VOA
ဗွီအိုအေမြန်မာပိုင်း
21 ဖေဖော်ဝါရီ၊ 2022
စုမြတ်မွန်
[[Unicode]]
ICJ မြန်မာဂမ်ဘီယာအမှု ကြားနာပွဲ မြန်မာလူထုစိတ်ဝင်စားမှုအမျိုးမျိုး
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ်
ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို Netherlands နိုင်ငံ The Hague
မြို့က ICJ နိုင်ငံတကာ တရားရုံးမှာ အခုအသံလွှင့်နေချိန်မှာ
ကြားနာစစ်ဆေး နေပါတယ်။ ဒီအမှုအတွက် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံဘက်က ဦး ဆောင်သွားရောက် ချေပခဲ့တုန်းက မြန်မာပြည်သူအများစု
သူ့ဘက်က ရပ်တည်အားပေးခဲ့ကြပါတယ်။ အခုတ ခေါက်
အမှုပြန်လည်စတင်ကြားနာမှုအပေါ်မှာရော ပြည်သူတွေရဲ့စိတ်ဝင်စားမှု
ဘယ်လောက်ထိရှိ နေ ပါလဲ။ ရန်ကုန်က စုစည်းပေးပို့လာသမျှကို
မစုမြတ်မွန်ကတင်ပြပေးထားပါတယ်။
The Hague မြို့က ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ အမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်စတင်ကြားနာနေပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံဘက်က ချေပခဲ့စဉ်က မြန်မာနိုင်ငံကအပါအဝင် ဥရောပနိုင်ငံတချို့က မြန်မာတွေကပါ The Hague မြို့အထိ လိုက်သွားပြီး အားပေးပံ့ပိုးခဲ့ကြပါတယ်။ အခုတခေါက်မှာတော့ စစ် ကောင်စီက တာဝန်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင် တဲ့အဖွဲ့က တရားရုံးမှာ ခုခံချေပနေပါတယ်။ အခုတခေါက်ကြားနာပွဲအပေါ် ပြည်သူအများရဲ့ တုံ့ပြန်မှု အရင်တ ခေါက်လို တက်တက်ကြွကြွ သိပ်မတွေ့ရပါဘူး။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့က ဦးမောင် မောင်လေးကတော့ လက်ရှိ ICJ မှာ တရားစွဲခံရတဲ့ အမှုကနေ လက်ရှိ မြန်မာတနိုင်ငံလုံး ကြုံနေရတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှုရလာဖို့ မျှော်လင့်ချက်တော့ ရှိနေကြတယ်လို့ ခုလိုပြောပါတယ်။
“ICJ ကိုရောက်လာတဲ့ တရားမဲ့မှုတွေကို တရားမျှတမှုဖြစ်ဖို့၊ အပြစ်ကနေကင်းလွတ်နေသူတွေကို အပြစ်ပေးအ ရေး ယူနိုင်တဲ့အထိ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါတင်မကပါဘူး။ လက်ရှိ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ကြားသိမြင်နေတဲ့အတိုင်းပါပဲ။ သတ်ဖြတ်မီးရှို့မှုတွေ၊ သောင်းသိန်းသန်းချီအောင် စစ်ဘေးဒုက္ခသည်တွေ၊ က လေး တွေ၊ မိန်းကလေးတွေ အများကြီးပေါ့။ ရခိုင်မှာ ရိုဟင်ဂျာတွေဖြစ်ခဲ့သလို လက်ရှိလည်းဆောင် ရွက်နေ တာဖြစ်လို့ ICJ ကနေ နိုင်ငံသားတွေ အားလုံးအတွက် တရားမျှတမှုကိုမျှော်လင့်နေပါတယ်။”
နိုင်ငံရေး အကျဉ်းသားကိစ္စဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးကတော့ ဒီတကြိမ်ကြားနာမှုနောက်ပိုင်းမှာ အာ ဏာသိမ်းခံထားရတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်မယ့် လမ်းကြောင်းတခုပေါ်ထွက်လာနိုင်မလား ဆိုတဲ့ နိုင် ငံရေးအသိနဲ့ ဒီတခေါက် တရားစီရင်ရေးကို အရင်ကထက် ပိုစိတ်ဝင်စားမိတယ်လို့ ခုလိုပြောပါတယ်။
“စိတ်ဝင်စားမှုရှိတာပေါ့။ ဒီနိုင်ငံရေးအပြောင်းအလဲမှာ သူက တခုပါကိုပါနေတဲ့ကိစ္စလေ။ သူကထိထိ ရောက် ရောက် လုပ်ရမယ့်ကိစ္စ။ နောက်ဆုံးကယ်မှာက ကျနော်တို့ဆီမှာ အာဏာရှင် နိဂုံးချုပ်ဖို့ကယ်မှာ အဲလိုင်းလည်း ပါတယ်လေ။ ICJ ၊ ICC ၊ လုံခြုံရေးကောင်စီတွေ အဲဒီလိုင်းကလည်း အရေးကြီးတဲ့ တလိုင်းပဲ။ နိုင်ငံရေးအရ စိတ်ဝင်စားကို စိတ်ဝင်စားရမယ်။ အရေးကိုကြီးတယ်။”
ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ခုခံချေပမှုကို အားပေးခဲ့တဲ့ လူငယ်တယောက်တော့ အခုအမှုကနေ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ ရပ်သွားမယ်လို့ မေ ျှာ်လင်မ့ထားတဲ့အတွက် သိပ်စိတ်မဝင်စားတော့တာဖြစ်တယ် လို့ ခုလိုပြောပါတယ်။
“အရင်အန်တီလက်ထက်ကတည်းက ကျနော်တို့ဒီအမှုကိုသိခဲ့တယ်။ အဲဒီတုန်းက အန်တီ့ဘက်က ကျနော်တို့ ရပ်တည်ခဲ့တာ။ အန်တီ့ကိုယုံလို့ရပ်တည်ခဲ့တာ။ ခုလိုအာဏာသိမ်းပြီးနောက် စစ်တပ်က သူလုပ်ချင်တာ၊ လုပ် နေတာ။ ရိုဟင်ဂျာတွေသာမကဘူး။ ကျနော်တို့ကိုပါ တတိုင်းတပြည်လုံးကို သူလုပ်ချင်တာလုပ်နေတာ။ မတ ရားမှုတွေက အများကြီးပဲ။ နိုင်ငံတကာကလည်း ထိုင်ကြည့်ရုံသက်သက်ပါပဲ။ သိပ်အားရစရာမရှိဘူး။ ဒီတော့ ဒီတခေါက်ဘာဖြစ်လာမလဲ ကျနော်တို့မှန်းလို့မရဘူး။ အမှန်အတိုင်းပြောရင် သိပ်စိတ်မဝင်စားဘူးဗျ။ စစ်တပ် လုပ်ချင်သလိုဆက်လုပ်နေမှာပဲလို့ပဲ မြင်တယ်။ ဘာအပြောင်းအလဲဖြစ်မလဲ။ စောင့်ကြည့်ဖို့သက်သက်ပဲ။ သိပ်ထွေထွေထူးထူး ကျနော်တို့စိတ်ထဲ မရှိဘူးဗျ။”
ဒီနေ့အမှု ပြန်လည်ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင် ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားစွဲတာ တရားဝင်မှုရှိရဲ့လားဆိုတဲ့အချက်တွေကို မြန်မာနိုင်ငံ ကိုယ်စားရှေ့နေလိုက်ပေးတဲ့ နိုင်ငံတကာရှေ့နေတွေက ထောက်ပြပြောသွားခဲ့ကြပါတယ်။
-
[[Zawgyi/Unicode]]
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ်
ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အ မှုကို Netherlands နိုင်ငံ The Hague
မြို့က ICJ နိုင်ငံတကာ တရားရုံးမှာ အခုအသံလွှင့်နေချိန်မှာ
ကြားနာစစ်ဆေးနေပါတယ်။ ဒီအမှုအတွက် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်က
မြန်မာနိုင်ငံဘက်က ဦးဆောင်သွားရောက် ချေပခဲ့တုန်းက မြန်မာပြည်သူအများစု
သူ့ဘက်က ရပ်တည် အား ပေးခဲ့ကြပါတယ်။ အခုတခေါက်
အမှုပြန်လည်စတင်ကြားနာမှုအပေါ်မှာရော ပြည်သူတွေရဲ့စိတ် ဝင်စားမှု
ဘယ်လောက်ထိရှိနေပါလဲ။ ရန်ကုန်က စုစည်းပေးပို့လာသမျှကို
မစုမြတ်မွန်ကတင်ပြပေး ထားပါတယ်။
The Hague မြို့က ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထား တဲ့ အမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်စတင်ကြားနာနေပါတယ်။ ၂၀၁၉ ခုနှစ်တုန်း က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံဘက်က ချေပခဲ့စဉ်က မြန်မာနိုင်ငံကအပါအဝင်ဥရော ပနိုင်ငံတချို့က မြန်မာတွေကပါ The Hague မြို့အထိ လိုက်သွားပြီး အားပေးပံ့ပိုးခဲ့ကြပါတယ်။ အခုတ ခေါက် မှာတော့ စစ်ကောင်စီက တာဝန်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွ က်ရေး ဝန်ကြီး ဦးကို ကိုလှိုင်ဦးဆောင်တဲ့အဖွဲ့က တရားရုံးမှာ ခုခံချေပနေပါတယ်။ အခုတခေါက်ကြားနာပွဲအပေါ် ပြည်သူ အ များရဲ့ တုံ့ပြန်မှု အရင်တခေါက်လို တက်တက်ကြွကြွ သိပ်မတွေ့ရပါဘူး။
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအဖွဲ့က ဦးမောင်မောင်လေးကတော့ လက်ရှိ ICJ မှာ တ ရားစွဲခံရတဲ့ အမှုကနေ လက်ရှိ မြန်မာတနိုင်ငံလုံး ကြုံနေရတဲ့ စစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် တရား မျှတ မှုရလာဖို့ မျှော်လင့်ချက်တော့ ရှိနေကြတယ်လို့ ခုလိုပြောပါတယ်။
“ICJ ကိုရောက်လာတဲ့ တရားမဲ့မှုတွေကို တရားမျှတမှုဖြစ်ဖို့၊ အပြစ်ကနေကင်းလွတ်နေသူတွေကို အပြ စ်ပေးအရေးယူနိုင်တဲ့အထိ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါတင်မကပါဘူး။ လက်ရှိ ဖေဖော်ဝါရီ ၁ ရက် နေ့နောက်ပိုင်း ကြားသိမြင်နေတဲ့အတိုင်းပါပဲ။ သတ်ဖြတ်မီးရှို့မှုတွေ၊ သောင်းသိန်းသန်းချီအောင် စစ်ဘေး ဒုက္ခသည်တွေ၊ ကလေးတွေ၊ မိန်းကလေးတွေ အများကြီးပေါ့။ ရခိုင်မှာ ရိုဟင်ဂျာတွေဖြစ်ခဲ့သလို လက်ရှိလည်းဆောင်ရွက်နေတာဖြစ်လို့ ICJ ကနေ နိုင်ငံသားတွေ အားလုံးအတွက် တရားမျှတမှုကို မျှော်လင့် နေပါတယ်။”
နိုင်ငံရေး အကျဉ်းသားကိစ္စဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးကတော့ ဒီတကြိမ်ကြားနာမှုနောက်ပိုင်း မှာ အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်မယ့် လမ်းကြောင်းတခုပေါ်ထွက်လာနိုင်မလား ဆိုတဲ့ နိုင်ငံရေးအသိနဲ့ ဒီတခေါက် တရားစီရင်ရေးကို အရင်ကထက် ပိုစိတ်ဝင်စားမိတယ်လို့ ခုလိုပြောပါ တယ်။
“စိတ်ဝင်စားမှုရှိတာပေါ့။ ဒီနိုင်ငံရေးအပြောင်းအလဲမှာ သူက တခုပါကိုပါနေတဲ့ကိစ္စလေ။ သူကထိထိ ရောက် ရောက် လုပ်ရမယ့်ကိစ္စ။ နောက်ဆုံးကယ်မှာက ကျနော်တို့ဆီမှာ အာဏာရှင် နိဂုံးချုပ်ဖို့က ယ်မှာ အဲလိုင်းလည်း ပါတယ်လေ။ ICJ ၊ ICC ၊ လုံခြုံရေးကောင်စီတွေ အဲဒီလိုင်းကလည်း အရေးကြီးတဲ့ တလိုင်းပဲ။ နိုင်ငံရေးအရ စိတ်ဝင်စားကို စိတ်ဝင်စားရမယ်။ အရေးကိုကြီးတယ်။”
ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ခုခံချေပမှုကို အားပေးခဲ့တဲ့ လူငယ်တယောက်တော့ အခုအမှု က နေ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ ရပ်သွားမယ်လို့ မေ ျှာ်လင်မ့ထားတဲ့အတွက် သိပ်စိတ်မဝင်စား တော့ တာဖြစ်တယ်လို့ ခုလိုပြောပါတယ်။
“အရင်အန်တီလက်ထက်ကတည်းက ကျနော်တို့ဒီအမှုကိုသိခဲ့တယ်။ အဲဒီတုန်းက အန်တီ့ဘက်က ကျနော်တို့ ရပ်တည်ခဲ့တာ။ အန်တီ့ကိုယုံလို့ရပ်တည်ခဲ့တာ။ ခုလိုအာဏာသိမ်းပြီးနောက် စစ်တပ်က သူ လုပ်ချင်တာ၊ လုပ်နေတာ။ ရိုဟင်ဂျာတွေသာမကဘူး။ ကျနော်တို့ကိုပါ တတိုင်းတပြည်လုံးကို သူလုပ် ချင် တာလုပ်နေတာ။ မတရားမှုတွေက အများကြီးပဲ။ နိုင်ငံတကာကလည်း ထိုင်ကြည့်ရုံသက်သက်ပါပဲ။ သိပ် အားရစရာမရှိဘူး။ ဒီတော့ ဒီတခေါက်ဘာဖြစ်လာမလဲ ကျနော်တို့မှန်းလို့မရဘူး။ အမှန်အတိုင်း ပြော ရင် သိပ်စိတ်မဝင်စားဘူးဗျ။ စစ်တပ်လုပ်ချင်သလိုဆက်လုပ်နေမှာပဲလို့ပဲ မြင်တယ်။ ဘာအပြောင်း အ လဲ ဖြစ်မလဲ။ စောင့်ကြည့်ဖို့သက်သက်ပဲ။ သိပ်ထွေထွေထူးထူး ကျနော်တို့စိတ်ထဲ မရှိဘူးဗျ။”
ဒီနေ့အမှု ပြန်လည်ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန် မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားစွဲတာ တရားဝင်မှုရှိရဲ့လားဆိုတဲ့ အချက် တွေ ကို မြန်မာနိုင်ငံကိုယ်စားရှေ့နေလိုက်ပေးတဲ့ နိုင်ငံတကာရှေ့နေတွေက ထောက်ပြပြောသွားခဲ့ကြပါတယ်။
No comments:
Post a Comment