Monday, March 25, 2019

ရခိုင်အရပ်သားထိခိုက်မှု အချက်အလက် ANP စုံစမ်း စုဆောင်းမည်

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊25 မတ်၊ 2019

  မြောက်ဦး ရှေးဟောင်းအမွေအနှစ်စေတီများ

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ်တို့ကြား စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ ထိခိုက်သေကြေခဲ့ရတာ နောက် သံသယနဲ့ ဖမ်းဆီးထိန်းသိမ်း အရေးယူခံရတာ၊ ရှေးဟောင်းမြို့ ပျက် စီးဆုံးရှုံးမှုတွေအတွက် ကော်မရှင်ဖွဲ့ စုံစမ်းဖော်ထုတ်ပြီး နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ကို ဒီသီတင်းပတ်ထဲ တင်ပြသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေပါဝင်တဲ့ ကော်မရှင်ကပြောပါတယ်။ ရခိုင်ဒေသတွင်း ငြိမ်းချမ်းရေးရဖို့ဆိုရင် သောင်း ကျန်းသူ အကြမ်းဖက်အဖွဲ့ ဆိုတဲ့ အသုံးအနှုန်းကို သတင်းစာရှင်းလင်းပွဲမှာ အစိုးရ၊ တပ်မတော်ဘက်က ခေါ်ဝေါ်နေတာတွေကို သတိပြုဖို့လိုတယ် လို့လည်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက အကြံပြုပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်း ထန်နေဆဲဖြစ်လို့ စစ်ဖြစ်ပွားရာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်က ယာယီ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းပေါင်းတွေမှာ ခိုလှုံနေသူ တွေအပါအဝင်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့ဒုက္ခသည်ပေါင်းနှစ်သောင်းကျော်ရှိသွားပြီဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးမှုကင်းပြီး နယ်မြေမတည်ငြိမ်ဖြစ်နေချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ် တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့အပါအဝင် ရခိုင်ဒေသခံတော်တော်များများ ဖမ်းဆီး စစ်ဆေး တရားစွဲခံနေရတဲ့အတွက် ဒေသခံပြည်သူတွေမှာ အတော်လေး စိုးရိမ်ကြောက်လန့်နေကြ ရ တယ်လို့ ရခိုင်အမျိုး သားပါတီ ANP ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကပြောပါတယ်။

“ စွပ်စွဲမှုတွေနဲ့ သံသယတွေနဲ့ ဆောင်ရွက်တာတွေကို ကျမတို့ အချိန်မှီ တားဆီးနိုင်ဖို့လုပ်ပါတယ်။ ရုပ်သိမ်း နိုင်ဖို့လုပ်ပါတယ်။ ကျမတို့ အပြစ်မဲ့ ပြည်သူတွေ စိတ်အနာတရတွေ၊ ကိုယ် အနာတရတွေ အခုဆိုရင် ဟိုက ဒီက ဖမ်း ဆီးထားတာတွေ ချုပ်နှောင်ထားတာတွေ အချုပ်ခန်းထဲမှာ မတွေ့ရတာတွေ အများကြီး တနေ့တနေ့ ကို ၊ ကျမ က ရှေ့နေဆိုတော့ လာကြတယ် အကူအညီတောင်းကြတယ်။

 ကျမအမှုလိုက်ပေးရတယ် အဲဒါမျိုးတွေရှိနေတယ်။ ဒါတွေကတော့ ရခိုင်မှန်သမျှ AA ပဲလို့ အသားလွှွတ်ကြီး ယေဘုယျဆန်ဆန် ပြောလိုက်တာထက် သတင်းတွေ ထုတ်ပြန်တာထက်၊ သတင်းစာတွေရှင်းလင်း တာတွေ က ဗျောင်လိမ်ကြီးလို ဖြစ်နေတာဆိုတော့ ဘက်လိုက်တဲ့ အနေအထားတွေက ပါတယ်။ ဘယ်မှာလဲ အမှန်တရား၊ ဘယ်မှာလဲ တရားမျှတမှု၊ ဘယ်မှာလဲ ကောင်းမြတ်တဲ့ စိတ်စေတနာတွေလဲဆိုတာကို ကျမတို့ စမ်းစစ်ဖို့ လိုတဲ့အနေအထားတွေရှိတယ်။ ဒါတွေကြောင့် ကျမတို့ကိုယ်တိုင် စုံစမ်းရေးကော်မရှင် တွေဖွဲ့ပြီး တာ့ အမှန်တရားတခုကို ဘယ်လောက်အထိ ကျမတို့ကိုယ်တိုင်ဖော်ဆောင်ပြီးတော့ ညွှန်ကြပေးနိုင်မလဲ ဒီ လိုအမှားတွေကို ဘယ်လိုနည်းနဲ့ အချိန်မှီအတွင်းမှာ ဘယ်လိုကုသမလဲဆိုတာကိုဒါတွေအတွက် ကျမတို့ အဖြေရှာနိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင်က အလုပ်တွေကို ဦးစားပေးလုပ်ရတာဖြစ်ပါတယ်။”

ဒီလိုမျိုးဒေသခံတွေအပေါ် မတရားစွပ်စွဲမှုတွေနဲ့ ဖမ်းဆီးအရေးယူနေတာအပါအဝင် စစ်ဖြစ်ပွားချိန် အရပ် သားတွေ သေကြေ ထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ် ပျက်စီး ဆုံးရှုံးနစ် နာမှုတွေကို ဖြစ်ပွားရာနေရာတွေအထိ ကွင်းဆင်းပြီး ANP ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ ကော်မရှင်ဖွဲ့ပြီး ကွင်းဆင်း စုံစမ်းနေတယ်လို့ ကော်မရှင်ဦးဆောင်သူ လည်း ဖြစ် ဥပဒေပညာရှင်ရှေ့နေတဦးလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က အခုလိုရှင်းပြပါတယ်။

"ကျမကိုယ်တိုင်ပါဝင်ပြီးတော့ ဖွဲ့စည်းတဲ့နေ့ကနေ တပတ်အတွင်း အစီရင်ခံစာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ်တွေကို ကျမတို့ ဆက်လက်ပြီးတော့ တင်ပြသွားဖို့ အနေအထားရှိပါတယ်။”

ဒီကော်မရှင်ကို မတ်လ ၂၀ရက်နေ့ကဖွဲ့ခဲ့ပြီး ၇ရက်အတွင်းမှာ ကွင်းဆင်းစုံစမ်းရရှိလာတဲ့ အခြေအနေတွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဒီသီတင်းပတ်ထဲမှာပဲ အမြန်ဆုံးတင်ပြ သွားမယ်လို့ ကော်မရှင်ကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်ဒေသခံတွေကို မသင်္ကာမှုတွေနဲ့ ဖမ်းဆီးစစ်ဆေး တာအပါ အဝင် အခုလို တပ်ဘက်က သတင်းစာရှင်းလင်းမှုတွေမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့အပေါ်အကြမ်း ဖက်သောင်းကျန်းသူတွေလို့ ခေါ်ဝေါ် သုံးစွဲနေ တာတွေဟာ ပိုပြီးတော့မှ စစ်မီးတောက် စေမယ့် အခြေ အနေတွေဖြစ်နေတဲ့ အတွက် သတိထားသင့်တယ်လို့ ရခိုင်အမျိုးသားကွန်ရက်ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

"စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ပြောတာလည်းရှိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိက ကျနော်တို့ လိုလားခဲ့ရင်ပေါ့နော် ၊ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို သောင်းကျန်းသူလို့ မြင်နေသမျှ ဒါတွေက ပြေလည်နိုင်မယ့်အချက်တွေမဟုတ်ဘူးလို့မြင်တယ်။ တွေ့ဆုံဆွေးနွေးရေးတွေ လုပ် တဲ့အခါလည်း အနှစ်သာရရှိရှိပေါ့ တိုင်းပြည်ရဲ့ လက်ရှိ ပကတိအခြေအနေမှန်တွေကို အခြေခံတဲ့ တွေ့ ဆုံ ဆွေးနွေးမှုဖြစ်ဖို့လိုအပ်တယ်လို့မြင်တယ်။ တွေ့ဆုံဆွေးနွေးမှုတွေတော့ လုပ်ပါတယ် လုပ်ပြီးတဲ့အခါ အပြစ် ဖို့တဲ့ သတင်းစာရှင်းလင်းရေးပုံစံမျိုး ကိုယ့်ကိုယ်ကို cover ယူတဲ့ သတင်းထုတ်ပြန်မှုတွေ လုပ်မယ် ဆိုရင် တော့ ကျနော်တို့တိုင်းပြည်ပြဿနာ ပြေလည်လာစရာအကြောင်းမရှိဘူးလို့ ကျနော်တို့ တိုင်းပြည်ရဲ့ ပက တိအခြေအနေနဲ့ မြင်တယ်ပေါ့နော်။”

ရခိုင်စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တာတွေကို ရခိုင်ပြည်နယ်တွင်းက စစ်ရှောင်စခန်းတွေအထိ ကိုယ်တိုင်သွားရောက် အကူညီပေးနေတဲ့ အဖွဲ့တွေနဲ့အတူ မြောက်ဦး ကိုရောက်ရှိနေတဲ့ ရခိုင်အမျိုးသား ကွန်ရက်က ဦးတင်ထူးအောင်က အခုလက်ရှိမှာကို မြောက်ဦးမြို့အနီးမှာ လက်နက်ကြီး အသံတွေကြားနေ ရလို့ ဒေသခံတွေရော စစ်ရှောင်တွေပါ ကြောက်လန့်နေကြတယ်လို့ အခုလိုပြောပြပါတယ်။

"ကျနော်ဒီမှာပေါ့နော် မြောက်ဦးရောက်နေတာပေါ့နော်။ ကျနော်တို့ ဒုက္ခသည်စခန်းတွေလည်း ရောက်ခဲ့ တယ်၊ မင်းပြားမြို့နယ်ထဲမှာရှိတဲ့ ဒုက္ခသည်စခန်း ။ အခုကျနော်မြောက်ဦးမှာ ကျနော်ရောက်နေပြီ ။ လက် နက်ကြီးပစ် ခတ်မှုက အကြိမ် ၃၀ ကျော်လောက်ရှိနေပြီ ပစ်တာကတော့ ဘယ်ကို ပစ်မှန်းမသိဘူး။ အနီး အနားကို ပစ်နေတဲ့သဘောပဲ ၊ နောက်ပြီးတော့ တဒိန်းဒိန်းအသံတွေ ကြားနေရတယ် ပြည်သူတွေ အတွက် လည်းအများကြီး စိုးရိမ်ကြောက်လန့်မှုတွေဖြစ်တယ်။ ဆိုတော့ ဒီအချက်တွေကို လက်ရှိအစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် တာဝန်ယူဆောင်ရွက်ဖို့လိုအပ်တယ် လွှတ်တော်တို့ ဘာတို့ အစစအရာရာပေ့ါနော်။”

အခုလို နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က လက်ရှိဖြစ်နေ တဲ့ရခိုင်ပြည်နယ်အနေ အ ထားတွေကို ကွင်းဆင်းစုံစမ်းနေချိန်မှာပဲ နိုင်ငံတော်သမ္မတရုံးဘက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို ဖွဲ့စည်းပေးထားပါတယ်။ ဒါပေမဲ့လို့ အစိုးရဖွဲ့ပေးထားတဲ့ကော်မတီဟာ ရခိုင်ပြည် နယ်တည်ငြိမ်အေးချမ်းရေး အမှန်တကယ် လုပ်ဆောင်နိုင်ပါ့မလား ဘာတွေလုပ်ဆောင်ဖို့ ရှိနေပါ သလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */