" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Thursday, May 9, 2019

ရခိုင်ပြည်နယ်အရေး နိုင်ငံရေးပါတီတွေနဲ့ အစိုးရ ကော်မတီ ဆွေးနွေး

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-09

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီနဲ့ ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ မေလ ၉ ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးပွဲ ပြုလုပ်စဉ်။
Photo: MOI

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်နိုင် ငံရေးပါတီတွေ၊ ရခိုင်အသင်းအဖွဲ့တွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် အကြောင်းအရာ ကန့်သတ် ချက်မရှိပဲ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Thursday, May 2, 2019

ကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ David Hale ရခိုင်ကိုသွားနိုင်ဖို့ မျှော်လင့်

01 မေ၊ 2019
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale 
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို သိနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်တွင်း သွားရောက်ခွင့် ပေးဖို့ အမေရိကန် အစိုးရက အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။

Tuesday, April 30, 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေအရေး တွေ့ဆုံဆွေးနွေးဖို့ ALP တောင်းဆို

RFA
2019-04-30


ALP ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကို စစ်တွေမြို့မှာ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆို ထားပါတယ်။

Sunday, April 28, 2019

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
27 April 2019

ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ 

ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှသည့် အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ရခိုင်ပြည် နယ် မြောက်ပိုင်းကို အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက် သ မားများ၏ ပစ်မှတ်တခု ဖြစ်လာကြောင်း နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။

Friday, April 5, 2019

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟုဆို

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉


ရခိုင်ပြည်နယ်မှ ခရိုင် ၃ခု၊ မြို့နယ် ၇ မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ထိ စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက ပြော ကြားသည်။

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မှ စစ်ဘေး ရှောင် ပြည်သူများ အတွက် ဘယ်လို ဆောင်ရွက်မှုမျိုးတွေကို လုပ်ကိုင်နေပါသလဲဟု ဦးရဲမင်းဦးအား နိရဉ္စ ရာသတင်းဌာနမှ မေးမြန်းရာ ….

Tuesday, April 2, 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အပါအဝင် မြို့နယ် ၅ ခု မှာ ညမထွက်ရအမိန့်ထုတ်

B  B  C
ဘီဘီစီ မြန်မာပိုင်း
April 2 ' 2019


ရခိုင်ပြည်နယ်က ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော် တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ဦးအပါ အဝင် မြို့နယ် ၅ ခုမှာ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဧပြီလ ၁ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရက ထုတ် ပြန် ခဲ့လို့ ဧပြီ လ ၂ ရက် ဒီကနေ့မှာတော့ စတင်အသက်ဝင်နေပြီလို့ ရခိုင်ပြည်နယ်အစိုးရက ဘီဘီစီကို ပြော ပါတယ်။

Saturday, March 30, 2019

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော

ဧရာဝတီ
ထက်နိုင်ဇော်  
30 March 2019 

မတ်လ ၂၉ ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး / ထက်နိုင်ဇော် / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိ သဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေ ညာရန် အစီအစဉ် မရှိကြောင်း သိရသည်။


လူ့အခွင့်ရေးချိုးဖောက်ခံရမှုများရှိနေသည့် ရခိုင်ပြည် နယ် တွင် လူ့အခွင့်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ်မည်

မဇ္ဈိမ သတင်းဌာန
By ကျော့ကေခိုင်
30 March 2019
 ရန်ကုန်၊မတ် ၃၀ ။     ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်၏ တတိယမြောက်ရုံးခွဲကို လူ့အ ခွင့် ရေးချိုးဖောက်ခံရမှုများ ရှိနေသည့် ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လူ့အခွင့်ရေး ကော်မ ရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင် က ပြောသည်။

Sunday, March 24, 2019

ဦးဦးလှစောနှင့် ရခိုင်ပြည်နယ် အရေး တွေ့ဆုံမေးမြန်း ချက်

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-24



ANP ရခိုင်အမျိုးသားပါတီရဲ့ စုံစမ်းရေးကော်မရှင်ကိစ္စ၊ နိုင်ငံတော် သမ္မတက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ချမ်းရေး အထောက်အကူပြု ကော်မတီကိစ္စ၊ ဒေါက်တာအေးမောင် နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံရတဲ့ကိစ္စ၊ ANP ပါတီနဲ့ NLD ပါတီ ရခိုင်အရေး တွေ့ဆုံဆွေးနွေးမှု၊ ရိုဟင်ဂျာအရေးနဲ့ တရုတ်ရဲ့ နိုင်ငံရေး စီးပွားရေး အကျိုးစီးပွား၊ ရက္ခိုင့်တပ်မတော် AA အပေါ် သဘောထား၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်ထောင် စု အရေး စတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ANP ပါတီ မြောက်ဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဦးလှစောကို RFA ဝိုင်းတော်သား ဦးကျော်မင်းထွန်းက ရန်ကုန် RFA စတူဒီယိုမှာ တွေ့ဆုံမေးမြန်း ထားပါတယ်။

လင့်၊https://www.rfa.org/burmese/interview/interview-with-oohlasaw-03242019014949.html

ရခိုင်ပြည်ပဋိပက္ခကို ဖြေရှင်းဖို့ မှန်ကန်တဲ့မူဝါဒချဖို့ လိုတယ်လို့ မြောက်ဦးအမတ် ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
မြန်မာဌာန | သတင်းများ
2019-03-24

                                  ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကို တွေ့ရစဉ်
                                                                                            Photo: RFA


ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေချမှတ်ပြီး ဖြေရှင်းလို့ ရနိုင်ကြောင်း ANP ပါတီ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားလိုက် ပါတယ်။

RFA က ဒီကနေ့ ထုတ်လွှင့်တဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဦးဦးလှစောက အခုလို ပြောကြားလိုက် တာ ဖြစ် ပါတယ်။

ရခိုင်ပြည်နယ် မြို့၊ ကျေးရွာများတွင် အေအေအဖွဲ့ကို လက်မခံရန် တပ်မတော် သတင်းထုတ်

DVB
By ဒီဗွီဘီ
23 March 2019


ရခိုင်ပြည်နယ်အတွင်း မြို့၊ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ အေအေအဖွဲ့ကို လက်မခံဖို့နဲ့ ရွာထဲဝင်လာပါက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို သတင်းပေးပို့ဖို့ တပ်မတော်က မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ် ပြန် လိုက်ပါတယ်။

Wednesday, March 20, 2019

ရခိုင်ပြည်နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော် မတီ အပေါ် သူတို့အမြင်

ဧရာဝတီ



တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော ရခိုင်ပြည် နယ် တည်ငြိမ်ရေး အထောက်အကူပြု ကော်မတီ တရပ်ကို မတ်လ ၁၄ ရက် နေ့စွဲဖြင့် နိုင်ငံ တော် သမ္မတ ရုံးက ဖွဲ့စည်းခဲ့သည်။

ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက် ဖြစ်စေရန် ဖန်တီး လှုံ့ဆော် မှုများ၊ ထပ်မံ မဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ဖော်ပြထား သည်။

Saturday, March 16, 2019

ရခိုင်တည်ငြိမ်အေးချမ်းရေးကော်မတီဖွဲ့မှု ကြိုတင်အ သိပေးခြင်းမရှိ၍ ထည့်သွင်းခံရသူအချို့မကျေနပ်

7 DAY DAILY
Byထက်အာကာကျော်မောင်ကံ
Saturday, March 16, 2019

ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအထောက်အကူပြု ကော်မတီဖွဲ့စည်းရာတွင် ကြိုတင်အသိပေးခြင်း မရှိသဖြင့် ပါဝင်လုပ်ကိုင်မည်မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်သူ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဦးဦးလှစော ကပြောသည်။

Thursday, March 14, 2019

ရဲစခန်းများ၊ အရပ်ဖက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ် များအား တိုက်ခိုက်မှုများကို ရန့်တန့်ရန် အီးယူသတိ ပေး

မြန်မာတိုင်းမ်
စိုင်းဝဏ္ဏ 14 Mar 2019 | မြန်မာတိုင်းမ်နေ့စဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ


ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ခိုက်မှုများအတွင်း ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (အီးယူ)က မတ် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Monday, March 11, 2019

မောင်တောမြို့တွင် ရခိုင်ပြည်နယ်အလံများ လွှင့်ထူ (ဓာတ်ပုံ)

DVB
11 March 2019
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မတ်လ ၁၀ ရက်ညက စတင်ပြီး ဈေးဆိုင်တွေနဲ့ နေအိမ်တွေမှာ ခိုင်ပြည် နယ်အလံတွေ လွှင်ထူထားပါတယ်​။

“ရခိုင်လူမျိုးတယောက်ဖြစ်သောကြောင့် မိမိတို့၏ရခိုင်အလံကို ဂုဏ်ယူစွာ လွှင့်ထူချင်တဲ့ စိတ်နဲ့ မိမိတို့နေ အိမ်တွေ၊ ဈေးဆိုင်တွေမှာ လွှင့်ထူတာဖြစ်တယ်။ ဘယ်သူကိုမှ မထိခိုက်စေပါဘူးဗျာ” လို့ အလံလွှင့်တင် ထားတဲ့ ဆိုင်​ရှင်တဦးက ပြောကြားပါတယ်​။

ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုအတွက်ပါ စိုးရိမ်စရာဖြစ်လာကြောင်း ဦးဇော်ဌေးပြော

မြန်မာတိုင်းမ်
မတ်လ ၁၁ ရက်၊ ၂၀၁၉၊ တနင်္လာနေ့

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကိုပြောကြားနေစဉ်။ထူးသန့်/မြန်မာတိုင်းမ်
ရခိုင်ပြည်နယ်အတွင်း အေအေ၏တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်းအချို့ကို ပြန်လည်ရုပ်သိမ်း ရသည့်အခြေ အနေမျိုး အထိဖြစ်ပေါ်လျက်ရှိရာ အဆိုပါအခြေအနေသည် ပြည်နယ်အတွက်သာမက ပြည်ထောင်စု အ တွက် ပါ စိုးရိမ်စရာအနေအထား ဖြစ်လာကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးကပြောသည်။

Sunday, March 10, 2019

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ် ရဲ ကင်းစခန်း တိုက်ခိုက်ခံရလို့ ရဲ ၉ ဦး သေဆုံး

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၀ ရက်


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးမှာရှိတဲ့ ယိုးတရုပ်ကျေးရွာက ရဲကင်း စခန်း တိုက်ခိုက်ခံရလို့ ရဲအုပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်အဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် ၉ ဦး သေဆုံး ပြီး၊ ၁ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဘီဘီစီ ကို အတည်ပြုပြောပါတယ်။

Saturday, March 9, 2019

ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၉ ရက်


ရခိုင်ပြည်နယ် အတွင်း မြန်မာ အစိုးရ စစ်တပ်နဲ့ ရက္ခိုင့်တပ်မတော်(အေအေ)တို့ အကြား တိုက်ပွဲတွေ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေရာမှာ မတ် ၉ ရက်နေ့မှာလည်း မြို့နယ် ၃ ခုလောက်မှာ တိုက်ပွဲတွေပြင်းပြင်းထန် ထန် ဖြစ်ပွားခဲ့ပါတယ်။

Thursday, February 28, 2019

ပုဏ္ဏားကျွှန်း လက်နက်ကြီးပေါက်ကွဲမှု ဇနှီးမောင်နှံ သေဆုံး

ဧရာဝတီ
By မင်းအောင်ခိုင် 27 February 2019

                                           လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများနှင့် တွေ့ရသည့် မဆန်း / ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေး အသင်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာမှ ဇနီးမောင်နှံ နှစ်ဦးမှာ ယနေ့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်ကြီး ကျည်ဆန်ပေါက်ကွဲမှု ဖြစ်ပွား၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */