Tuesday, April 2, 2019

ရခိုင်ပြည်နယ်တွင်း ၂ လကြာ ညမထွက်ရအမိန့်ထုတ်

VOA 

ဗွီအိုအေ (မြန်မာဌာန)
02 ဧပြီ၊ 2019 

 ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်များ 
 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ အရထုတ်ပြန်တဲ့ အဲဒီ ညမထွက်ရ အမိန့်ကို ဒီကနေ့ကစပြီး ၂ လကြာထိ အတည်ဖြစ်တဲ့အကြောင်း အမိန့်စာမှာ ဖော်ပြ ထားပါတယ်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့နယ်ငါးမြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်ပြုဖို့ တင်ပြ တဲ့အပေါ် အတည်ပြုကြောင်းနဲ့ ဧပြီလ ၂ ရက် ဒီကနေ့မှာ အမိန့်ထုတ်ပြန် ဆောင် ရွက်သွားဖို့ ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်း တင့်က ဧပြီလ ၁ ရက် တနင်္လာနေ့မှာ အကြောင်းကြားပြီးတဲ့နောက် မင်းပြားအုပ်ချုပ်ရေးမှူးရဲ့ ဒီကနေ့အမိန့် ထွက်လာတာလည်းဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ပြည်တွင်းအခြေစိုက် သတင်းဌာနတချို့ဆီကို AA အဖွဲ့နဲ့ပတ်သက်လို့ မဟုတ်မမှန် ဖာ်ပြ တာ၊ အကြမ်းဖက် သောင်းကျန်းသူလို့ သုံးနှုှုန်းတာနဲ့ အစိုးရဘက်ကို ဘက်လိုက်ဖော်ပြတာတွေ ရှိ တယ်ဆိုပြီး ခြိမ်းခြောက်စာတွေ ရထားတဲ့ အကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ခြိမ်းခြောက်စာရတဲ့ သတင်းဌာနတွေထဲမှာ 7 Days သတင်းဂျာနယ်၊ The Voice ဂျာနယ်၊ Eleven Media Group ၊ Mizzima ၊ MCN ၊ ရန်ကုန်ခေတ်သစ်နဲ့ သူရိယနေဝန်းဂျာနယ်တို့ ပါတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီခြိမ်းခြောက်စာကို ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက ပို့တာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */