ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)
ရခိုင် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်တွင်း စစ် ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော် အထိ ရှိလာနေပြီး ဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် သောက်သုံးရေ ရှား ပါးပြတ် လပ်နေပြီး ရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ယာယီစခန်းတွေထဲ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေ တနေ့ထက် တနေ့ပိုတိုးလာနေပြီး စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး စောင့် ရှောက်မှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်း ထားပါတယ်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေး ဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့ တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်က ယာယီ ဒုက္ခသည် စခန်းပေါင်း ၄၀ ထဲက စစ်ရှောင်ပြည်သူ တွေ အပါအဝင် ကျေး ရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စုစုပေါင်း အခု နောက်ဆုံးအချိန်အထိ ၂၃၅၀၀ အထိရှိသွားပြီ ဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံ ကောက် ယူထားတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) က ပြောပါတယ်။ စခန်း (၄၀)ထဲက မှ မြို့နဲ့ အလှမ်းဝေးတဲ့ စခန်း(၃၀)ကျော်က စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေ အခက်ခဲတွေ့နေ ပြီ အရေးပေါ်ရေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အ စည်းအရုံးက ကိုဇော်ဇော်ထွန်းက အခြေအနေကို ရှင်းပြပါတယ်။
"ကျနော် အခုလောလောဆယ်မှာ လူတွေက ကြုံတဲ့ရေကိုပဲ ကြုံသလို သောက်နေရတယ်ပေါ့နော် သူတို့။ ကျေးရွာတွေမှာ ရှိနေတဲ့ ရေတွင်း ရေကန်ကနေပြီးတော့မှ သော်လည်းကောင်း၊ နောက်အနီးအနားကနေ သယ်ပြီးတော့သော်လည်းကောင်း၊ မသန့်ရှင်းတဲ့ ရေအချို့ကို တချို့ သောက်နေရပြီ အဲ့သလို အခြေအနေ တွေဖြစ်နေပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကျနော် ပြောထားပါတယ်။ ရေကို ကြိုချက်ပြီးတော့မှ သောက်ဖို့ပေါ့နော်။ နောက်ပြီးတော့မှ ဒီကြိုချက်ထားတာ မဟုတ်တဲ့ရေတွေကို လုံးဝမသောက်ဖို့ပေါ့နော်။ အဲ့ဒါကို ကျနော်တို့ သေချာပြောထားပါတယ်။"
နွေရာသီ ဖြစ်လာချိန် ရေက ပြတ်လပ်ချိန်လည်းဖြစ်သလို စစ်ပြေးဒုက္ခသည် ထောင်ချီရှိနေတဲ့ စခန်းတွထဲသောက် သုံးရေ ရှားပါးပြတ်လပ်လာနေတာပါ။ ပိုများပြားလာတဲ့ စစ်ရှောင် ဒုက္ခသည်တွေ ရေအရေးပေါ် ရနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အပါအဝင် လူမှုအဖွဲ့တွေဘက်ကတော့ အရေးပေါ် သောက်သုံးရေရနိုင်ဖို့ ရေအရင်းအမြစ် ပေးလှူနိုင်ဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ ဘက်ကတော့ ဒုက္ခသည်တွေအရေး စီမံဆောင်ရွက်ပေးမှု အားနည်းနေသေးတယ်လို့ ကိုဇော်ဇော်ထွန်းက ရှင်းပြပါတယ်။
"အခုကတော့ ကျနော်တို့ ဒီကူညီပေးနေတဲ့ အဖွဲ့အစည်းတချို့ကတော့ ဒီရေကိုပေါ့လေ ရှိတဲ့နေရာ ကနေပြီး တော့မှ ရောက်အောင်ပို့ဖို့အတွက်ကို ကြိုးစားနေပါတယ်။ ဒီကားလမ်းကနေပြီးတော့မှ ပို့လို့မရလို့ရှိရင်ပဲ လည်း ကျနော်တို့ တခြားပို့နိုင်တဲ့ လမ်းကြောင်းတွေရှာပြီးတော့ပေါ့နော် ဒီရေကြောင်းကနေသော် လည်း ကောင်းပါ့ အနီးစပ်ဆုံးရွာကို ပို့နိုင်တဲ့ အနေအထားမျိုး၊ အဲ့ဒီကနေပြီးတော့မှ စခန်းတွေအထိ ပို့နိုင်တဲ့ အနေ အထားပေါ့။ အဲ့လိုမျိုး ဖြစ်အောင်လို့ အဖွဲ့အစည်းအချို့က ကြိုးစားနေပါတယ်။ နောက်တခါ ကျနော်တို့ တွေ့ ရ သလောက်ကတော့ ဒီအပေါ်မှာ ဒီ ICRC ဟာလည်းပဲ ရေ အရင်းအမြစ်တွေရှာ၊ ရှာပြီးတော့မှ ရေသန့်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဟာမျိုးလည်းပဲ ကြိုးစားနေတယ်ဆိုတာ သိရပါတယ်။
အခုထိကတော့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူတို့က ဒုက္ခသည် အရေ အတွက် ဖော်ပြချက်ပေါ့လေ၊ တကယ့်လက်တွေ့မှာ ရှိတဲ့ အရေအတွက်ထက် တော်တော်လေးကို ကွာနေတာကို တွေ့ရတယ်ပေ့ါနော် ကျနော်တို့။ နောက် တခုကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဘာပါရှိ လဲဆိုလို့ရှိရင် သူတို့က ဒီလုံခြုံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ သွားနိုင်တဲ့ နေ ရာတွေကိုတော့ ပုံမှန်ထောက် ပံ့သွားမယ်ဆိုပြီးတော့ ပြောတာရှိပါတယ်။ ဆိုတော့ ကျနော်တို့က ဘာကို စိတ်ပူလဲဆိုလို့ရှိရင် ဒီလမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီးတော့မှ ဒီတိုက်ပွဲတွေကြားထဲ ပိတ်မိနေကြတဲ့ ဒါမှမ ဟုတ်လို့ရှိရင်လည်း တိုက်ပွဲတွေဖြစ်နေကြတဲ့ နေရာတွေကို အစိုးရကိုယ်တိုင်ကိုက ဒီသွားလာရ ခက်ခဲပြီး တော့မှ မပို့နိုင်ဘူးဆိုလို့ရှိရင် တခြားအဖွဲ့အစည်းတွေ သွားနိုင်ဖို့ အရမ်းခက်ပါတယ်။ ကျနော် အဲ့ဒီနေရာတွေ အတွက်တော့ အရမ်းစိတ်ပူပါတယ်။ လူတွေကနေပြီးတော့မှ နီးစပ်ရာ ထွက်ပြေးကျရင်းနဲ့ ဒီစခန်းဆိုတဲ့ နေရာကို မရောက်ဘဲနဲ့ နီးစပ်ရာရွာတွေမှာ ဖြစ်သလို ခိုလှုံနေရတာတွေလည်း ရှိပါတယ်။ ဒီ ၂၃၅၀၀ ကို
တော့ ရောက်နေပါပြီ။"
အခုလို အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့ စစ်ရှောင်ဒုက္ခသည်တွေအတွက် သက် ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဘယ်လို စီမံဆောင်ရွက်ပေးနေပါသလဲ ဆိုတာ သိရှိနိုင်ဖို့ သက်ဆိုင်ရာ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထား ရေး ဝန်ကြီးဌာနက ဗွီအိုအေမြန်မာပိုင်းက မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
တဘက်မှာလည်း စစ်ဘေးဒုက္ခသည် အရေအတွက်မှာ ရက်ပိုင်းအတွင် (၂) ဆ ခန့်ပိုများလာချိန် စခန်းအား လုံးမှာ စားနပ်ရိက္ခာ ပုံမှန်ကူညီ ထောက်ပံ့မှုတွေ အရမ်းအားနည်းလာနေပြီး သူတို့အတွက် အခြေခံ စားသုံး ကုန်ဖြစ်တဲ့ ဆန်ကစလို့ အခြေခံစားသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လာနေတဲ့ အနေအထားဖြစ် ပါတယ်။
အထူးသဖြင့် ရေပြတ်လပ်မှုကြုံနေရတဲ့ စခန်းတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းရှိ အထက် သင်ပုန်းတန်း၊ ဖားကြွယ် စခန်း၊ အောက်မြတ်လှဲ စခန်းများ၊ ဘူးသီးတောင်မြို့နယ်ရှိ ခွဆုံ၊ စေတီတောင် စ ခန်း များ၊ ရသေ့တောင် မြို့နယ်ရှိ ပဲသဒူ၊ ဈေးခေါင်း၊ ဆင်ခုံးတိုင်၊ အိုးဖောက် စခန်းများတွင် ပိုမိုပြီး အခက် အခဲ ကြုံနေရပါတယ်။ ဒုက္ခသည်တွေ ပိုများလာတဲ့ မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ်၊ ဘူသီးတောင်မြို့ နယ်တွေက ကျေးရွာတွေက ယာယီ စခန်းတွေ၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်း အဖျားပိုင်းရှိ စခန်းတွေမှာတော့ စားနပ်ရိက္ခာ အတော်လေး အခက်အခဲ ကြုံနေရတယ်လို့ စခန်းတွေအထိ ဒုက္ခသည် စာရင်းတွေကို လိုက်လံကောက်ခံနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးက ပြောပါတယ်။

Link : Here
No comments:
Post a Comment