" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, February 21, 2022

ICJ ရိုဟင်ဂျာအမှု နိုင်ငံကိုယ်စားပြုဖို့ စစ်ကောင် စီ မဖြေ ရှင်း နိုင်ဟု NUG ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဖေဖော်ဝါရီ၊
   
Zin Mar Aung on ICJ Presser
[[Unicode]]

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရိုဟင်ဂျာအမှုရင်ဆိုင်နေရာမှာ မြန်မာစစ်ကောင်စီက နိုင်ငံကိုယ်စားပြုပါဝင် နေမှုကို လက်မခံနိုင်ဘူးလို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ စစ်ကောင်စီကမြန် မာနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

“ကိုယ်စားပြုတယ်ဆိုတာက “တစ်” အချက်။ နောက်ပြီးတော့ နိုင်ငံတော်ကို တကယ် ကိုယ်စားမပြုနိုင်တဲ့သူက အ ကယ်၍သွားပြီးတော့ ရင်ဆိုင်လိုက်မယ်ဆိုရင်ကော တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို သူလိုက်နာပါ့မလားဆိုတဲ့ အ ချက်-ဒုတိယတချက်ရှိတယ်ပေါ့နော်။

အဲဒီတော့ ပထမတဆင့် ကျမတို့တိုင်းပြည်ထဲမှာ အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ တိုင်းပြည်ကို State ဆိုတဲ့၊ နိုင်ငံတော်ကို ဘယ်သူကိုယ်စားပြုသလဲဆိုတဲ့ပြဿနာ။ အဲဒီတော့ IC ကိုယ်နှိုက်ကိုက နိုင်ငံတော်ကို တရားစွဲထားတာဖြစ်တယ်။ စစ်တပ်ဆိုတဲ့ မင်းအောင်လှိုင်ကို တရားစွဲထားတာမဟုတ်ဘူး။ case ကိုယ်နှိုက်ကိုက မြန်မာနဲ့ဂမ်ဘီယာနဲ့ဖြစ်နေတာ State ဆိုတာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ စစ်တပ်ဆိုတာ State ထဲက institution တခုဖြစ်တဲ့အတွက် ဘယ်စစ်တပ်ကမှ ကိုယ်စားပြုခွင့်မရှိဘူး။ တကယ့်တကယ်ကျတော့ - ဘယ် ပရော်ဖက်ရှင်နယ်စစ်တပ်ကမှ နိုင်ငံတော်ကို ကိုယ်စားပြုလို့မရဘူး။ နိုင်ငံတော်မှာ Head of State တို့ဆိုတာ ရှိ ထားပြီးသားဖြစ်တယ်။ ဒါ့ကြောင့် Head of State အနေနဲ့အသိအမှတ်ပြုလို့မရဘူး။ ကိုယ်စားပြုခွင့် မပေးနိုင်ဘူး။ ဒါက တချက်။

... ဒုတိယတချက်က ဘာလဲဆိုတဲ့အခါကျတော့ “ကိုယ်စားပြုခွင့်ရရင်ကော ဘာလုပ်မှာလဲ” ပေါ့။ ကျမတို့က အ စောကြီးကတည်းက ပြောထားပြီးသားဖြစ်တယ်။ ကျမတို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကျမတို့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်သွားတဲ့ကျူးလွန်မှုတွေ၊ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေကို နိုင်ငံတော်ရဲ့အစိုးရတရပ်အနေနဲ့ ကျမတို့ပူးပေါင်းဆောင် ရွက်သွားမယ်။ ဒီတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာသွားမယ်။ 
 
ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့နေရာကနေ ကျမတို့ ရပ်တည်တာဖြစ်တယ်။

.....ဒီ case ၂ ခုဟာ ရင်ဆိုင်လိုက်တိုင်း ကျမတို့က တယောက်ကိုတယောက် ဆန့်ကျင်ဖို့၊ မဆန့်ကျင်ဖို့ဆိုတာ ကျမ တို့ရဲ့ position က တရားမျှတမှုအတွက်ပဲ။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကျမတို့ တိုင်းပြည်ထဲမှာဖြစ်ပျက်နေ တဲ့အတိုင်း တင်ပြသွားဖို့ပဲဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်က တရားရုံးက တရားသူကြီးတွေက ချမှတ်ရမှာဖြစ် တယ်။ အဲဒီတော့ အဲဒီလို တရားသူကြီးတွေက ချမှတ်လိုက်တဲ့ တရားရုံးကဆုံးဖြတ်ချက်ကို ကျမတို့က ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်။

...ဆိုတော့ ဒါကတော့ ကျမတို့အတွက် အင်မတန်ရှင်းလင်းတဲ့အနေအထားမှာရှိနေတယ်လို့ပဲ ကျမအနေနဲ့မြင် တယ်။ ရှုပ်ထွေးနေတဲ့အနေအထားက ဘာလဲဆိုတော့ အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတဲ့လူတွေက နိုင်ငံတော်ကို ကိုယ်စားပြုရမယ့်နေရာမှာ လာပြီးတော့ ကိုယ်စားပြုနေတဲ့ အတွက် ကြောင့် ဖြစ်နေတဲ့ပြဿနာလို့ ဒီလိုပဲ ကျမတို့က ရှင်းရှင်းလင်းလင်း မြင်ပါတယ်။”

မြန်မာ ပြည်သူအားလုံး အတွက် တရားမျှတမှု ရရှိရေးဟာ အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့ အန္တိမ ပန်းတိုင် ဖြစ် ပြီး ဒီနေ့ ICJ အမှုကိစ္စကတော့ ရိုဟင်ဂျာ အသိုက်အဝန်းအတွက်တရားမျှတမှုရရှိရေး ဖြစ်ပါတယ်လို့ အင်န်ယူ ဂျီ နိုင်ငံခြားရေး ဝန်ကြီး ဒေါ် ဇင်မာအောင် က ပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို တည်ထောင်ရာမှာ တရားမျှတမှု၊ ငြိမ်းချမ်းရေး နဲ့ တန်းတူညီမျှမှု အပေါ် မှာ တည်ဆောက်သွားမှာ ဖြစ်တဲ့အတိုင်း၊ မြန်မာနိုင်ငံ မှာ ရှိတဲ့ လူတိုင်း အ တွက် တရားမျှတမှု ရရှိဖို့ အရေးယူ ဆောင်ရွက်သွားဖို့ သူ့အနေနဲ့ ပိုင်းဖြတ်ထားကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန ဝန်ကြီး ဦး အောင်မျိုးမင်း ကလည်း ပြောကြားသွားပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲ မှာ ဥရောပ ရိုဟင်ဂျာ ကောင်စီ ရဲ့ ဥက္ကဌ Dr. Ambia Perveen, မြန်မာ့ အရေး ကျွမ်း ကျင် သူ Dr. Martin Smith နဲ့ ယခင် နယ်သာလန် နိုင်ငံ ရဲ့ သံအမတ်ကြီး Laetitia van dem Assum တို့ က ရိုဟင်ဂျာ အရေး နဲ့ ဆက်စပ်ပြီး၊ မြန်မာ နိုင်ငံ အခြေအနေတွေ ကို ရှင်းလင်း ပြောကြားသွားကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်းဖြစ်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေ အစုအပြုံလိုက်သတ်ဖြတ် ခံရမှု တွေ ဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တယ်ဆိုပြီး မြန်မာကို ဂန်ဘီ ယာနိုင်ငံက ICJ မှာ တရားစွဲခဲ့တာပါ။ အခုအဆင့်ကတော့ ဒီအမှုကို ICJ မှာ ကြားနာသင့်မသင့် စစ်ဆေးနေတာ ပါ။ ၂၀၁၉ ခုနှစ်တုန်းကတော့ NLD အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တတ် ရောက် ခု ခံဖြေရှင်းခဲ့ပေမယ့်၊ ဒီ လျှောက်လွှဲခုခံမှုကို ပြန်ရုပ်သိမ်းတယ်လို့ NUG က ပြောဆိုထားပါတယ်။ 
 

-------------------------------------------------------------------------------------------


[[Zawgyi/Unicode]

ICJ ရိုဟင်ဂျာအမှု နိုင်ငံကိုယ်စားပြုဖို့ စစ်ကောင်စီမဖြေရှင်းနိုင်ဟု NUG ရှင်းလင်း

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ရိုဟင်ဂျာအမှုရင်ဆိုင်နေရာမှာ မြန်မာစစ်ကောင်စီက နိုင်ငံကိုယ်စားပြုပါဝင် နေမှုကို လက်မခံနိုင်ဘူးလို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှ ပြောခဲ့ပါတယ်။

“ကိုယ်စားပြုတယ်ဆိုတာက “တစ်” အချက်။ နောက်ပြီးတော့ နိုင်ငံတော်ကို တကယ် ကိုယ်စားမပြုနိုင်တဲ့သူက အကယ်၍သွားပြီးတော့ ရင်ဆိုင်လိုက်မယ်ဆိုရင်ကော တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို သူလိုက်နာပါ့မလားဆိုတဲ့ အချက်-ဒုတိယတချက်ရှိတယ်ပေါ့နော်။


အဲဒီတော့ ပထမတဆင့် ကျမတို့တိုင်းပြည်ထဲမှာ အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ တိုင်းပြည်ကို State ဆိုတဲ့၊ နိုင်ငံတော်ကို ဘယ်သူကိုယ်စားပြုသလဲဆိုတဲ့ပြဿနာ။ အဲဒီတော့ IC ကိုယ်နှိုက်ကိုက နိုင်ငံတော်ကို တရားစွဲထားတာဖြစ်တယ်။ စစ်တပ်ဆိုတဲ့ မင်းအောင်လှိုင်ကို တရားစွဲထားတာမဟုတ်ဘူး။ case ကိုယ်နှိုက်ကိုက မြန်မာနဲ့ဂမ်ဘီယာနဲ့ဖြစ်နေတာ State ဆိုတာဖြစ်တယ်ပေါ့နော်။ အဲဒီတော့ စစ်တပ်ဆိုတာ State ထဲက institution တခုဖြစ်တဲ့အတွက် ဘယ်စစ်တပ်ကမှ ကိုယ်စားပြုခွင့်မရှိဘူး။ တကယ့်တကယ်ကျတော့ - ဘယ် ပရော်ဖက်ရှင်နယ်စစ်တပ်ကမှ နိုင်ငံတော်ကို ကိုယ်စားပြုလို့မရဘူး။ နိုင်ငံတော်မှာ Head of State တို့ဆိုတာ ရှိ ထားပြီးသားဖြစ်တယ်။ ဒါ့ကြောင့် Head of State အနေနဲ့အသိအမှတ်ပြုလို့မရဘူး။ ကိုယ်စားပြုခွင့် မပေးနိုင် ဘူး။ ဒါက တချက်။

... ဒုတိယတချက်က ဘာလဲဆိုတဲ့အခါကျတော့ “ကိုယ်စားပြုခွင့်ရရင်ကော ဘာလုပ်မှာလဲ” ပေါ့။ ကျမတို့က အ စော ကြီးကတည်းက ပြောထားပြီးသားဖြစ်တယ်။ ကျမတို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ကျမတို့နိုင်ငံအတွင်းမှာ ဖြစ်ပေါ်သွားတဲ့ကျူးလွန်မှုတွေ၊ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေကို နိုင်ငံတော်ရဲ့အစိုးရတရပ်အနေနဲ့ ကျမတို့ ပူးပေါင်း ဆောင် ရွက်သွားမယ်။ ဒီတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာသွားမယ်။ 

ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့နေရာကနေ ကျမတို့ ရပ်တည်တာဖြစ်တယ်။

.....ဒီ case ၂ ခုဟာ ရင်ဆိုင်လိုက်တိုင်း ကျမတို့က တယောက်ကိုတယောက် ဆန့်ကျင်ဖို့၊ မဆန့်ကျင်ဖို့ဆိုတာ ကျမ တို့ရဲ့ position က တရားမျှတမှုအတွက်ပဲ။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ကျမတို့ တိုင်းပြည်ထဲ မှာဖြစ် ပျက် နေတဲ့အတိုင်း တင်ပြသွားဖို့ပဲဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်က တရားရုံးက တရားသူကြီးတွေက ချမှတ်ရမှာ ဖြစ်တယ်။ အဲဒီတော့ အဲဒီလို တရားသူကြီးတွေက ချမှတ်လိုက်တဲ့ တရားရုံးကဆုံးဖြတ်ချက်ကို ကျမတို့ကပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်ပေါ့နော်။

...ဆိုတော့ ဒါကတော့ ကျမတို့အတွက် အင်မတန်ရှင်းလင်းတဲ့အနေအထားမှာရှိနေတယ်လို့ပဲ ကျမအနေနဲ့မြင် တယ်။ ရှုပ်ထွေးနေတဲ့အနေအထားက ဘာလဲဆိုတော့ အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတဲ့လူတွေက နိုင်ငံတော်ကို ကိုယ်စားပြုရမယ့်နေရာမှာ လာပြီးတော့ ကိုယ်စားပြုနေတဲ့အတွက် ကြောင့် ဖြစ်နေတဲ့ပြဿနာလို့ ဒီလိုပဲ ကျမတို့က ရှင်းရှင်းလင်းလင်း မြင်ပါတယ်။”

မြန်မာ ပြည်သူအားလုံး အတွက် တရားမျှတမှု ရရှိရေးဟာ အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့ အန္တိမ ပန်းတိုင် ဖြစ် ပြီး ဒီနေ့ ICJ အမှုကိစ္စကတော့ ရိုဟင်ဂျာ အသိုက်အဝန်းအတွက်တရားမျှတမှုရရှိရေး ဖြစ်ပါတယ်လို့ အင်န်ယူ ဂျီ နိုင်ငံခြားရေး ဝန်ကြီး ဒေါ် ဇင်မာအောင် က ပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကို တည်ထောင်ရာမှာ တရားမျှတမှု၊ ငြိမ်းချမ်းရေး နဲ့ တန်းတူညီမျှမှု အပေါ် မှာ တည်ဆောက်သွားမှာ ဖြစ်တဲ့အတိုင်း၊ မြန်မာနိုင်ငံ မှာ ရှိတဲ့ လူတိုင်းအ တွက် တရားမျှတမှု ရရှိဖို့ အရေးယူ ဆောင်ရွက်သွားဖို့ သူ့အနေနဲ့ ပိုင်းဖြတ်ထားကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန ဝန်ကြီး ဦး အောင်မျိုးမင်း ကလည်း ပြောကြားသွားပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲ မှာ ဥရောပ ရိုဟင်ဂျာ ကောင်စီ ရဲ့ ဥက္ကဌ Dr. Ambia Perveen, မြန်မာ့ အရေး ကျွမ်း ကျင် သူ Dr. Martin Smith နဲ့ ယခင် နယ်သာလန် နိုင်ငံ ရဲ့ သံအမတ်ကြီး Laetitia van dem Assum တို့ က ရိုဟင်ဂျာ အရေး နဲ့ ဆက်စပ်ပြီး၊ မြန်မာ နိုင်ငံ အခြေအနေတွေ ကို ရှင်းလင်း ပြောကြားသွားကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်းဖြစ်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေ အစုအပြုံလိုက်သတ်ဖြတ်ခံရ မှု တွေဟာ Genocide လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကိုချိုးဖောက်တယ်ဆိုပြီး မြန်မာကို ဂန်ဘီ ယာ နိုင်ငံက ICJ မှာ တရားစွဲခဲ့တာပါ။ အခုအဆင့်ကတော့ ဒီအမှုကို ICJ မှာ ကြားနာသင့်မသင့် စစ်ဆေးနေ တာ ပါ။ ၂၀၁၉ ခုနှစ်တုန်းကတော့ NLD အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တတ် ရောက် ခု ခံဖြေရှင်းခဲ့ပေမယ့်၊ ဒီ လျှောက်လွှဲခုခံမှုကို ပြန်ရုပ်သိမ်းတယ်လို့ NUG က ပြောဆိုထားပါတယ်။
===========

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */