Sunday, March 24, 2019

ရခိုင်ပြည်နယ် မြို့၊ ကျေးရွာများတွင် အေအေအဖွဲ့ကို လက်မခံရန် တပ်မတော် သတင်းထုတ်

DVB
By ဒီဗွီဘီ
23 March 2019
ရခိုင်ပြည်နယ်အတွင်း မြို့၊ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ အေအေအဖွဲ့ကို လက်မခံဖို့နဲ့ ရွာထဲဝင်လာပါက အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို သတင်းပေးပို့ဖို့ တပ်မတော်က မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ် ပြန် လိုက်ပါတယ်။
အေအေအဖွဲ့က ရပ်ကွက်နဲ့ကျေးရွာတွေကို အကာကွယ်ယူပြီး တပ်မတော်စစ်ကြောင်းတွေကိုချောင်းမြောင်း တိုက်ခိုက်တာကြောင့် မလွဲမရှောင်သာ ပြန်လည်ခုခံရတဲ့အတွက် မလိုလားအပ်တဲ့ ထိခိုင်ဆုံးရှုံးမှုတွေ ရှိ လာနိုင်တယ်လို့ ဆိုထားပါတယ်။
ဒေသခံတွေအနေနဲ့ အေအေအဖွဲ့ကို လက်မခံဘဲ ရွာထဲ ဝင်ရောက်လာရင်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်း တွေ ကို သတင်းပို့ပေးဖို့ ဖော်ပြထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က မတ်လ ၂၁ ရက်နေ့က ည ပိုင်းက လက် နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့ည ၉ နာရီ ခွဲလောက်မှာ ရသေ့တောင်မြို့နယ် ရေခေါင်းချောင်းကျေးရွာနဲ့ စေတောင်ကျေး ရွာ ကြားကို တပ်မတော်စစ်ကြောင်းရောက်ရှိချိန်မှာ အေအေ က တပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက်က စေ တောင်ကျေးရွာ မြောက်ဘက်ထိပ် နေရာ ၅ နေရာကနေ ပစ်ခဲ့လို့ အရာရှိ ၁ ဦးနဲ့ စစ် သည် ၁ ဦး ဒဏ်ရာရှိ ခဲ့ပြီး ည ၁၁ နာရီလောက် တိုက်ပွဲရပ်တန့်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */