" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Wednesday, February 27, 2019

ARSA နဲ့ ပူးပေါင်းလှုပ်ရှားကြောင်းစွပ်စွဲချက် AA ရခိုင်အဖွဲ့ ငြင်းဆန်


VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 27 ဖေဖော်ဝါရီ၊ 2019

AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခတွေ
တင်း မာ နေသလို၊ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး မြို့ပေါ်အထိပါ မတည်မငြိမ်မှုတွေ ရှိနေပါတယ်။ AA
အဖွဲ့ဟာ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နဲ့ ပူးတွဲလှုပ်ရှားနေတယ်လို့ မြန်မာစစ်တပ်ဖက်က               စွတ်စွဲနေပြီး၊ AA တာဝန် ရှိ သူတွေကတော့ ဒီ စွတ်စွဲချက်တွေကို ငြင်းဆိုပါတယ်။ ရခိုင်မြောက်ပိုင်း မတည်ငြိမ်မှုတွေရဲ့ နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိမ် သတင်းပေးပို့ထားပါတယ်။

ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် ရခိုင်ဝန်ကြီးချုပ် သေဆုံးဆိုသည့်သတင်းမှာ ကောလဟလ ဖြစ်

မဇ္ဈိမ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ဇေယျာမော်

လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွား ပြီ ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။

Monday, February 25, 2019

အမြစ်ပြုတ်ချေမှုန်းရေးအစား စေ့စပ်ညှိနှိုင်းကြဖို့ ရခိုင်အမတ်တွေတိုက်တွန်း


VOA
ဗွီအိုအေ (မြန်မာဌာန),
မဆုမွန်၊ 23 ဖေဖော်ဝါရီ၊ 2019
ရခိုင်ပြည်နယ်လွှတ်တော် (ဓာတ်ပုံ-ဦးညီပု fb)
ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ ကြား အပြင်းအ ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က တိုက်တွန်းတဲ့ အဆို ကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ စစ်ရပ်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရ ကတဆင့် ပြည်ထောင်စု အစိုးရ ကို တိုက်တွန်းပေးဖို့ ဒီအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်း ခဲ့ တာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာ အမြစ်ပြုတ်ချေမှုန်းရေးလမ်းစဉ်ကို မကျင့်သုံးဘဲ စေ့စပ်ညိနှိုင်း ကြ ပါလို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ မဆုမွန် ဆက်သွယ်စုံစမ်း တင်ပြ ပေးထားပါတယ်။

( 22.02.2019 ) ကမ္ဘာ့သတင်းမီဒီယာထဲက မြန်မာပြည်။



(၁)Myanmar's Suu Kyi woos investors to crisis-hit Rakhine, decries "negative" focus Reporting by Simon Lewis; Editing by Nick Macfie. ( Reutes )
(၂) Daw Suu's Rakhine investment forum speech in full (Myanmar Times)

Friday, February 22, 2019

တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရက တဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်း

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ဒီသတင်းကို ဝဏ္ဏခွာညို ပေးပို့ထားပါတယ်။
------------

လင့်၊https://www.youtube.com/watch?v=RYK-nOveU04&feature=share
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */