" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 21, 2022

ဂမ်ဘီယာစွဲဆိုမှု ICJ မှာ ကြားနာပိ်ုင်ခွင့်မရှိဟု စစ်ကောင် စီ ချေပ

VOA
ဗွီအိုအေမြန်မာပိုင်း
သားညွန့်ဦး
21 ဖေဖော်ဝါရီ၊ 2022
Ko Ko Hlaing at ICJ hearing

[ Unicode:]
 
မြန်မာနိ်ုင်ငံနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာဘက်က စွပ်စွဲတင်ပြလာချက်တွေကို ကြားနာ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ICJ တရားရုံးမှာ ဒီကနေ့ လျှောက်
ထားပါတယ်။ ဒါပေမယ့် တဘက်မှာတော့ မြန်မာနိ်ုင်ငံအနောက်ခြမ်းကပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနို
င်ဖို့ ပိုင်းဖြတ် ကြိုးစားနေတယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် စွဲချက်တင်လာတဲ့အမှုကို ဒီကနေ့ တကျော့ပြန်ကြား နာစစ်ဆေးပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ လျှောက်လဲချက်ပေးဖို့ကိစ္စမှာ အငြင်း ပွားမှုတွေရှိခဲ့ပြီးတဲ့နောက် ICJ ကတော့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့ပါတယ်။ 
 
မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကို ကိုလှိုင်တက်ရာက်ပြီး ဒုအဖွဲ့ ခေါင်းဆာင်ကတော့ ရှေ့နေချုပ်ဒေါ်သီတာဦး ဖြစ်ပါတယ်။ မြန်မာဘက်က ကနဦးချေ ပချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ Gambia ရဲ့ စွဲဆိုချက်နဲ့ပတ်သက်လို့ ဘယ်လို မေးခွန်း မျိုး ကိုမဆို ချေပထားတဲ့ လုံးဝ သီးခြား လွတ်လပ်စွာ ပယ်ချထားတဲ့ ပဏာမထွက်ဆိုချက်တွေပဲဖြစ်တယ်လို့ ဦးကို ကိုလှိုင်က တရားရုံးကို လျှောက်ထားပါတယ်။ အဓိက အချက်ကတော့ ဒီအမှုကို ICJ အနေနဲ့ ကြားနာစစ်ဆေး ပိုင် ခွင့်မရှိဘူး ဆိုတာ ဦးကိုကိုလှိုင်က လျှောက်ထားတာဖြစ်ပါတယ်။

“အထင်ရှားဆုံးအချက်ကတော့ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးပိုင်ခွင့်မရှိဘူး၊ ဒီ အ မှုဟာ တရားရုံးနဲ့အကျုံးဝင် သက်ရောက်မှုမရှိဘူး”...လို့ မြန်မာဘက်က ငြင်းဆိုနေတာပါ။ ဂမ်ဘီယာဘက်က တင်ပြလာတာတွေအပေါ် ဖြေစရာမရှိပါဘူး။”

နောက်ပြီး ဒီပြဿနာအတွက် မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ရေးအနည်းအရ ကြိုးပမ်းဖြေ ရှင်း နေတယ်လို့လည်း တရားရုံးကို ဦးကိုကိုလှိုင်က တင်ပြပါတယ်။

“ဒီပြဿနာတွေဟာ အိန္ဒိယနဲ့မြန်မာအပေါ် ကိုလိုနီပြုခဲ့တဲ့နောက်ဆက်တွဲကိစ္စ ရှုပ်ထွေးလွန်းပါတယ်။ မြန်မာအစိုး ရ အနေနဲ့ကတော့ ဒီပြဿနာတွေကို သုံးပွင့်ဆိုင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ် ရင်ကြားစေ့မှုနည်းလမ်းတွေကနေ ဖြေရှင်းသွားမယ်လို့ ပိုင်းဖြတ်ထားတာပါ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်လည်း မြန်မာ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတို့က သံတမန်ရေးအရဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ် နိုင်ငံ သဘောတူညီချက်ထားချက်အရ ကိုယ့်စိတ်ဆန္ဒအရပြန်လိုသူတွေ ပြန်နိုင်အောင်လို့ နှစ်နိုင်ငံအကြား နိုင် နီး နီး ကပ်ကပ်စီစစ်ဆောင်ရွက်မှုတွေလုပ်နေပါတယ်။”

မြန်မာနိုင်ငံအနောက်ခြမ်းမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ Genocide လူ မျိုး တုံးသတ်ဖြတ်မှုတားဆီးရေးစာချုပ်ကို မြန်မာဘက်က ကျူးလွန်တာဆိုပြီး ဂမ်ဘီယာဘက်က ICJ ကို အမှုတင် ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ပထမဆုံးကြားနာစစ်ဆေးမှုမှာတော့ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တက်ရောက်ပြီး ခုခံချေပခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ စစ်ဆေးဆဲကြားကာလမှာ မြန်မာ ဘက်က လိုက်နာဖို့ ဆိုပြီး ကြားဖြတ်အစီအမံတွေကို ICJ က သတ်မှတ်ပေးခဲ့ပါတယ်။ အဓိကကတော့ အဖြစ် အ ပျက်မှာ အချက်အလက် တွေကို မဖျောက်ဖျက်ဖို့နဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ရေးကိစ္စပါ။ လက်ရှိ စစ်ကောင်စီ အနေ နဲ့ ဒီကြားကာလ အစီအမံတွေကို လိုက်နာမှာဖြစ်တယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။

ယာယီအစိုးရသစ်အနေနဲ့ တာဝန်ရှိမှုနဲ့အညီ ကြားကာလစီမံဆုံးဖြတ်ထားတာတွေကို လေးစားလိုက်နာသွားဖို့ ပိုင်း ဖြတ် ထားပါတယ်။ ဒီ အစီအမံတွေကိုလည်း လိုက်နာဆောင်ရွက်နေပါတယ်။ ​ကြားကာလအစီအမံကို လိုက်နာ မယ် ဆိုပေမယ့် ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို မြန်မာစစ်ကောင်စီကလက်မခံသလို ဒီအသုံးအနှုံးကိုလည်း တရား ရုံး ကို ရှောင်သုံးတာ တွေ့ရပါတယ်။

ဦးကိုကိုလှိုင် လျှောက်ထားပြီးတဲ့နောက် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ထဲက နိုင်ငံတကာဥပဒေကျွမ်းကျင် သူတွေဖြစ်တဲ့ Dr. Staker, professor Twellman နဲ့ ပရောဖက်ဆာ ကွတ်တို့က ဥပဒေကြောင်းအရ ချေပချက် တွေ လျောက်လဲခဲ့ကြပါတယ်။ အရင်တုန်းက မြန်မာဘက်က ဥပဒေအကျိုးဆောင်အဖွဲ့ခေါင်းဆောင် မစ္စတာ ရှာ ဗက် ကတော့ ပြန်ပါမလာတော့ပါဘူး။ ဒီနေ့ ကြားနာမှုကတော့ မြန်မာဘက်က ပထမအကျော့ အဓိက လျှောက်လဲ ချက်ပေးတာဖြစ်ပြီး မနက်ဖြန်မှာတော့ ဂန်ဘီယာဘက်က လျှောက်လဲချက်ပေးမှာပါ။

အခု ကြားနာပွဲမတိုင်ခင်လေးမှာတော့ ကြားကာလအမျိုးသားညီညွတ်ရေး ညွန့်ပေါင်းအစိုးရ NUG အနေနဲ့ သ တင်း စာရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ ကိုယ်စားပြုတက်ရောက်တာကို ဘာကြောင့် ကန့် ကွက်သလဲ ဆိုတာ ရှင်းလင်းပါတယ်။ မြန်မာစစ်ကောင်စီဟာ ဒီပြဿနာတွေကို မြန်မာနိုင်ငံကိုယ်စားပြု ဖြေရှင်း နိုင် မယ့်သူ မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မောအောင်က ပြောခဲ့ပါတယ်။

 

 [Zaygyi]

ဂမ်ဘီယာစွဲဆိုမှု ICJ မှာ ကြားနာပိုင်ခွင့်မရှိဟု စစ်ကောင်စီချေပ


မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာဘက်က စွပ်စွဲတင်ပြလာချက်တွေကို ကြားနာ စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ICJ တရားရုံးမှာ ဒီကနေ့ လျှောက် ထားပါတယ်။ ဒါပေမယ့် တဘက်မှာတော့ မြန်မာနိုင်ငံအနောက်ခြမ်းကပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်း နိုင်ဖို့ ပိုင်းဖြတ် ကြိုးစားနေတယ်လို့ တုံ့ပြန်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် စွဲချက်တင်လာတဲ့အမှုကို ဒီကနေ့ တကျော့ပြန်ကြား နာစစ်ဆေးပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ မှာ လျှောက်လဲချက်ပေးဖို့ကိစ္စမှာ အငြင်း ပွားမှုတွေရှိခဲ့ပြီးတဲ့နောက် ICJ ကတော့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခဲ့ပါတယ်။ 

မြန်မာစစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကို ကိုလှိုင်တက်ရာက်ပြီး ဒုအဖွဲ့ ခေါင်းဆာင်ကတော့ ရှေ့နေချပ်ဒေါ်သီတာဦး ဖြစ်ပါတယ်။ မြန်မာဘက်က ကနဦးချေ ပ ချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ Gambia ရဲ့ စွဲဆိုချက်နဲ့ပတ်သက်လို့ ဘယ်လို မေး ခွန်း မျိုးကိုမဆို ချေပထားတဲ့ လုံးဝ သီးခြား လွတ်လပ်စွာ ပယ်ချထားတဲ့ ပဏာမထွက်ဆိုချက်တွေပဲဖြစ်တယ်လို့ ဦး ကို ကိုလှိုင်က တရားရုံးကို လျှောက်ထားပါတယ်။ အဓိက အချက်ကတော့ ဒီအမှုကို ICJ အနေနဲ့ ကြားနာစစ်ဆေး ပိုင်ခွင့်မရှိဘူး ဆိုတာ ဦးကိုကိုလှိုင်က လျှောက်ထားတာဖြစ်ပါတယ်။

“အထင်ရှားဆုံးအချက်ကတော့ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ ဒီအမှုကို ကြားနာစစ်ဆေးပိုင်ခွင့်မရှိဘူး၊ဒီအ မှုဟာ တရားရုံးနဲ့အကျုံးဝင် သက်ရောက်မှုမရှိဘူး”...လို့ မြန်မာဘက်က ငြင်းဆိုနေတာပါ။ ဂမ်ဘီယာဘက်က တင် ပြလာတာတွေအပေါ် ဖြေစရာမရှိပါဘူး။”

နောက်ပြီး ဒီပြဿနာအတွက် မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သံတမန်ရေးအနည်းအရ ကြိုးပမ်းဖြေ ရှင်းနေတယ်လို့လည်း တရားရုံးကို ဦးကိုကိုလှိုင်က တင်ပြပါတယ်။

“ဒီပြဿနာတွေဟာ အိန္ဒိယနဲ့မြန်မာအပေါ် ကိုလိုနီပြုခဲ့တဲ့နောက်ဆက်တွဲကိစ္စ ရှုပ်ထွေးလွန်းပါတယ်။ မြန်မာအစိုး ရ အနေနဲ့ကတော့ ဒီပြဿနာတွေကို သုံးပွင့်ဆိုင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စေ့စပ် ရင်ကြားစေ့မှုနည်းလမ်းတွေကနေ ဖြေ ရှင်းသွားမယ်လို့ ပိုင်းဖြတ်ထားတာပါ။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်လည်း မြန်မာ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတို့က သံတမန်ရေးအရဆွေးနွေးမှုတွေလုပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ် နိုင် ငံ သဘောတူညီချက်ထားချက်အရ ကိုယ့်စိတ်ဆန္ဒအရပြန်လိုသူတွေ ပြန်နိုင်အောင်လို့ နှစ်နိုင်ငံအကြား နီးနီး ကပ်ကပ်စီစစ်ဆောင်ရွက်မှုတွေလုပ်နေပါတယ်။”

မြန်မာနိုင်ငံအနောက်ခြမ်းမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ Genocide လူ မျိုး တုံးသတ်ဖြတ်မှုတားဆီးရေးစာချုပ်ကို မြန်မာဘက်က ကျူးလွန်တာဆိုပြီး ဂမ်ဘီယာဘက်က ICJ ကို အမှုတင် ခဲ့တာပါ။ ၂၀၁၉ ခုနှစ် ပထမဆုံးကြားနာစစ်ဆေးမှုမှာတော့ အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တက်ရောက်ပြီး ခုခံချေပခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ စစ်ဆေးဆဲကြားကာလမှာ မြန်မာ ဘက် က လိုက်နာဖို့ ဆိုပြီး ကြားဖြတ်အစီအမံတွေကို ICJ က သတ်မှတ်ပေးခဲ့ပါတယ်။ အဓိကကတော့ အဖြစ် အ ပျက်မှာ အချက်အလက် တွေကို မဖျောက်ဖျက်ဖို့နဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ရေးကိစ္စပါ။ လက်ရှိစစ်ကောင်စီအ နေနဲ့ ဒီကြားကာလ အစီအမံတွေကို လိုက်နာမှာဖြစ်တယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။

ယာယီအစိုးရသစ်အနေနဲ့ တာဝန်ရှိမှုနဲ့အညီ ကြားကာလစီမံဆုံးဖြတ်ထားတာတွေကို လေးစားလိုက်နာသွားဖို့ ပိုင်း ဖြတ် ထားပါတယ်။ ဒီ အစီအမံတွေကိုလည်း လိုက်နာဆောင်ရွက်နေပါတယ်။ ကြားကာလအစီအမံကို လိုက်နာ မယ် ဆိုပေမယ့် ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို မြန်မာစစ်ကောင်စီကလက်မခံသလို ဒီအသုံးအနှုံးကိုလည်း တရား ရုံး ကို ရှောင်သုံးတာ တွေ့ရပါတယ်။

ဦးကိုကိုလှိုင် လျှောက်ထားပြီးတဲ့နောက် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ထဲက နိုင်ငံတကာဥပဒေကျွမ်းကျင် သူတွေဖြစ်တဲ့ Dr. Staker, professor Twellman နဲ့ ပရောဖက်ဆာ ကွတ်တို့က ဥပဒေကြောင်းအရ ချေပချက် တွေ လျောက်လဲခဲ့ကြပါတယ်။ အရင်တုန်းက မြန်မာဘက်က ဥပဒေအကျိုးဆောင်အဖွဲ့ခေါင်းဆောင် မစ္စတာ ရှာ ဗက် ကတော့ ပြန်ပါမလာတော့ပါဘူး။ ဒီနေ့ ကြားနာမှုကတော့ မြန်မာဘက်က ပထမအကျော့ အဓိက လျှောက်လဲ ချက်ပေးတာဖြစ်ပြီး မနက်ဖြန်မှာတော့ ဂန်ဘီယာဘက်က လျှောက်လဲချက်ပေးမှာပါ။

အခု ကြားနာပွဲမတိုင်ခင်လေးမှာတော့ ကြားကာလအမျိုးသားညီညွတ်ရေး ညွန့်ပေါင်းအစိုးရ NUG အနေနဲ့ သ တင်း စာရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး မြန်မာစစ်ကောင်စီအနေနဲ့ ကိုယ်စားပြုတက်ရောက်တာကို ဘာကြောင့် ကန့် ကွက်သလဲ ဆိုတာ ရှင်းလင်းပါတယ်။ မြန်မာစစ်ကောင်စီဟာ ဒီပြဿနာတွေကို မြန်မာနိုင်ငံကိုယ်စားပြု ဖြေရှင်း နိုင်မယ့်သူ မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မောအောင်က ပြောခဲ့ပါတယ်။


  Link: Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */