Tuesday, March 26, 2019

ရှေးဟောင်းကျောက်တော်တောင်ဘုရားမှာတပ်စွဲ ထား တာကို တားမြစ်ပေးဖို့ မေတ္တာရပ်ခံ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-26
ကိုမင်းသိန်းအောင်
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အစိုးရတပ် တပ်စွဲထားတဲ့တောင်ကို တွေ့ရစဉ်
 
ရခိုင်ပြည်နယ် ကျောက်တော်မြို့အရှေ့ဘက်ကမ်းမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်စေတီတည်ရှိရာ ကျောက် တော်တောင်မှာ အစိုးရတပ်က တပ်စွဲထားတာကို တားမြစ်ပေးဖို့ သံဃာတော်တွေက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ မနေ့က စာရေးသား မေတ္တာရပ်ခံလိုက်ပါတယ်။

သာသနိကနဲ့ ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦးတွေရှိတဲ့နေရာမှာ တပ်စွဲထားတာ မသင့်တော်ကြောင်းဒေ သခံတွေက လျှောက်ထားလာတဲ့အတွက် အခုလိုမေတ္တာရပ်ခံလိုက်တာလို့ ကျောက်တော်မြို့နယ် သံဃမ ဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောဘန က RFA ကို မိန့်ပါတယ်။

မနေ့က မေတ္တာရပ်ခံစာထဲမှာ ပြည်နယ်၊ မြို့နယ် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်တွေအပါအဝင် သံဃာ တော်အပါး ၂၀ ကျော်က လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီမေတ္တာရပ်ခံစာကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံ မနေ့က ပေးအပ်ရာမှာ အစည်းအဝေးရှိနေလို့ ဆိုပြီး တွေ့ခွင့်မရခဲ့ဘူးလို့ ဆရာတော်တွေက မိန့်ပါတယ်။

ကျောက်တော်တောင်မှာ အစိုးရတပ်က ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး တပ်စွဲထားတာကြောင့် ဒေသခံ တွေဟာ ဘုရားကိုမသွားရဲဘဲ ဖြစ်နေကြတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ အဲဒီမေတ္တာရပ်ခံစာကို သူ့အနေနဲ့ လက်ခံရရှိခြင်းမရှိသေးသလို အဲဒီနေရာမှာ တပ်စွဲထားခြင်းရှိ၊ မရှိဆိုတာကို သူ့အနေနဲ့ ဂဃနဏ မသိရှိသေး ဘူးလို့ RFA ကိုပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */