B B C
ဘီဘီစီမြန်မာပိုင်း၂၁ရက် ဖေဖေါ်ဝါရီလ ၂၀၂၂
Unicode:
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာပြည်ရင်ဆိုင်နေရတဲ့အမှုကို သယ်ဟိတ် မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICJ)မှာ နောက်တစ်ကြိမ် ကြားနာမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ပြုလုပ်ဖို့ရှိနေပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယားနိုင်ငံ က တရားစွဲတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တုန်းက ကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့ အ တွက် အဲဒီကန့်ကွက်မှုတွေနဲ့စပ်လျဉ်းပြီး ICJ က ကြားနာသွားမှာဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မြန်မာက လျှောက်လဲရမှာဖြစ်ပြီး သန်ဘက်ခါ ဖေဖော်ဝါရီလ ၂၃ မှာတော့ ဂမ်ဘီယားနိုင်ငံရဲ့ အလှည့်ဖြစ်ပါတယ်။
မြန်မာဘက်က ကန့်ကွက်ထားတာတွေကို ရုပ်သိမ်းကြောင်း NUG က ကြေညာခဲ့ပြီး အခုအခါ ICJ ရှေ့ မှောက် မြန်မာရဲ့ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံဖို့ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ ဒီတစ်ခေါက်ရုံးချိန်းဟာ နေပြည်တော်က စစ်ကောင်စီနဲ့ကြား ပြုလုပ်ထားပြီးဖြစ်တဲ့အတွက် အခုအခါ မှာတော့ စစ်ကောင်စီရဲ့ကိုယ်စားလှယ်အဖွဲ့ သယ်ဟိတ်မြို့ကို ရောက်နေပြီလို့ နားလည်ရပါတယ်
ဆက်စပ်သတင်းများ
- အိုင်စီဂျေမှာတရားရင်ဆိုင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
- ရိုဟင်ဂျာအရေး - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒအပေါ် ရိုဟင်ဂျာတွေ ဘယ်လိုမြင်လဲ
-------------------------------------------------------------------------------------------------
Zawgyi :
ျမန္မာရင္ဆိုင္ေနရတဲ့ ရိုဟင္ဂ်ာေတြအေပၚလူမ်ိဳးတုံးသတ္ျဖတ္မႈစြပ္စြဲခ်က္အမႈကို အိုင္စီေဂ်မွာ ဒီေန႔ ျပန္လည္ၾကားနာမယ္
Getty ImagesCopyright: Getty Imagesသယ္ဟိတ္ၿမိဳ႕က အိုင္စီေဂ် တရားခြင္(ပုံေဟာင္း)Image caption: သယ္ဟိတ္ၿမိဳ႕က အိုင္စီေဂ် တရားခြင္(ပုံေဟာင္း)
ရိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈအတြက္ ျမန္မာျပည္ရင္ဆိုင္ေနရတဲ့အမႈကို သယ္ဟိတ္ၿမိဳ႕ အေျခ စိုက္ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္တရား႐ုံး(ICJ)မွာ ေနာက္တစ္ႀကိမ္ ၾကားနာမႈကို ဒီေန႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ ျပဳလုပ္ဖို႔ရွိေနပါတယ္။
လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာ ဂ်ီနီဗာပဋိညာဥ္ကို ျမန္မာဘက္က ခ်ိဳးေဖာက္ခဲ့တယ္ဆိုၿပီး ဂမ္ဘီယားနိုင္ငံက တရားစြဲတဲ့အမႈကို ေဒၚေအာင္ဆန္းစုၾကည္လက္ထက္တုန္းက ကန႔္ကြက္မႈေတြ ျပဳလုပ္ထားတဲ့အတြက္ အဲဒီကန႔္ကြက္မႈေတြနဲ႔စပ္လ်ဥ္းၿပီး ICJ က ၾကားနာသြားမွာျဖစ္ပါတယ္။
ဒီကေန႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ ျမန္မာက ေလၽွာက္လဲရမွာျဖစ္ၿပီး သန္ဘက္ခါ ေဖေဖာ္ဝါရီလ ၂၃ မွာေတာ့ ဂမ္ဘီယားနိုင္ငံရဲ့ အလွည့္ျဖစ္ပါတယ္။
ျမန္မာဘက္က ကန႔္ကြက္ထားတာေတြကို ႐ုပ္သိမ္းေၾကာင္း NUG က ေၾကညာခဲ့ၿပီး အခုအခါ ICJ ေရွ႕ေ မွာက္ ျမန္မာရဲ့ကိုယ္စားလွယ္အျဖစ္ ကုလသမဂၢဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လက္ခံဖို႔ ေတာင္းဆိုထားပါတယ္။
ဒါေပမဲ့ ဒီတစ္ေခါက္႐ုံးခ်ိန္းဟာ ေနျပည္ေတာ္က စစ္ေကာင္စီနဲ႔ၾကား ျပဳလုပ္ထားၿပီးျဖစ္တဲ့အတြက္ အခုအခါ မွာေတာ့ စစ္ေကာင္စီရဲ့ကိုယ္စားလွယ္အဖြဲ႕ သယ္ဟိတ္ၿမိဳ႕ကို ေရာက္ေနၿပီလို႔ နားလည္ရပါတယ္။
ဆက္စပ္သတင္းမ်ား
- အိုင္စီေဂ် မွာတရားရင္ဆိုင္ဖို႔ စစ္ေကာင္စီကိုယ္စားလွယ္အဖြဲ႕ ထြက္ခြာ
- ရိုဟင္ဂ်ာအေရး - အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ မူဝါဒအေပၚ ရိုဟင္ဂ်ာေတြ ဘယ္လိုျမင္လဲ
Link : Here
No comments:
Post a Comment