Saturday, March 30, 2019

ရခိုင်မှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သရွေ့ICRC က ထောက်ပံ့ကူညီမည်ဟုဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝ မြေ)
နိရဉ္စရာ၊ မတ် ၃ဝ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ မပြန်နိုင်သေးသရွေ့ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများအားထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတ(ICRC) က ပြောသည်။

" တကယ်လို့ တိုက်ပွဲတွေသာ ဆက်ဖြစ်နေမယ်၊ စစ်ဘေးရှောင်တွေလည်း ကိုယ့်နေရပ်ကို ပြန်ပြီး မသွား နိုင်ဘူပေါ့ လေ။ အဲလိုဆိုလို့ရှိရင် သူတို့အနေနဲ့ မိုးရာသီကျလာလို့ရှိရင် အခက်အခဲတွေ အများကြီးရှိ လာ နိုင်ပါတယ်။ ဥပမာဆိုလု့ိရှိရင် နေရေး၊ ထိုင်ရေးတွေပေါ့လေ။ အဲလို နေရေးထိုင်ရေးတွေ၊ ကလေးတွေ ကျောင်းတက်ဖို့အချိန်ရောက်တဲ့အခါမှာ ပညာရေးကဏ္ဍတွေပေါ့။ အဲလိုမျိုးတွေ အခက်အခဲတွေအများကြီး ရှိလာနိုင်ပါတယ်။ ကျမတို့အနေနဲ့ကတော့ ဒီလူတွေ၊ ဒီဒုက္ခသည်တွေကို ကိုယ့်နေရပ်ကို မပြန်မချင်း ယာယီ စခန်းမှာ ရှိနေသမျှကာလပတ်လုံး ကျမတို့အနေနဲ့ ကူညီထောက်ပံ့ သွားဖို့ရှိပါတယ်"ဟု ICRC ၏ လူမှုစီး ပွားဘဝ ဖူလုံရေးဌာနမှ ကွင်းဆင်းအရာရှိ မဖြူဖြူထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ၂ သောင်း ၂ ထောင်ကျော်ရှိပြီး ယင်းအထဲမှ စစ်ဘေးရှောင်ဦးရေ ၈ ထောင်ကျော်အား ICRC က စားနပ်ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်းများကို ကူညီပေးထားပြီဟုဆိုသည်။

"ကျနော်ပြောချင်တာက ကျနော်တို့ အခု ရေပဲ အဓိက အရေးကြီးပါတယ်။ အရမ်းအရေးကြီးပါတယ်။ ကျနော်တို့မှာ ရေကို ဘယ်လို သုံးစွဲရလဲဆိုတော့ ချောင်းရေကိုတင်ပြီးတော့ သုံးရတော့ ကျနော်တို့ ဝမ်း လျှောရောဂါ သိပ် ဖြစ်ကြပါတယ်။ အဓိက ရေပဲ ကျနော်တို့မှာ အရေးကြီးပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုက ကျန်းမာရေးဌာန က ရောက်တော့ရောက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ဖြစ်လာရင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆေးရုံကို သွားရပါတယ်"ဟု ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဦးကျော်ဝင်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)မှအပ အခြား NGO, INGO များကို ရခိုင်ပြည်နယ်အစိုးရက တိုက်ပွဲများဖြစ်ပွားသည့်နေရာများကို ဇန်နဝါရီလမှစတင်ကာ သွားလာခွင့်ပိတ်ပင်ထားသည်။

ရခိုင်မှ စစ်ဘေးရှောင်များကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များ နှင့် ICRC တို့ကသာ အဓိက ကူညီထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အစိုးရက ထောက်ပံ့ပေးမှု အားနည်းနေသေးကြောင်း ထောက်ပံ့ကူ ညီနေသူများနှင့် စစ်ဘေးရှောင်များက ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */