Tuesday, April 30, 2019

ရခိုင်ပြည်နယ်တိုက်ပွဲတွေအရေး တေ့ွဆုံဆွေးနွေးဖို့ ALP တောင်းဆို

RFA
2019-04-30
ALP ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကို စစ်တွေမြို့မှာ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung 

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေး နွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆို ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စာရေးသားကမ်းလှမ်းထားပေမယ့် အချိန် ၂ ပတ်ကျော်ကြာလာတဲ့အထိ တစ်စုံတစ်ရာအကြောင်းပြန်တာမရှိဘူးလို့ ALP ပါတီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်း ဆောင် ဒေါ်စောမြရာဇာလင်းက RFA ကို ဒီနေ့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလက စတင်ပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒီ ၄ လတာကာလ အတွင်း ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် နိုင်ငံသားတွေသေဆုံးဒဏ်ရာရတာ ၅၀ ကျော်ရှိနေပြီဖြစ်သလို ပျောက်ဆုံး နေ သူတွေ လည်းရှိနေတယ်လို့ ALP ပါတီကပြောပါတယ်။

ALP အနေနဲ့ ရခိုင်ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသတွင်းမတည်ငြိမ်မှာ၊ ပြည်သူတွေ အထိတ် တ လန့်ဖြစ်ပွားနေတာတွေနဲ့ မိုးတွင်းကာလမှာ စစ်ဘေးရှောင်ပြည်သူတွေကြုံတွေ့နိုင်တဲ့ အခက် အခဲတွေအတွက် စိုးရိမ်ချက်တွေရှိနေပြီး ဒါတွေကိုအစိုးရနဲ့ ထိပ်တိုက်ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ အပစ်ရပ်ထားတဲ့အဖွဲ့ဖြစ်တာကြောင့် တရားမဝင်အသင်း ဆက် သွယ်မှု ဥပဒေအရ ရခိုင်တပ်မတော် AA ကိုတော့ တွေ့ဆုံဖို့ ကမ်းလှမ်းထားတာမရှိသေးဘူးလို့ ပြောပါ တယ်။

လက်ရှိမှာ အစိုးရတပ်မတော်နဲ့ AA တို့ကြားတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် ၃၅၀၀၀ ကျော်ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်နဲ့ မဝေမာထွန်းတို့ ပေးပို့တာပါ။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */