" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 22, 2022

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ မှာ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
21 ဖေဖော်ဝါရီ 2022


ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေမှာ နောက်ထပ်ကြားနာမှု စတင်

[ Unicode ]
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ကြားနာ နေတာ ဖြစ်ပါတယ်။

လေးရက်ကြာပြုလုပ်မယ့် ကြားနာမှုမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျှောက်ထားရပါတယ်။ မြန်မာဘက်က ကိုယ်စားလှယ်အဖြစ် စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ယူကေအခြေစိုက်ရှေ့နေအဖွဲ့က ရှေ့နေတွေ တရားရုံးကို တက်ရောက်တာ တွေ့ ရပါတယ်။

မြန်မာဘက်က အချက် ၄ ချက်နဲ့အဓိက ကန့်ကွက်သွားမယ်လို့ ဦးကိုကိုလှိုင်က တရားရုံးမှာ ပြောပါတယ်။

မြန်မာဘက်က ရှေ့နေ ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ တင်ပြတဲ့ ပထမဆုံးအချက်မှာတော့ ဂမ်ဘီယာနိုင်ငံ ဟာအစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရဘူးလို့ ထောက်ပြ ခဲ့ပါတယ်။ နောက်ထပ် ရှေ့နေတွေကလည်း အခု တရားစွဲဆိုမှုမှာ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ၊ သူ့နိုင်ငံသား တွေ ထိခိုက်ခံရလို့ တိုင်ကြားတဲ့သူမဟုတ်ဘူး။ ရိုဟင်ဂျာတွေထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက် ရိုက်ဆက်စပ်ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထားမရှိဘူးလို့ ကန့်ကွက်တင်ပြခဲ့ပါတယ်။ တတိယကန့်ကွက်ချက်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ်ရေး ထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရား စွဲဆိုလို့ မရဘူးလို့ တင်ပြပါတယ်။

ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲရဖို့ရှိပြီး ဂမ်ဘီယာ ဘက် ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။
 
[ Zawgyi ]
 
လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီနီဗာပဋိညာဥ္ကို ျမန္မာဘက္က ခ်ိဳးေဖာက္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာနိုင္ငံက တ ရားစြဲတဲ့ အမႈကို NLD အစိုးရလက္ထက္တုန္းက ကနဦးကန႔္ကြက္မႈေတြ ျပဳလုပ္ထားတဲ့အတြက္ အဲဒီကန႔္ ကြက္ မႈေတြနဲ႔ပတ္သက္ၿပီး နယ္သာလန္နိုင္ငံ သည္ဟိဂ္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ က ၾကားနာ ေနတာ ျဖစ္ပါတယ္။

ေလးရက္ၾကာျပဳလုပ္မယ့္ ၾကားနာမႈမွာ ဒီေန႔ ပထမဆုံးေန႔အျဖစ္ ျမန္မာဘက္က သူတို႔ရဲ့ ကန္႔ကြ က္လႊာကို ေလၽွာက္ထားရပါတယ္။ ျမန္မာဘက္က ကိုယ္စားလွယ္အျဖစ္ စစ္ေကာင္စီရဲ့ နိုင္ငံတကာ ပူးေပါင္းေ ဆာင္ရြ  က္ ေရး ဝန္ႀကီး ဦးကိုကိုလွိုင္နဲ႔ ယူေကအေျခစိုက္ေရွ႕ေနအဖြဲ႕က ေရွ႕ေနေတြ တရား႐ုံးကို တက္ေရာက္တာ ေတြ႕ ရပါတယ္။

ျမန္မာဘက္က အခ်က္ ၄ ခ်က္နဲ႔အဓိက ကန္႔ကြက္သြားမယ္လို႔ ဦးကိုကိုလွိုင္က တရား႐ုံးမွာ ေျပာပါတယ္။

ျမန္မာဘက္က ေရွ႕ေန ေဒါက္တာ ခရစၥတိုဖာ စတိတ္ကာ တင္ျပတဲ့ ပထမဆုံးအခ်က္မွာေတာ့ ဂမ္ဘီယာနိုင္ငံ ဟာ အစၥလာမၼစ္နိုင္ငံမ်ားအဖြဲ႕ အိုအိုင္စီ ကိုယ္စား တရားစြဲခဲ့တာ ျဖစ္လို႔ ဒီလို တရားစြဲလို႔ မရဘူးလို႔ ေထာက္ ၿပ ခဲ့ပါတယ္။ ေနာက္ထပ္ ေရွ႕ေနေတြကလည္း အခု တရားစြဲဆိုမႈမွာ ဂမ္ဘီယာဟာ နစ္နာတဲ့နိုင္ငံ၊ သူ႔နိုင္ငံ သား ေတြ ထိခိုက္ခံရလို႔ တိုင္ၾကားတဲ့သူမဟုတ္ဘူး။ ရိုဟင္ဂ်ာေတြထိခိုက္နစ္နာတယ္ဆိုရာမွာ ဂမ္ဘီယာက တိုက္ ရိုက္ဆက္စပ္ပတ္သက္မႈ မရွိတဲ့အတြက္ တရားစြဲဆိုနိုင္တဲ့ အေနအထားမရွိဘူးလို႔ ကန္႔ကြက္တင္ျပခဲ့ပါတယ္။ တတိယကန္႔ကြက္ခ်က္အေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးပဋိဉာဥ္ကို ျမန္မာနိုင္ငံက လက္မွတ္ေရး ထိုး ခဲ့စဥ္က ပုဒ္မ ၈ ကို ခၽြင္းခ်က္ထားခဲ့တယ္ဆိုတာကို ေထာက္ျပၿပီး အဲဒီအတြက္ ျမန္မာကို ဥပေဒအရ တရား စြဲဆိုလို႔ မရဘူးလို႔ တင္ျပပါတယ္။

ဒုတိယေန႔ ၾကားနာမႈအျဖစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္ ဗုဒၶဟူးေန႔မွာ ဂမ္ဘီယာဘက္က ေလၽွာက္လဲမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဒုတိယအႀကိမ္အျဖစ္ ျမန္မာဘက္က ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ ေလၽွာက္လဲရ ဖို႔ရွိၿပီး ဂမ္ဘီယာ ဘက္ ကေတာ့ ၂၈ ရက္ေန႔မွာ အၿပီးသတ္ ေလၽွာက္လဲရမွာ ျဖစ္ပါတယ္။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */