" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်. Show all posts
Showing posts with label ရခိုင်. Show all posts

Monday, April 15, 2019

တပ်ပစ်ခတ်မှု မဟုတ်ကြောင်း ငြင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-15
ကိုကျော်သူ

 မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက သေနတ်ကျည်ဆံထိမှန်ခဲ့တဲ့ ဦးကျော်သိန်း စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၁၄ ရက်နေ့က ရောက်ရှိလာစဉ်

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒုတ်ကျေးရွာမှာ နယ်မြေခံတပ်က လက်နက်ငယ်နဲ့ပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မမှန်မကန်စွပ်စွဲပြောဆိုခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ကို အမှု ဖွင့်ထားပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Sunday, April 14, 2019

သေနတ်ကျည်ထိမှန်တဲ့ အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-14
ကိုကျော်သူ
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ ကျောဖက်ကနေ သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ဦးကျော်သိန်း ကို တွေ့ရစဉ်



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ မနေ့ညပိုင်းက သေနတ်ပစ်ခတ်မှုရှိခဲ့တာကြောင့် အရပ် သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်စစ်ပြေးဒုက္ခသည်အရေး ICRC စိုးရိမ်

ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ဒုက္ခ သည် အရေအတွက် တိုးပွါးလာနေတဲ့အပေါ် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က စိုးရိမ်ပူပန်တဲ့အကြောင်း မနေ့က သတင်းထုတ် ပြန်ပါတယ်။

Thursday, April 11, 2019

မြောက်ဦး ရခိုင်ရွာသား ၂၇ ဦး စစ်တပ်ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 11 ဧပြီ၊ 2019 
 
မြန်မာ့တပ်မတော်မှ စစ်သားများ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင် သွား တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေအဖြစ် မသင်္ကာသူ တွေကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်ပြောထားပေမဲ့၊ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိ သူတွေ က တော့ အခု အဖမ်းဆီးခံသူတွေဟာ AA အဖွဲ့ဝင်တွေမဟုတ်ဘဲ ကျေးရွာလုံခြုံရေး ကင်းစောင့် အဖွဲတွေ လို့ ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထား ပါတယ်။

Saturday, April 6, 2019

အကူအညီရဖို့ထက် တိုက်ပွဲတွေရပ်ဖို့ ရခိုင်ဒုက္ခသည် တွေ လိုလားနေ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
 AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ခိုင်မင်းသျှင် 
 
 

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ တနေ့တခြားများလာပေမဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ လမ်းစမမြင်ရသေးပါဘူး။

Thursday, April 4, 2019

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အရှိန်မြင့်လာ

B  B  C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉၊

ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ် ဝိုက် မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ်ဝိုက်မှာ ထင်းခုတ်ဝါးခုတ်နေကြတဲ့ မွတ်ဆလင်ရွာသားတွေကို စစ်တပ် ရဟတ်ယာဉ်ပေါ်က မှားယွင်း ပစ်ခတ်တဲ့ အတွက် ဝါးခုတ်နေတဲ့ မွတ်ဆလင်ရွာသား ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ပြောပါတယ်။

Tuesday, April 2, 2019

ရခိုင်ပြည်နယ်တွင်း ၂ လကြာ ညမထွက်ရအမိန့်ထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဧပြီ၊ 2019 
 ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်များ 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ အရထုတ်ပြန်တဲ့ အဲဒီ ညမထွက်ရ အမိန့်ကို ဒီကနေ့ကစပြီး ၂ လကြာထိ အတည်ဖြစ်တဲ့အကြောင်း အမိန့်စာမှာ ဖော်ပြ ထားပါတယ်။

Monday, April 1, 2019

ရခိုင်တိုက်ပွဲ အပြန်အလှန်စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဇော်ထက်
 ရက္ခိုင့်တပ်မတော် တပ်များ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး AA ဘက်ကလည်း သူတို့ရဲ့ပြောဆိုချက်တွေ မှန် ကန်တယ်ဆိုတာ စောင့်ကြည့်လေ့လာလို့ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နှစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေတဲ့ တိုက်ခိုက်မှုတွေအတွင်းမှာတော့ အရပ်သားပြည်သူ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရ ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ ထား ပါတယ်။

AA အဖွဲ့က အရပ်သားဝတ်နဲ့ အသွင်ယူဝါဒဖြန့်၊ ခြိမ်း ခြောက်နေတယ်လို့ တပ်မတော်ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-01
ကိုကျော်သူ
 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ၂၀၁၉၊ မတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်



ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်မတော်က ဒေသခံတွေအဖြစ် အသွင်ယူလုပ်ကြံဝါဒဖြန့်၊ ခြိမ်းခြောက် ပြီး မဟုတ်မမှန် လိမ်လည်နေတာတွေကို မယုံကြည်ကြဖို့နဲ့ တွေ့ရှိလာရင် သတင်းပေးတိုင်ကြားဖို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်စစ်ဘေးရှောင်ဦးရေ ၂၃၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)  
မဆုမွန်၊ 30 မတ်၊ 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)


ရခိုင် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်တွင်း စစ် ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော် အထိ ရှိလာနေပြီး ဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် သောက်သုံးရေ ရှား ပါးပြတ်လပ်နေပြီး ရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ယာယီစခန်းတွေထဲ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေ တနေ့ထက် တနေ့ပိုတိုးလာနေပြီး စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး စောင့်ရှောက်မှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်း ထားပါတယ်။

Saturday, March 30, 2019

ရခိုင်မှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သရွေ့ICRC က ထောက်ပံ့ကူညီမည်ဟုဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝ မြေ)
နိရဉ္စရာ၊ မတ် ၃ဝ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ မပြန်နိုင်သေးသရွေ့ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)က ပြောသည်။

"

Friday, March 29, 2019

ရင်နှီးမြှုပ်နှံခြင်းနဲ့သာ ရိုဟင်ဂျာပြဿနာကို ကူညီရာ ကျမယ်လို့ တရုတ်သတင်းစာ ရေးသား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

 ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် 


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီး မြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

ရခိုင်ပြည်နယ် လူထုကို ကာကွယ်ဖို့ လူ့အခွင့်ရေးအဖွဲ့ တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

 မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က အရပ်သားတွေ နေထိုင်ရာဒေသတွေမှာ စစ်ဆင်တိုက် ခိုက်နေ တာတွေ ကို ချက်ခြင်း ရပ်ဆိုင်းခြင်းအားဖြင့် လူထုကို အကာအကွယ်ပေးဖို့ လန်ဒန်အခြေစိုက် BHRN ခေါ် မြန်မာ လူ့အခွင့်အရေးကွန်ယက် က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

Thursday, March 28, 2019

ရိုဟင်ဂျာအရေး အဖြေရှာဖို့ မလေးရှားမှာ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
မအင်ကြင်းနိုင်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစု အလိုက် ရှင်းလင်း  ဖယ် ရှားမှု အထိ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေ အဆုံးသတ်စေရေး ကျူးလွန်ခဲ့သူတွေကို ICC ၊ ICJ နိုင်ငံတကာ တရားရုံးတွေကနေ ကိုင်တွယ် အဖြေရှာသင့်ကြောင်း မလေးရှား နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ အရေး နိုင်ငံတကာ ဆွေးနွေးပွဲက တိုက်တွန်းခဲ့ပါတယ်။ မတ်လ ၂၅ - ၂၆ ရက်ထိ မလေးရှားမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Saifuddin Abdullah နဲ့ မလေးရှား နိုင်ငံခြားရေး ၀န် ကြီးဟောင်း Syed Hamid Syed Jaafar Albar တို့ တက်ရောက်ခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့် အစုံ တင်ပြမှာပါ။

Tuesday, March 26, 2019

ရသေ့တောင်ဒေသခံ စက်လှေသမားတစ်ဦး ကျည်ထိ မှန်သေဆုံး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-26
ကိုမင်းသိန်းအောင်

 သေဆုံးသွားတဲ့ ကူးတို့သမား ဦးမောင်ချေ ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ စက်လှေပြေးဆွဲနေတဲ့ ဒေသခံတစ်ဦးကို အစိုးရတပ်မတော်က ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ မိသားစုက ပြောပါတယ်။ 

တပ်မတော်ဘက်ကတော့ အကြောင်းမဲ့ပစ်ခတ်တာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။ဒီအကြောင်း  RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

ရှေးဟောင်းကျောက်တော်တောင်ဘုရားမှာတပ်စွဲ ထား တာကို တားမြစ်ပေးဖို့ မေတ္တာရပ်ခံ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-26
ကိုမင်းသိန်းအောင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အစိုးရတပ် တပ်စွဲထားတဲ့တောင်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် ကျောက်တော်မြို့အရှေ့ဘက်ကမ်းမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်စေတီတည်ရှိရာ ကျောက် တော်တောင်မှာ အစိုးရတပ်က တပ်စွဲထားတာကို တားမြစ်ပေးဖို့ သံဃာတော်တွေက ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ မနေ့က စာရေးသား မေတ္တာရပ်ခံလိုက်ပါတယ်။

သာသနိကနဲ့ ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦးတွေရှိတဲ့နေရာမှာ တပ်စွဲထားတာ မသင့်တော်ကြောင်းဒေ သခံတွေက လျှောက်ထားလာတဲ့အတွက် အခုလိုမေတ္တာရပ်ခံလိုက်တာလို့ ကျောက်တော်မြို့နယ် သံဃမ ဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောဘန က RFA ကို မိန့်ပါတယ်။

Monday, March 25, 2019

ပစ်ခတ်မှုလျော့ပါးရေး သဘောတူထားပေမယ့် ရခိုင် တိုက်ပွဲ ပြင်းထန်ဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန)

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျော့ချရေး ဆက်လက် ဆွေးနွေးသွားဖို့ အမျိုးသားပြန်လည် သင့်မြတ် ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ သဘောတူခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာကိုပဲ၊ ရခိုင်ပြည်နယ် အ တွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ရခိုင်အရပ်သားထိခိုက်မှု အချက်အလက် ANP စုံစမ်း စုဆောင်းမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊25 မတ်၊ 2019

မြောက်ဦး ရှေးဟောင်းအမွေအနှစ်စေတီများ 

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ်တို့ကြား စစ်ရေးပဋိပက္ခတွေကြား ဒေသခံ
တွေ ထိခိုက်သေကြေခဲ့ရတာ နောက် သံသယနဲ့ ဖမ်းဆီးထိန်းသိမ်း အရေးယူခံရတာ၊ ရှေးဟောင်းမြို့ ပျက် စီးဆုံးရှုံးမှုတွေအတွက် ကော်မရှင်ဖွဲ့ စုံစမ်းဖော်ထုတ်ပြီး နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ဒီသီတင်းပတ်ထဲ တင်ပြသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါ တီ ခေါင်းဆောင်တွေပါဝင်တဲ့ ကော်မရှင်ကပြောပါတယ်။ ရခိုင်ဒေသတွင်း ငြိမ်းချမ်းရေးရဖို့ဆိုရင် သောင်း ကျန်းသူ အကြမ်းဖက်အဖွဲ့ ဆိုတဲ့ အသုံးအနှုန်းကို သတင်းစာရှင်းလင်းပွဲမှာ အစိုးရ၊ တပ်မတော်ဘက်က ခေါ်ဝေါ်နေတာတွေကို သတိပြုဖို့လိုတယ် လို့လည်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက အကြံပြုပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းအရေး စုံစမ်းစစ်ဆေးဖို့လိုအပ်လို့ ခုံရုံး ဖွဲ့တာလို့ တပ်မတော်ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုဝင်းကိုကိုလတ်နဲ့ ကိုသီဟထွန်း
2019-03-25

 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၉၊ မတ် ၂၅ ရက်နေ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ ကျင်းပစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်- မောင်တောဒေသတွေမှာ ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းတွေက စွပ်စွဲလာတဲ့ လူ့အခွင့် အရေး ချိုးဖောက်မူတွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်က ခုံရုံး ဖွဲ့စည်းလိုက်တာဟာ လိုအပ်လို့ လုပ်သင့် လုပ်ထိုက်လို့ ဆောင်ရွက်တာဖြစ်ပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုတာတွေကို လျော့နည်းအောင် လုပ်တာ မဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီက RFA ကို ဒီနေ့ ပြော ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */