RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-01
ကိုကျော်သူ
ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်မတော်က ဒေသခံတွေအဖြစ် အသွင်ယူလုပ်ကြံဝါဒဖြန့်၊ ခြိမ်းခြောက် ပြီး မဟုတ်မမှန် လိမ်လည်နေတာတွေကို မယုံကြည်ကြဖို့နဲ့ တွေ့ရှိလာရင် သတင်းပေးတိုင်ကြားဖို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-04-01
ကိုကျော်သူ
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ၂၀၁၉၊ မတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်မတော်က ဒေသခံတွေအဖြစ် အသွင်ယူလုပ်ကြံဝါဒဖြန့်၊ ခြိမ်းခြောက် ပြီး မဟုတ်မမှန် လိမ်လည်နေတာတွေကို မယုံကြည်ကြဖို့နဲ့ တွေ့ရှိလာရင် သတင်းပေးတိုင်ကြားဖို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကျေးရွာတွေအနီး အရပ်ဝတ်နဲ့ သေနတ်ကိုင်တိုက်ပွဲတွေ ဖန်တီးတာ၊ ရဲစခန်းတွေ၊ အုပ်ချုပ်ရေးမှူးတွေဆီကို ကျည်ဆံနဲ့ ခြိမ်းခြောက်စာပို့တာ၊ လက်တွေ့ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် လူမှုကွန်ရက်စာမျက်နှာနဲ့ ဝက်ဆိုက်တွေပေါ်မှာ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်နေတာတွေ ရှိနေတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ တပ်မတော်သ တင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
တပ်မတော်ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကို RFA က ဆက်သွယ်မေး မြန်းရာ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်ကို ထောက်ခံသလား၊ ဗမာ့တပ်မတော်ကို ထောက်ခံသလားဆိုတာ ရခိုင်ပြည်သူတွေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်လိုက်ရင် ရှင်းသွားလိမ့်မယ်လို့ ပြောပါတယ်။
မတ်လ ၂၃ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူး သေနတ်နဲ့လုပ်ကြံခံရတာကို စာရေးဆ ရာမ နွယ်သာဂီ ဆိုသူ အမျိုးသမီးက တပ်မတော်အပေါ် ပြည်သူက အထင်မြင်လွဲမှားအောင် ရည်ရွယ်ပြီး လူမှုကွန်ရက်မှာ မဟုတ်မမှန် လုပ်ကြံ Live ထုတ်လွှင့်တာကိုလည်း တရားဥပဒေအရ အရေးယူအမှု ဖွင့် သွား မယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို ဦးစားပေးပြီး AA ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ်သတ် မှတ်ထားသလို ဒေသခံတွေအပေါ် မဟုတ်မမှန် လိမ်လည်ပြီး ဝါဒဖြန့်နေတာတွေကို မယုံကြည်ကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ နီးရာဓား ကြောက်နေကြရပြီး AA အဖွဲ့ဖက်က လုပ်ကြံဖန်တီးတာ တွေ ပိုမိုများပြားလာမှာစိုးရိမ်လို့ အခုလို ထုတ်ပြန်ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ် မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"တိုက်ပွဲကရှိနေဦးမယ်၊ လုပ်ကြံဖန်တီးမှုတွေကလည်းရှိနေလို့ အထောက်အထားတွေနဲ့ ထုတ်ပြန်ရ ခြင်း ဖြစ်ပါတယ်၊ ခုနောက်ပိုင်း ရွာနားတွေမှာ တိုက်ပွဲဖော်ေဆောင်တာ များလာတယ်၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ ရွာအနီးနားတွေကနေ ဖြတ်သွားတဲ့အခါမှာ ပစ်တယ်ခတ်တယ်ထင်ပြီးရင် ရွာထဲကိုဝင်ပြေးသွားတယ်၊ အသင့်ဖန်တီးထားသလိုပဲ ဟိုက သေသွားပြီ ဒီက သေသွားပြီ ကျွန်တော်တို့ လည်း စုံစမ်းရရှိသလောက်ပဲ ဆောင် ရွက်ပေးလျက်ရှိတယ်။ ဒေသခံတွေကနီးရာ ဓားကို ကြောက်နေရ တယ်၊ ကျည်ဆံပါတဲ့ စာအိတ်တွေပေးတယ်။ ခြိမ်းခြောက်တယ်။ လက်တွေ့ သတ်ပြတယ် ထွက်ပေး ဒီ အတိုင်းပြောပေး ဒီအတိုင်းထွက်ပေးဆိုရင် ဒီအတိုင်းပြောပေးနေရတယ်၊ လုပ်ကြံဖန်တီးတာတွေ ပိုများ လာမှာမို့ ကြိုပြီး ထုတ်ပြန်ရတာပါ"
လူမှုကွန်ရက်စာမျက်နှာတွေ၊ website တွေကနေလည်း AA နဲ့ AA ထောက်ခံသူတွေက ပြည်သူတွေ အ ထင်လွဲမှားစေမယ့် ဝါဒဖြန့်တာတွေ လုပ်နေကြပြီး ဒါတွေကို တရားဥပဒေအရအရေးယူ ဆောင်ရွက်မယ် လို့လည်း ပြောပါတယ်။
အဲဒီထုတ်ပြန်ချက်အပေါ် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က အခုလို ပြန်လည်ငြင်းဆိုပါတယ်။
"စိတ်ဓာတ်စစ်ဆင်ရေးဌာနက သူတို့လုပ်နေကျအတိုင်း လုပ်တာလို့မြင်တယ်၊ ဗမာစစ်တပ်က သူတို့ ပြည်သူကို ကာကွယ်နေတယ်လို့ ယုံကြည်ရင် ရခိုင်ပြည်မှာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ကြည့်လေ၊ ရက္ခိုင့် တပ်မတော်ကို ထောက် ခံသလား၊ ဗမာလက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ခံသလား၊ ဘယ်သူကနေ သောင်းကျန်းနေသလဲဆိုတာ အဖြေရှင်းသွားမှာပေါ့နော်၊ နိုင်ငံတကာကလည်း မြင်သွားမယ် ပြည်သူ ကလည်း သိသွားမှာပေါ့"
တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပေါ် ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည် တစ်ဦးက---
"တပ်မတော်ဖက်ကလည်း ပြောလို့မရ၊ AA ဖက်ကလည်း ဝင်ပြောလို့မရ ဖြစ်နေကြတာကို ပြည်သူလူ ထုတွေက AA ကို သောင်းကျန်းသူအဖြစ် သတ်မှတ်တယ်ဆိုရင် သူတို့သဘောပေါ့။ ပြည်သူလူထုက ဘယ်ဖက်ကလိုက်လိုက် မှန်တယ်ဆိုတာမရှိ ဒီဖက်က’’
မြောက်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်တွေဆီ ကိုယ်တိုင်ကွင်းဆင်းပြီး အခြေအနေတွေကို မေးမြန်းနေတဲ့ ANP ပါတီရဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အခုလိုပြောပါ တယ်။
"AA ဖက်က စာပို့တာတွေကို ဟုတ်ပါတယ်။ ဒီစာတွေပို့ထားတယ်ဆိုတာ အမှန်အတိုင်းဝန်ခံထားတာ တွေရှိတယ်။ ခုလက်တွေ့မှာတော့ စစ်ပွဲရှောင်တွေက နှစ်ဖက်တိုက်ပွဲတွေကနေ ထွက်ပြေးရသူနည်း တယ်၊ များသောအားဖြင့် တပ်ကလာပြီး ပစ်ခတ်မှုတွေရှိတယ်လို့ အန်တီတို့ နားထောင်ခဲ့ရတယ်၊ အမှန် တရားတစ်ခု ပေါ်ပေါက်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ ဟိုဖက်ကလည်းပြောသွားတာပဲ တပ်မတော်က သူတို့ ငါးချဉ်ချဉ်တယ်ဆိုတဲ့ စ ကားလုံးတွေ AA ဖက်ကလည်း ငါတို့မတိုက်ဘူး တစ်ဖက် နဲ့တစ်ဖက် ငြင်းတာတွေရှိတယ်"
လက်ရှိတိုက်ပွဲတွေက ရခိုင်ပြည်နယ်ထဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး AA ရဲ့ လုပ်ကြံဖန်တီးတဲ့ သ တင်းတွေကို မယုံကြည်ဖို့ တပ်မတော်ဖက်က တိုက်တွန်းထားပါတယ်။
တပ်မတော်က ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာဟာ စစ်ရာဇ ဝတ်မှုမြောက်တဲ့အတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ဖို့ကြိုးပမ်းသွားမယ်လို့ AA က ပြောထား ပါတယ်။
မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာတော့ ရခိုင်ပြည်နယ်က တိုက်ပွဲ တွေမှာတပ် မတော်ဘက်က အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာမဟုတ်ပဲ AA အဖွဲ့က နေအိမ်တွေကို အကာအ ကွယ်ယူတာတွေ၊ ဘုရားပုထိုးစေတီတွေ အနီးကနေ နေရာယူပြီး ပစ်ခတ်တဲ့အတွက် ပြန်ပစ်ရတာဖြစ် ကြောင်း ၊ AA က လူသားတံတိုင်းကာပြီး အရပ်သားတွေကို အသုံးချနေတာတွေ ရှိတယ်လို့ ပြောကြားခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လ ၂၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့ပြီး မိုင်း ပေါက် ကွဲမှု ၄၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မတ်လ ၂၉ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော် သမ္မတရုံး သတင်းစာ ရှင်း လင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၁၇၀၀၀ ကျော်နဲ့ အရပ်သား သေဆုံးသူ ၁၂ ဦး ရှိနေပြီလို့လည်း ပြောထားပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
Link : Here

No comments:
Post a Comment