B B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၀ ရက်
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၀ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးမှာရှိတဲ့ ယိုးတရုပ်ကျေးရွာက ရဲကင်း စခန်း တိုက်ခိုက်ခံရလို့ ရဲအုပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်အဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် ၉ ဦး သေဆုံး ပြီး၊ ၁ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဘီဘီစီ ကို အတည်ပြုပြောပါတယ်။
ဆက်စပ်သတင်းများ။
- လုံခြုံရေးပိုဆောင်ရွက်ဖို့ လိုတယ်လို့ ဘူးသီးတောင်ရဲစခန်းတွေ တိုက်ခိုက်ခံရအပြီး တပ်မတော် ပြော
- AA ကို ချေမှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်လို့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြော
'ဒီနေရာမှာ ဘာဖြစ်တယ်ဆိုတာ လတ်တလော ပြောလို့မရသေးဘူး၊ ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဆဲဖြစ်ပါတယ်၊ ဒီနေရာမှာ လုံခြုံရေးတိုးချဖို့ စီစဉ်နေပါတယ်' လို့ ရဲမှူးကြီး ကြည်လင်းကပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲဟာ တစ်နာရီနီးပါးကြာလောက်ဖြစ်ခဲ့ပြီး ည ၁၂ နာရီလောက်မှာ ရန်သူတွေ ပြန်လည်ဆုတ်ခွာခဲ့ပြီး ၃၈ ဗို့ ခြောက်လုံးပြူး ၁ လက်၊ မောင်းပြန်သေနတ် ၁၁ လက် ပျောက် ဆုံးခဲ့ တယ်လို့ ဖော်ပြပါတယ်။
ဆက်စပ်သတင်းများ။
- ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်
- တိုင်းရင်းသား ညီအကိုမောင်နှမဖြစ်နေလို့ အေအေကို အပြီးသတ်မချေမှုန်းတာလို့ တပ်မတော်ပြော
အခုနှစ်အစောပိုင်း ဇန်နဝါရီလ ၄ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ကျောင်းတောင်၊ ဂုတ်ပီ၊ ခထိလှနဲ့ ငမြင်းဘော် နယ်ခြားစောင့်စခန်း ၄ ခု ကို ရက္ခိုင့်တပ်မတော် (AA) က ဝင်ရောက်တိုက် ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း နယ်ခြားစောင့်တပ်ဖွဲ့အလောင်း ၇ လောင်း သိမ်းဆည်းမိသလို တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ လက် နက်၊ ခဲယမ်း၊ မီးကျောက်အများအပြားကို သိမ်းဆည်းမိခဲ့တယ်လို့ အေအေဘက်က ပြောခဲ့ပါတယ်။ အခုတစ်ခေါက် ဖြစ်စဉ်နဲ့ ပတ်သက်လို့ အေအေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံ မဖြေကြားခဲ့ပါဘူး။
Link : Here
No comments:
Post a Comment