" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, February 22, 2022

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေ နောက်ထပ်ကြားနာမှု စတင်

B B C

ဘီဘီစီမြန်မာပိုင်း
၂၁ ဖေဖော်ဝါရီ ၂၀၂၂

မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ
[ Unicode ]
 
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တ ရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့် ကွက် မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ဒီနေ့ ကြားနာမှုကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက်ရောက်တဲ့လူအရေအတွက် ကန့်သတ်ထားပြီး လူကိုယ် တိုင်ရော ဗီဒီယိုလင့်ခ်ကနေပါ နှစ်မျိုးစလုံးနဲ့ ကျင်းပပါတယ်။

လေးရက်တာ ကြားနာမှုမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျောက်ထား ရပါတယ်။ မြန်မာဘက်က ကိုယ်စားလှယ်အဖြစ် ယခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာမှာ အခုအခါ စစ် ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က တာ၀န်ယူထားပြီး သူနဲ့အတူ ယူကေ အခြေစိုက်ရှေ့နေအဖွဲ့က ရှေ့နေ ၃ ဦး တရားရုံးကို တက်ရောက်တာ တွေ့ရပါတယ်။ မြန်မာဘက်က ပူးတွဲကိုယ် စားလှယ်အဖြစ် ဒေါက်တာ သီတာဦးက တာဝန်ယူပါတယ်။

ဦးကိုကိုလှိုင်က ICJ မှာ မြန်မာကိုယ်စားလှယ်အသစ် ဖြစ်လာ

အခုကြားနာမှုမှာ သဘာပတိအဖြစ် လက်ရှိ အိုင်စီဂျေရဲ့ ဥက္ကဋ္ဌ အမေရိကန် တရားသူကြီး ဂျုန်း ဒေါ်နိုဟူးက ဆောင်ရွက်ပါတယ်။

အထူးတရားသူကြီးတွေအဖြစ် အရင်ကြားနာပွဲတွေကတည်းက နိုင်ငံအသီးသီးက တင်သွင်းခဲ့တဲ့ တရားသူကြီး တွေလည်း တက်ရောက်ကြပြီး ဂမ်ဘီယာဘက်က တောင်အာဖရိကနိုင်ငံက ဥပဒေပညာရှင် ဒေါက်တာနာဗီ ပီလေးနဲ့ မြန်မာဘက်ကတော့ ဂျာမနီနိုင်ငံက ပါမောက္ခ ကလော့စ် ခရက်ဘ် ဖြစ်ပါတယ်။

၂၀၁၉ ဒီဇင်ဘာ ပထမအကြိမ်ကြားနာပွဲမှာ မြန်မာဘက်က ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ခုခံချေပ

ဘယ်အချက်တွေကို မူတည်ကန့်ကွက်တာလဲ

မြန်မာဘက်က အချက် ၄ ချက်နဲ့အဓိက ကန့်ကွက်သွားမယ်လို့ ဦးကိုကိုလှိုင်က ကြားနာမှု စစချင်းမှာ ပြောပါ တယ်။ 

မြန်မာဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့က ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ တင်ပြတဲ့ ပထမဆုံး အချက်မှာတော့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရဘူးလို့ ထောက်ပြခဲ့ပါတယ်။

အိုင်စီဂျေကို တင်ပြတိုင်ကြားရာမှာ နိုင်ငံတစ်ခုက နောက်နိုင်ငံတစ်ခုကိုသာ တရားစွဲဖို့ တင်ပြလို့ရတာ ဖြစ်တဲ့ အတွက် နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ အိုအိုင်စီက သူတို့ကိုယ်စား ဂမ်ဘီယာကို တရားစွဲစေတာဖြစ်တယ်၊ ဒါ ကြောင့် တရားရုံးအနေနဲ့ အမှုကို လက်ခံစဉ်းစားဖို့ မသင့်ဘူးလို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ရှေ့နေတွေကလည်း အခု တရားစွဲဆိုမှုမှာ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ၊ သူ့နိုင်ငံသားတွေ ထိခိုက်ခံ ရ လို့ တိုင်ကြားတဲ့သူမဟုတ်ဘူး။ ရိုဟင်ဂျာတွေ ထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက်ရိုက်ဆက် စပ် ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထားမရှိဘူးလို့ ကန့်ကွက်တင်ပြခဲ့ပါတယ်။ တတိယ ကန့် ကွက်ချက်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရားစွဲဆိုလို့ မရဘူးလို့ တင်ပြပါတယ်။ စတုတ္ထကန့်ကွက်ချက်အနေနဲ့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့်မရှိဘူးဆိုတာကို ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက်အငြင်းပွားမှု ပြဿနာရှိမနေဘူးဆိုတဲ့ အချက်နဲ့ တင်ပြကန့်ကွက် သွား ပါတယ်။

မြန်မာဘက်က ကန့်ကွက်မှုတွေအားလုံးဟာ ဥပဒေအကြောင်းချင်းရာတွေကို ကိုးကားပြီး ဂမ်ဘီယာက တရား စွဲဆို ခွင့်မရှိဘူး၊ တရားရုံးက ဒီအမှုကို လက်ခံစဉ်းစားခွင့် မရှိဘူးဆိုတဲ့အချက်တွေကို အဓိက တင်ပြသွားခဲ့ တာ ဖြစ်ပါတယ်။

ဂမ်ဘီယာရဲ့ မျှော်လင့်ချက်
ဂမ်ဘီယာဘက်က ကိုယ်စားလှယ်တရားရေးဝန်ကြီး ဒေါ့ဒါဂျာလိုး

ဒီနေ့ ကြားနာမှုမှာ ဂမ်ဘီယာဘက်ကတော့ ကိုယ်စားလှယ်အသစ်အဖြစ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးက လူကိုယ်တိုင် တက်ရောက်ပါတယ်။

သူ့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်လို့ ဒေါ့ဒါ ဂျာလိုးက ကြားနာပွဲမစခင်လေးမှာပဲ ဘီဘီစီမြန်မာပိုင်းကို အခုလို ပြောပါတယ်။

"တရားရုံးအနေနဲ့ မြန်မာဘက်က ကန့်ကွက်မှုကို ပယ်ချမယ်လို့ပဲ မျှော်လင့်ထားပါတယ်။ ဒီတရားရုံးမှာ ဆုံးဖြတ် စီရင် ပိုင်ခွင့်အာဏာ မရှိဘူးဆိုပြီး မြန်မာဘက်က ကန့်ကွက်ထားတာပါ။ မြန်မာဘက်ကနေ အခုတစ်ကြိမ်ရော၊ ၂၀၂၀ ဇန်နဝါရီလတုန်းက ကြားဖြတ်အစီအအမံချခဲ့တဲ့ ကြားနာမှုတွေမှာရော သူတို့တင်သွင်းခဲ့တဲ့ အဓိက အ ချက်အလက်တွေကို တရားရုံးက တညီတညွတ်တည်း လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် တရားရုံး အ နေနဲ့ အဲဒီတုန်းက သူတို့ရပ်တည်ဆုံးဖြတ်ချက်ကနေ သွေဖြည်သွားစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။"


ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲရဖို့ရှိပြီး ဂမ်ဘီယာ ဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

NUG က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပြုဖို့ တရားရုံးကို တင်ပြ


အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မြန်မာပြည်ကိုယ်စားပြုပြီး ကြားနာပွဲတက်ရောက်ဖို့ ဇန်နဝါရီ လ တုန်းက ICJ ကို စာပိုခဲ့ပေမယ့် စာလက်ခံရရှိကြောင်း တရားရုံးက ပြန်ကြားစာသာ ရခဲ့တယ်လို့ ဒီမနက်က လုပ် တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG အနေနဲ့ မြန်မာဘက်က ကနဦးကန့်ကွက်ထားချက်တွေ အားလုံးကို ရုပ်သိမ်းတယ်လို့လည်း ကြေညာထား ပြီး ဒီအမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာရှေ့နေတွေပါဝင်တဲ့ ဥပဒေအဖွဲ့ကိုလည်း ခန့်အပ်ထားပြီးဖြစ်ကြောင်း ထုတ် ပြန် ထားပါတယ်။ 
 
[ Zawgyi ]
ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ပတ္သက္ၿပီး နယ္သာလန္နိုင္ငံ သည္ဟိ ဂ္ၿမိဳ႕က အျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)မွာ ျမန္မာနဲ႔ ဂမ္ဘီယာတို႔ရဲ့ ေလၽွာက္လဲ တင္ျပခ်က္ေတြကို ေနာ က္ထပ္ ၾကားနာမႈ ဒီေန႔ စတင္ေနပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီနီဗာပဋိညာဥ္ကို ျမန္မာဘက္က ခ်ိဳးေဖာက္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယာနိုင္ငံက တ ရားစြဲတဲ့အ မႈကို NLD အစိုးရလက္ထက္တုန္းက ကနဦးကန႔္ကြက္မႈေတြ ျပဳလုပ္ထားတဲ့အတြက္ အဲဒီကန႔္ ကြက္ မႈေ တြနဲ႔ပတ္သက္ၿပီး ICJ က ၾကားနာေနတာ ျဖစ္ပါတယ္။

ျမန္မာဘက္က ကိုယ္စားလွယ္အဖြဲ႕

ဒီေန႔ ၾကားနာမႈကို ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ တက္ေရာက္တဲ့လူအေရအတြက္ ကန္႔သတ္ထား ၿပီး လူကိုယ္ တိုင္ေရာ ဗီဒီယိုလင့္ခ္ကေနပါ ႏွစ္မ်ိဳးစလုံးနဲ႔ က်င္းပပါတယ္။

ေလးရက္တာ ၾကားနာမႈမွာ ဒီေန႔ ပထမဆုံးေန႔အျဖစ္ ျမန္မာဘက္က သူတို႔ရဲ့ ကန္႔ကြက္လႊာကို ေလ်ာ က္ထား ရပါတယ္။ ျမန္မာဘက္က ကိုယ္စားလွယ္အျဖစ္ ယခင္က ေဒၚေအာင္ဆန္းစုၾကည္ရဲ့ေနရာမွာ အခုအခါ စစ္ ေကာင္စီရဲ့ နိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီး ဦးကိုကိုလွိုင္က တာ၀န္ယူထားၿပီး သူနဲ႔အတူ ယူေက အေျခစိုက္ေရွ႕ေနအဖြဲ႕က ေရွ႕ေန ၃ ဦး တရား႐ုံးကို တက္ေရာက္တာ ေတြ႕ရပါတယ္။ ျမန္မာဘက္က ပူးတြဲကိုယ္ စားလွယ္အျဖစ္ ေဒါက္တာ သီတာဦးက တာဝန္ယူပါတယ္။ 
 
{ Image Here }
 
အခုၾကားနာမႈမွာ သဘာပတိအျဖစ္ လက္ရွိ အိုင္စီေဂ်ရဲ့ ဥကၠ႒ အေမရိကန္ တရားသူႀကီး ဂ်ဳန္း ေဒၚနို ဟူးက ေဆာင္ရြက္ပါတယ္။

အထူးတရားသူႀကီးေတြအျဖစ္ အရင္ၾကားနာပြဲေတြကတည္းက နိုင္ငံအသီးသီးက တင္သြင္းခဲ့တဲ့တရား သူႀကီး ေတြလည္း တက္ေရာက္ၾကၿပီး ဂမ္ဘီယာဘက္က ေတာင္အာဖရိကနိုင္ငံက ဥပေဒပညာရွင္ ေဒါ က္တာ နာဗီ ပီေလးနဲ႔ ျမန္မာဘက္ကေတာ့ ဂ်ာမနီနိုင္ငံက ပါေမာကၡ ကေလာ့စ္ ခရက္ဘ္ ျဖစ္ပါတယ္။ 

{ Image Here }
၂၀၁၉ ဒီဇင္ဘာ ပထမအႀကိမ္ၾကားနာပြဲမွာ ျမန္မာဘက္က ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္ ခုခံေခ်ပ

ဘယ္အခ်က္ေတြကို မူတည္ကန္႔ကြက္တာလဲ

ျမန္မာဘက္က အခ်က္ ၄ ခ်က္နဲ႔အဓိက ကန္႔ကြက္သြားမယ္လို႔ ဦးကိုကိုလွိုင္က ၾကားနာမႈ စစခ်င္းမွာ ေျပာပါ တယ္။

ျမန္မာဘက္က လိုက္ပါေဆာင္ရြက္တဲ့ ေရွ႕ေနအဖြဲ႕က ေဒါက္တာ ခရစၥတိုဖာ စတိတ္ကာ တင္ျပတဲ့ ပထမဆုံး အခ်က္မွာေတာ့ ဂမ္ဘီယာနိုင္ငံဟာ အစၥလာမၼစ္နိုင္ငံမ်ားအဖြဲ႕ အိုအိုင္စီ ကိုယ္စား တရားစြဲခဲ့တာ ျဖစ္လို႔ ဒီလို တရားစြဲလို႔ မရဘူးလို႔ ေထာက္ျပခဲ့ပါတယ္။

အိုင္စီေဂ်ကို တင္ျပတိုင္ၾကားရာမွာ နိုင္ငံတစ္ခုက ေနာက္နိုင္ငံတစ္ခုကိုသာ တရားစြဲဖို႔ တင္ျပလို႔ရတာ ျဖစ္တဲ့ အတြက္ နိုင္ငံတကာအဖြဲ႕အစည္းျဖစ္တဲ့ အိုအိုင္စီက သူတို႔ကိုယ္စား ဂမ္ဘီယာကို တရားစြဲေစတာျ ဖစ္တယ္၊ ဒါ ေၾကာင့္ တရား႐ုံးအေနနဲ႔ အမႈကို လက္ခံစဥ္းစားဖို႔ မသင့္ဘူးလို႔ တင္ျပခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ေရွ႕ေနေတြကလည္း အခု တရားစြဲဆိုမႈမွာ ဂမ္ဘီယာဟာ နစ္နာတဲ့နိုင္ငံ၊ သူ႔နိုင္ငံသားေတြ ထိ ခိုက္ခံ ရ လို႔ တိုင္ၾကားတဲ့သူမဟုတ္ဘူး။ ရိုဟင္ဂ်ာေတြ ထိခိုက္နစ္နာတယ္ဆိုရာမွာ ဂမ္ဘီယာက တိုက္ရိုက္ဆက္ စပ္ ပတ္သ က္မႈ မရွိတဲ့အတြက္ တရားစြဲဆိုနိုင္တဲ့ အေနအထားမရွိဘူးလို႔ ကန္႔ကြက္တင္ျပခဲ့ပါတယ္။ တတိယ ကန္႔ ကြက္ ခ်က္အေနနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးပဋိဉာဥ္ကို ျမန္မာနိုင္ငံက လက္မွတ္ေရးထိုးခဲ့စဥ္က ပုဒ္မ ၈ ကို ခၽြင္းခ်က္ထားခဲ့တယ္ဆိုတာကို ေထာက္ျပၿပီး အဲဒီအတြက္ ျမန္မာကို ဥပေဒအရ တရားစြဲဆိုလို႔ မရဘူးလို႔ တင္ျပပါတယ္။ စတုတၳကန္႔ကြက္ခ်က္အေနနဲ႔ တရား႐ုံးအေနနဲ႔ ဒီအမႈကို လက္ခံစဥ္းစားခြင့္မရွိဘူးဆိုတာကို ဂမ္ဘီယာနဲ႔ ျမန္မာၾကားမွာ တိုက္ရိုက္အျငင္းပြားမႈ ျပႆနာရွိမေနဘူးဆိုတဲ့ အခ်က္နဲ႔ တင္ျပကန္႔ကြက္ သြား ပါတယ္။

ျမန္မာဘက္က ကန္႔ကြက္မႈေတြအားလုံးဟာ ဥပေဒအေၾကာင္းခ်င္းရာေတြကို ကိုးကားၿပီး ဂမ္ဘီယာက တရား စြဲဆို ခြင့္မရွိဘူး၊ တရား႐ုံးက ဒီအမႈကို လက္ခံစဥ္းစားခြင့္ မရွိဘူးဆိုတဲ့အခ်က္ေတြကို အဓိက တင္ျပသြားခဲ့ တာ ျဖစ္ပါတယ္။

ဂမ္ဘီယာရဲ့ ေမၽွာ္လင့္ခ်က္ 
 { Image Here }
 ဂမ္ဘီယာဘက္က ကိုယ္စားလွယ္တရားေရးဝန္ႀကီး ေဒါ့ဒါဂ်ာလိုး

ဒီေန႔ ၾကားနာမႈမွာ ဂမ္ဘီယာဘက္ကေတာ့ ကိုယ္စားလွယ္အသစ္အျဖစ္ ဂမ္ဘီယာ တရားေရးဝန္ႀကီး ေဒါ့ဒါ ဂ်ာလိုး က လူကိုယ္တိုင္ တက္ေရာက္ပါတယ္။

သူ႔ရဲ့ေမၽွာ္လင့္ခ်က္နဲ႔ပတ္သက္လို႔ ေဒါ့ဒါ ဂ်ာလိုးက ၾကားနာပြဲမစခင္ေလးမွာပဲ ဘီဘီစီျမန္မာပိုင္းကို အခု လို ေျပာပါတယ္။

"တရား႐ုံးအေနနဲ႔ ျမန္မာဘက္က ကန္႔ကြက္မႈကို ပယ္ခ်မယ္လို႔ပဲ ေမၽွာ္လင့္ထားပါတယ္။ ဒီတရား႐ုံးမွာ ဆုံးျဖတ္ စီရင္ ပိုင္ခြင့္အာဏာ မရွိဘူးဆိုၿပီး ျမန္မာဘက္က ကန္႔ကြက္ထားတာပါ။ ျမန္မာဘက္ကေန အခုတစ္ႀကိမ္ေရာ၊ ၂၀၂၀ ဇန္နဝါရီလတုန္းက ၾကားျဖတ္အစီအအမံခ်ခဲ့တဲ့ ၾကားနာမႈေတြမွာေရာ သူတို႔တင္သြင္းခဲ့တဲ့ အဓိ က အ ခ်က္အလက္ေတြကို တရား႐ုံးက တညီတညြတ္တည္း လက္မခံဘဲ ပယ္ခ်ခဲ့ပါတယ္။ ဒါေၾကာင့္ တရား႐ုံး အ ေနနဲ႔ အဲဒီတုန္းက သူတို႔ရပ္တည္ဆုံးျဖတ္ခ်က္ကေန ေသြျဖည္သြားစရာ အေၾကာင္းမရွိဘူးလို႔ ျမင္ပါတယ္။"


ဒုတိယေန႔ ၾကားနာမႈအျဖစ္ ေဖေဖာ္ဝါရီလ ၂၃ ရက္ ဗုဒၶဟူးေန႔မွာ ဂမ္ဘီယာဘက္က ေလၽွာက္လဲမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဒုတိယအႀကိမ္အျဖစ္ ျမန္မာဘက္က ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔မွာ ေလၽွာက္လဲရ ဖို႔ရွိၿပီး ဂမ္ဘီယာ ဘက္ကေတာ့ ၂၈ ရက္ေန႔မွာ အၿပီးသတ္ ေလၽွာက္လဲရမွာ ျဖစ္ပါတယ္။

NUG က ျမန္မာနိုင္ငံကို ကိုယ္စားျပဳခြင့္ျပဳဖို႔ တရား႐ုံးကို တင္ျပ
 
အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကလည္း ျမန္မာျပည္ကိုယ္စားျပဳၿပီး ၾကားနာပြဲတက္ေရာက္ဖို႔ ဇန္န ဝါရီ လ တုန္းက ICJ ကို စာပိုခဲ့ေပမယ့္ စာလက္ခံရရွိေၾကာင္း တရား႐ုံးက ျပန္ၾကားစာသာ ရခဲ့တ ယ္လို႔ ဒီမနက္က လုပ္ တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာေတာ့ NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေ အာင္က ေျပာပါတယ္။ NUG အေနနဲ႔ ျမန္မာဘက္က ကနဦးကန္႔ကြက္ထားခ်က္ေတြ အားလုံးကို ႐ုပ္သိမ္းတယ္လို႔ လည္း ေၾကညာထား ၿပီး ဒီအမႈကို ရင္ဆိုင္ဖို႔ နိုင္ငံတကာေရွ႕ေနေတြပါဝင္တဲ့ ဥပေဒအဖြဲ႕ကိုလည္း ခန္႔အပ္ထားၿပီးျဖစ္ေၾကာင္း ထုတ္ ျပန္ ထားပါတယ္။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */