Sunday, April 14, 2019

သေနတ်ကျည်ထိမှန်တဲ့ အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

RFA 
လွတ်လပ်တဲ့ အာရှအသံ
ကိုကျော်သူ
2019-04-14

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ ကျောဖက်ကနေ သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ဦးကျော်သိန်း ကို တွေ့ရစဉ်


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ မနေ့ညပိုင်းက သေနတ်ပစ်ခတ်မှုရှိခဲ့တာကြောင့် အရပ် သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်ကျည်ဆံထိမှန်ခဲ့သူတွေဟာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာကဖြစ်ပြီး အဲဒီရွာမှာ တိုက်ပွဲတွေ aကြာင့် ဘောင်းဒွတ်ရွာက ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ည ၁၀ နာရီလောက်ဝန်းကျင်လောက်မှာ သေနတ်သံတွေကြားခဲ့ရပြီး အစိုးရတပ်မတော်နဲ့ AA တို့ အပြန် အလှန်ပစ်ခတ်တဲ့ တိုက်ပွဲသဘောမျိုးမဟုတ်ဘူးလို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။ ဒီပြောဆို ချက်တွေနဲ့ပတ် သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပစ်ခတ်သံတွေ ကြားပြီးနောက်မှာတော့ ဘောင်းဒွတ်ရွာသားအသက် ၆၁ နှစ်အရွယ် ဦးမောင်ကျော်စိန် ဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆံထိမှန်ကာ သေဆုံးနေပြီး အသက် ၆၃ နှစ်အရွယ် ဦးကျော်သိန်း ဆို သူကတာ့ ကျောဖက်ကနေ သေနတ်ကျည်ဆံ ထိမှန်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြော ပါတယ်။

ညတွင်းချင်း အရေးပေါ်ဆေးရုံပို့ဖို့ စီစဉ်ပေမယ့်လည်း မြောက်ဦးမြို့မှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ် ပြန် ထားတာကြောင့် မနက်မိုးလင်းမှသာ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ မြောက်ဦး ကရု ဏာလှိုင်း သွေးအလှူရှင်များအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်သိန်းထွန်းက ပြောပါတယ်။

"သွားယူစဉ်တုန်းကတော့ သူနဲ့အတူအိပ်နေတဲ့သူကတော့ အဲ့မှာပဲ ပွဲချင်းပြီးသေတယ်၊ အဲဒါတော့ မြင် ခဲ့ရပါတယ်ခင်ဗျ၊ မြောက်ဦးဆေးရုံကို ပို့ပေးလိုက်တယ်၊ ဒီနေ့မနက် ၂ နာရီကျော်ကျော်လောက်မှာ ရှိ တယ်လို့ သိရပါတယ်၊ မနက်မှသွားယူရတာပါ ကျွန်တော်တို့ မြို့နဲ့ဆို ၅ မိုင်နီးနီးလောက်တော့ လှမ်း တာပေါ့လေ"

လက်ရှိ ရခိုင်ပြည်နယ် မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ တိုက်ပွဲပြင်း ထန်နေတဲ့ ကာလဖြစ်တာကြောင့် မြောက်ဦးမြို့နယ်အပါအဝင် ၅ မြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။

အသက် ၆၃ နှစ်အရွယ် ဦးကျော်သိန်းဟာ သေနတ်ကျည်ဆံထိမှန်ထားတဲ့ ဒဏ်ရာပြင်းထန်တာကြောင့် မြောက်ဦးဆေးရုံကနေ စစ်တွေဆေးရုံကို အရေးပေါ်လွှဲပြောင်းပေးလိုက်တယ်လို့ မြောက်ဦးမြို့နယ် ဆေး ရုံအုပ်ကြီး ဒေါက်တာခင်မောင်ရီ က ပြောပါတယ်။

"လူနာအခြေအနေကတော့ စိုးရိမ်ရတယ်၊ ဘယ်ဖက်နောက်ကျော ကျည်ဝင်တဲ့ဒဏ်ရာပါ၊ ကျည်တောင့် ဝင်သွားတာ၊ ကျွန်တော်တို့ ၉ နာရီခွဲလောက်မှာ စစ်တွေဆေးရုံကို လွှဲပေးလိုက်ပြီ၊ တစ်ယောက်က သေ တယ်၊ တစ်ယောက်က စစ်တွေကို လွှဲလိုက်တဲ့လူနာ"

ဒဏ်ရာရထားတဲ့ ဦးကျော်သိန်းရဲ့ သားဖြစ်သူ ကိုကျော်ရွှေက အခုလို ပြောပါတယ်။

"ကျွန်တော့်အဖေက သူ့အမျိုးအိမ်မှာ အိပ်နေတာ၊ သူ့ယောက်ဖနဲ့ အိပ်နေတာ၊ ကျွန်တော်က နောက် တစ်အိမ၊် ကျွန်တော့်အစ်ကို အိမ်မှာအိပ်နေတာ နည်းနည်းအလှမ်းတော့ ဝေးတယ်၊ ဖြစ်တာတော့ ကျွန် တော် လည်း ဘာမှမသိဘူး၊ ကျွန်တော် မနက်အိပ်ယာနိုးတော့ ဘောင်းဒွတ်ရွာမှာ အသုဘဖြစ်နေပြီ ကျွန် တော့်အဖေက ဆေးရုံရောက်သွားပြီ သေနတ်ဒဏ်ရာနဲ့ပေါ့၊ ကျောကုန်းမှာ ဝင်ပေါက်သွားတာ၊ ဘယ်သူ တွေ ပစ်မှန်း လည်းမသိဘူး၊ ဟိုတစ်ယောက်ကတော့ အဲ့မှာပဲဆုံးသွားပြီ၊ ကျွန်တော့်အဖေက လူ နာတင် ကားနဲ့ စစ်တွေကိုလိုက်လာတာ၊ မြောက်ဦးဆေးရုံရောက်ပြီးမှ အခုစစ်တွေဆေးရုံကိုပို့တာ အခု ခဏလေး ပဲရှိသေးတယ် ရောက်တာ၊ ဒဏ်ရာအခြေအနေကတော့ ကျွန်တော်လည်း မပြောတတ်ဘူး၊ ဆရာ ဝန်တွေကတော့ ဓာတ်မှန်တွေရိုက်နေပြီ အခုခွဲစိတ်ခန်းလုပ်နေလို့"

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြောက်ဦးရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ရဲစခန်းကဆင့်ခေါ်ခံထားရသူ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှုးဒု-ရဲမှူးကြီး တင်မင်းဦးကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေ ကြား ခင်း မရှိခဲ့ပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာ ----
"မကြားမိဘူးခင်ဗျ၊ ဘောင်းဒွတ်မှာ မကြားမိဘူး၊ ကျွန်တော်တော့ မကြားမိဘူးခင်ဗျ၊ အဲဒီ ဘောင်းဒွတ် မှာလေ သြော် ဘောင်းဒွတ်မှာ မကြားမိပါဘူးခင်ဗျ"

မနေ့ညက ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ရခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA ကဆက် သွယ်မေးမြန်းရာမှာ အခုလို ပြောပါတယ်။

"အဲဒီမှာ ဗမာစစ်တပ်က အသားလွတ်ပစ်သတ်တာလို့ ပြောတယ်၊ အဲဒီမှာ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး တဲ့၊ တိုက်ပွဲဖြစ်တာတော့ လုံးဝမရှိဘူး"

ဒါကတော့ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာအသက် ၆၀ ကျော်အရွယ် အရပ်သားနှစ်ဦး သေနတ် ကျည် ဆံထိမှန်ခဲ့တာနဲ့ ပတ်သက်ပြီး နားဆင်ခဲ့ရတာပါ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */