Thursday, April 11, 2019

မြောက်ဦး ရခိုင်ရွာသား ၂၇ ဦး စစ်တပ်ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 11 ဧပြီ၊ 2019
 
မြန်မာ့တပ်မတော်မှ စစ်သားများ
 
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင် သွား တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေအဖြစ် မသင်္ကာသူ တွေကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်ပြောထားပေမဲ့၊ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိ သူတွေ က တော့ အခု အဖမ်း ဆီးခံသူတွေဟာ AA အဖွဲ့ဝင်တွေမဟုတ်ဘဲ ကျေးရွာလုံခြုံရေး ကင်းစောင့် အဖွဲတွေ လို့ ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထား ပါတယ်။

မြောက်ဦးမြို့က ရဲတပ်ရင်းတိုက်ခိုက်ခံရအပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေအတွင်း လက္ကာကျေး ရွာ သား ၂၇ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့တာပါ။ မနေ့က တပ်မတော်စစ်ကြောင်းတွေ ရွာထဲဝင် လာပြီး ဖမ်း ဆီးခေါ်ဆောင်သွားတဲ့အကြောင်း အဖမ်းခံရသူ ဦးအောင်စော ရဲ့ဇနီးဖြစ်သူက အခုလိုပြော ပါ တယ်။

“သူတို့တွေကလာကြတယ်ပေါ့ရွာထဲကိုဝင်ပြီး လက်နက်တွေအပေါ်ထောင်ပြီး ပစ်ကြတယ်ပေါ့။ ကျွန်မတို့ က ကြောက်တယ်ပေါ့။ သူတို့ကအကုန်လုံးထွက်ကြတဲ့ ကျွန်မတို့ကိုခေါ်တယ်ပေါ့နော်။ အဲဒီမှာသူတို့ကတဲ့ နာမည် စာရင်းနဲ့ရတယ်တဲ့ကျွန်မတို့ကို။ ကျွန်မယောကျ်ားကိုခေါ်တယ်ပေါ့။

 ကျွန်မတို့ကိုနေပူထဲမှာလှန်းထားပါတယ်။ ကျွန်မတို့ယောကျ်ားAAမဟုတ်ဘူးလို့။ မဟုတ်တဲ့အတွက် ကျွန်မတို့ခံစားရပါတယ်လို့။ AAအမှန်စစ်စစ်ဆို ကျွန်မ တို့မခံစားရပါဘူးလို့။ ကျွန်မတို့ဟာ ဆင်းရဲထမင်း ဆင်းရဲဟင်းရှာစားရတာပါလို့ အဲတာကိုပြောတယ်။ သူတို့က မယုံဘူးတဲ့။ ခင်ဗျားတို့အိမ်မှာ သေနတ်တွေ ရှိတာပဲတဲ့။ အဲတာကျွန်မကပြောတယ်။ ကျွန်မတို့အိမ်တွေ အခုဖမ်း ထားတဲ့လူတွေရဲ့အိမ်တွေ အကုန်လုံး ကျွန်မလိုက်ပြပေးပါ့မယ်လို့။ ဘာသေနတ်လဲမရှိဘူးလို့ မြင်လဲ မမြင်ဘူးဘူး လို့။အခုလဲကျွန်မတို့ယောကျာ်းဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူး။ ကျွန်မတို့ အရမ်းခံစားနေရပါတယ်။”

တပ်မတော်ဖက်ကနေ သိမ်းဆည်းရမိတဲ့ ဖွဲ့စည်းပုံစာရွက် စာရင်းတခုအရ ဒီလူတွေဟာ AA အဖွဲ့ဝင်တွေ ဖြစ် တယ်လို့ ဆိုပြီး ဖမ်းဆီးခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီစာရွက် ဟာ ကျေးရွာ လုံခြုံရေးအ တွက် ကင်းလှည့်စာရွက်ဖြစ်တယ်လို့ လက်ကာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင် သန်းမြင့် ကပြောပါတယ်။

“သူတို့ကရွာထဲကိုဝင်ပြီးတော့ပိတ်ဆို့မှုတွေလုပ်တုန်း ကင်းစောင့်တဲ့ဟာ ကင်းစောင့်တဲ့စာရွက် အဲဒီစာ ရွက် တရွက်က ရခဲ့တယ်လို့တော့။ အဲဒီစာရွက်နဲ့ နာမည်ခေါ်တော့တယ်။ ဒီလူတွေကAAဆိုပြီးတော့ သူ ကတယောက် ချင်းခေါ်တော့တယ်။ ကျွန်တော်တို့ကတော့ပြောတာဘဲ။ ဒီလူတွေကရွာသားတွေပါ။ AA တွေမဟုတ်ဘူး။ ရွာမှာဒီ ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်ဖို့အတွက် ဖွဲ့ထားတဲ့လူငယ်တွေ။ ကျွန် တော် လဲပြောတယ်။ မဟုတ်ဘူးတဲ့ ဒါAA တွေဆိုပြီးသူတို့ကခေါ်သွားတာ။”

မြန်မာစစ်တပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲက လက်ကာရွာသား ၁၉ ဦးပါဝင်ပြီး တစ်ခြားရွာက လက်သ မား လာလုပ်နေတဲ့သူ ၈ ဦးပါဝင်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်း ထွန်း က အခုလိုပြောပါတယ်။

“လက်ကာကျေးရွာအနီး လမ်းမပေါ်မှာ ထိတွေ့မှုဖြစ်တယ်။ ပြီးရင် လက်ကာကျေးရွာ ဘက်ပြေးသွားတယ်။ အဲတာနဲ့ ပက်သက်လို့ ကျွန်တော်တို့စစ်ဆေးတွေဘာတွေ လုပ်တယ်ဗျ။ မသင်္ကာဖွယ်(၂၃)ဦးမိခဲ့ပါတယ်။ လက်နက်ဖမ်းဆီး ရမိတာတော့မရှိပါဘူး။ ဖမ်းဆီးရမိတာကတော့ ဖွဲ့စည်းပုံတော့ ဖမ်းဆီးရမိတာရှိတယ်။ ကျန်တာတော့စစ်ဆေး ဖေါ် ထုတ်ဆဲဘဲဗျ အခုလောလောဆယ်တော့။”

တပ်မတော်အနေနဲ့ မသင်္ကာဖွယ်သူတွေကိုဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ထားပေမဲ့ လက်နက်တွေ ဖမ်းဆီး ရရှိခြင်းမရှိခဲ့ပါဘူး။

ဒီလိုဖမ်းဆီးခံရမှုအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ လူမူကူညီရေးအသင်းအဖွဲ့တွေကလဲ ဒီမနက် မှာ လက်ကာကျေးရွာကို ရောက်ရှိနေပြီး အခြေအနေအရပ်ရပ်ကို စုံစမ်းမေးမြန်းနေပါတယ်။

မြောက်ဦးမြို့နယ်မဲဆန္ဒပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကတော့ အဖမ်းဆီးခံရ သူတွေ ဟာ အမှန်တကယ်ရွာသားတွေ ဖြစ်ကြောင်း သက်ဆိုင်ရာကိုတိုင်ကြားဖို့ အကြံပြုခဲ့တယ်လို့ပြောပါတယ်။

“ရွာသားတွေကကျွန်တော်ကိုတိုင်ကြပါတယ်။ တိုင်ကြတော့ကျနော်တခါတည်းနဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ကျနော်ဖုန်းဆက်ပါတယ်။ ပြီးတော့ကျနော်လွှတ်တော်ဥက္ကဋ္ဌ ကိုလဲဖုန်းဆက်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေး အထောက် အကူပြုကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ဦးဇော်အေးမောင်က အဲဒီ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူတွေ ရဲ့ အမည်စာရင်းနဲ့တကွ ကျွန်တော်ကို Viberနဲ့ပို့ပေးပါ ဆိုလို့ ကျွန်တော်Viberနဲ့ ပို့လိုက်တယ်။ သူတို့ကတော့ ပြည် ထောင်စုကို တင်ထားတယ်လို့ပြောပါတယ်။ အခုလဲဘဲ ကျွန်တော်ရွာကို ရောက်နေတဲ့ အကြောင်းက ဒီမိသားစုဝင် တွေ အနေနဲ့ ကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်း တွေ ကို ဒါတွေဟာ အမှန်တကယ် ရွာသား ပါဘဲ သူတို့မှာအပြစ်မရှိပါဘူးဆိုတဲ့အကြောင်းကို လက်မှတ်ထိုး ပြီး တော့သက်ဆိုင်ရာဌာနတွေကို တိုင်ပါ။ ကျွန် တော် တို့ကိုလဲ မိတ္တူပေးပါဆိုပြီးတော့ အကြံပြုတဲ့ အနေနဲ့ ဒီ ရွာကို ရောက်နေတာဖြစ်ပါတယ်။”

ဧပြီလ ၉ ရက်နေ့ညက မြောက်ဦးမြိုရှိ ရဲတပ်ရင်းဌာနချုပ်ကို ရခိုင့်တပ်မတော် AA ကနေဝင်ရောက်တိုက် ခိုက်ခဲ့ပြီး ရဲမိသားစုဝင်(၇)ဦးကိုလဲ ဖမ်းဆီး သွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သ တင်း ထုတ်ပြန်ထား ပါတယ်။ ဒါပေမဲ့ AA အဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ လမ်းကြောင်းမှာ ဒီမိသားစု တွေကို ရှိနေခဲ့ပြီး အသက် အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးဖို့ ကယ်ထုတ်ခဲ့တာဖြစ်ကြောင်းနဲ့ လော လော ဆယ် ကောင်းမွန်စွာ စောင့် ရှောက်ထားပြီး ပြန်လည် လွဲပြောင်းပေးသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။

၉ ရက်နေ့ညတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့သလို မြန်မာအစိုးရဖက်က တပ်မတော် လက်နက်ကြီး တပ်က ဗိုလ်ကြီး အဆင့်တဦး အပါအဝင် (၂၀)ဦး ကျဆုံး သွားတယ်လို့လည်း AA ဘက်ကပြောပါတယ်။

မြောက်ဦးမြို့အတွင်း ပစ်ခတ်မှုအပြီး ဆင်အိုးကျေးရွာ ဘူးရွက်မညှိုးကျေးရွာ ချောင်းသစ်ကျေးရွာဖက်မှာလဲ လက် နက်ကြီး လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးသွားသလို ချောင်းသစ်ရွာက ကလေးငယ်တဦးနဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ဖြစ်ပွားတဲ့ တိုက်ပွဲစဉ်တွေအတွင်း အရပ်သားတွေ အပေါ်ပစ်မှတ် ထားတိုက်ခိုက်မှုတွေ များလာနေလို့ ဒေသခံတွေစိုးရိမ်စိတ်တွေ တိုးပွားနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */