ မတိုင် ခင်က တည်းက နစက အစိုးရက အဲဒီဒေသမှာ အခြေချနေတဲ့လူတွေကို စားဝတ်နေရေး၊ ပညာရေး၊ သွားလာ လှုပ်ရှားရေး အကုန်လုံး ပိတ်ဆို့ထားတဲ့ အတွက် အဲဒီကတည်းက ဒီလူတွေက ထွက်ပြေးနေတာ။ ရှင်းရှင်း ပြောရရင် ၁၉၉၃ ခုနှစ် ကနေစပြီးတော့ ထွက်ပြေးနေကြတာ။ ၂၀၂၁ ခုနောက်ပိုင်းမှာတော့ တော်တော်လေး ပိတ်လှောင်ထားတဲ့အ တွက် အဲဒီမှာရှိတဲ့သူတွေက ရေကြည်ရာ မြက်နုရာဆိုပြီးတော့ ထွက်ပြေးနေတဲ့ အနေ အထားပါ။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအာဏာပိုင်တွေကတော့ လက်မခံပါဘူး။ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ကစ လို့ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေကြား ဘာသာရေး၊ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေ စတင်ခဲ့ပါ တယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပဋိပက္ခကြီးဖြစ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်း မှုတွေ လုပ် ဆောင်ခဲ့စဉ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဟာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်မှာကျန်တဲ့ မွတ်ဆလင် အများအပြားဟာ ဒုက္ခ သည်စခန်းတွေမှာ နေထိုင်နေရတာ အခုဆိုရင် ဆယ်စုနှစ်တခုအထိ ရှိနေပြီဖြစ်ပါ တယ်။ ဒုက္ခစခန်းတွေထဲမှာ အလုပ်အကိုင်မရှိဘဲ စားဝတ်နေရေးကြပ်တည်းကြတဲ့အတွက် တခြားနိုင်ငံတွေကို ထွက်ပြေးချင်ကြတာ ဖြစ်ပါ တယ်။ သူတို့ကို နိုင်ငံခြားပို့ပေးမယ်လို့ လူကုန်ကူးတွေက ဖြားယောင်းတာတွေ လည်းရှိတယ်လို့ ဦးကျော်စိုးအောင် က ပြောပါတယ်။

“လူမှောင်ခိုသမားတွေက ပိုက်ဆံတောင် ပေးစရာမလိုဘူး။ မင်းတို့ ငါတို့ကို ခံဝန်ပေးလိုက်၊ ဟိုဘက် မင်းတို့ ဆွေမျိုး ဆီရောက်ရင် မင်းတို့ အဲဒီပိုက်ဆံကို ပြန်ပေးဆိုပြီးတော့ အလကား စီခေါ်တာတောင်ရှိတယ်။ ရှင်းရှင်း ပြောရရင် လူမှောင်ခိုသမားတွေရဲ့ ဒုစရိုတ်ကြောင့် ဒီလူတွေ ထွက်ပြေးနေတာ။ အဲဒါလည်း တစိတ်တပိုင်းပါ တယ်။ ကျနော်တို့ အတိအကျပြောလို့မရရင်လည်း လေ့လာကြည့်သလောက်တော့ အတိအကျ အားလုံးမေ ရာက်ဘူးအဲဒီမှာလူမှောင် ခိုသမားတွေ ဘန်ကောက်နဲ့ ဗမာပြည်နယ်စပ်မှာ ရောင်းစားခံရတာ ရှိတယ်။ မေ လးရှားမှာ ရောင်းစားခံရတာတွေ ရှိ တယ်။ ပြီးတော့ တခြားနေရာတွေမှာလည်း ရောင်းစားခံရတာ တွေရှိ တာပဲ၊ အများကြီးပါပဲ။ အလုပ်လုပ်ဖို့ နေရာ မှာ ရောင်းစားခံရတာ ရှိတယ်။ပြည့်တန်ဆာလုပ်ဖို့ ရောင်းစားခံရတာရှိ တယ်။ တခြားအတွက် ရောင်းစား ခံရတာရှိ တယ်။ ထွက်ပြေးတဲ့သူတွေ အားလုံးကတော့ ဟိုဘက်ကို ရောက် တာမဟုတ်ဘူး။”

ထွက်ပြေးကြတဲ့အခါမှာလည်း ရေလမ်းကြောင်းကို အထိကထားပြီးထွက်ပြေးကြတာ ဖြစ်လို့ လမ်းမှာ ဒုက္ခရောက်  သေဆုံးတာ၊ တဘက်နိုင်ငံမှာ ရောင်းစားခံရတွေလည်း ရှိပါတယ်။ရိုဟင်ဂျာတွေကို အာဏာပိုင်တွေ ဘက်က အ သွားအလာကန့်သတ်မထားဘဲ နဂိုမူလနေရာတွေမှာ ပြန်ထားပြီး လုပ်ကိုင်စားသောက်ခွင့်ပေး ထားရင် အခုလို အ သက်အသေခံပြီး ထွက်ပြေးစရာ အကြောင်းမရှိဘူးလို့လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေ စီပါတီက အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

“အမှန်ဆိုရင် အဲဒီအတိုင်းမထားဘဲနဲ့ ကိုယ့်နေရာကိုပြန်ထားပြီးတော့ နဂိုရှိတဲ့ နိုင်ငံသား အတိုင်းသူတို့ကို လွတ် လွတ်လပ်လပ် အခွင့်အရေးပုံမှန်ပေးမယ်ဆိုရင် ဒီလူတွေက ထွက်ပြေးစရာအကြောင်း...ထွက်ပြေးမှာ မဟုတ်ဘူး လို့ ကျနော်တို့ သုံးသပ်ပါတယ်။”

ပြည်တွင်းဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတဲ့ မွတ်ဆလက်တွေကို နေရပ်ပြန်နေထိုင်နိုင်ဖို့အတွက် လက် ရှိမှာ စီစဉ်ဆောင်ရွက်မှုတွေ ရှိမနေသလို နေရပ်ပြန်နိုင်ဖို့ အနေအထားလဲ မရှိသေးဘူးလို့ ဒုက္ခသည်တွေ က ပြော ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */