နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉
ရခိုင်ပြည်နယ်မှ ခရိုင် ၃ခု၊ မြို့နယ် ၇ မြို့နယ်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ထိ စစ်ဘေးရှောင်ပြည်သူ ၂၆၆၄၁ ဦး ရှိသွားပြီဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးရဲမင်းဦးက ပြော ကြားသည်။
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက် ဘယ်လို ဆောင်ရွက်မှုမျိုးတွေကို လုပ်ကိုင်နေပါသလဲဟု ဦးရဲမင်းဦးအား နိရဉ္စ ရာသတင်း ဌာနမှ မေးမြန်းရာ ….
၎င်းက “အဓိက ရေတိုဆိုတာထက် ရေရှည်ကို စဉ်းစားတာပါတယ်။ ရေတိုမှာတော့ ကယ်ဆယ်ရေး ပစ္စည်း နဲ့ ဆန် ရိက္ခာပေးတာ ပေါ့လေ။ ဒီဇင်ဘာ ဖြစ်စဉ်ကတည်းက ဆိုလို့ရှိရင် ဒီနေ့ထိ ၂၆၀၀၀ ကျော်လောက် ရှိသွားပြီ။ ၂၆၀၀၀ ကျော် ရှိတဲ့ အိမ်ထောင်စု ၆၀၀၀ ကျော်ကို ဆန်ရိက္ခာနဲ့ ကယ်ဆယ်ရေး ပစ္စည်း ၄မျိုး ကို ထောက်ပံ့ပါတယ်။ သတ်မှတ်ထားတဲ့ ဟာတွေကို ထောက်ပံ့ပေးပါတယ်” ဟု ပြောဆိုသည်။
စစ်ဘေးရှောင် ၂၆၀၀၀ ကျော်စလုံးကို ထောက်ပံ့ပေးနေတာပါလားဟု ဆက်လက် မေးမြန်းရာ….
ဦးရဲမင်းဦးက “ လူဦးရေ စုစုပေါင်း ၂၆၆၄၁ ဦး၊ စခန်းတွေက တစ်ချို့ဆိုရင် စုရပ်စခန်းတွေရှိတယ်။ ခရိုင်၊ မြို့ နယ်တွေမှာပေါ။ စစ်တွေခရိုင်ရှိတယ်။ မောင်တောခရိုင်၊ မြောက်ဦးခရိုင်ရှိတယ်။ အဲဒီခရိုင်တွေက စာရင်း တွေကို စုပြီးပေါင်းတာပေါ့။ ပေါင်းတဲ့ အခါကျတော့ စခန်းတွေက တစ်ချို့က ပြန်သွားတာတွေ ရှိတယ်။ ထပ် တိုးလာတာရှိတယ်။ လက်ကျန်ကတော့ အနည်းဆုံး ၂၅၀၀၀ ကျော်လောက်ရှိတယ်။ ဒီအရေအတွက် က ပုံမှန် ရှိနေပါတယ်။ အိမ်ထောင်စု ၅၅၀၀ ကျော် ၆၀၀၀ နီးပါးလောက်ရှိပါတယ်” ဟု ပြောသည်။
အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့မှု မရှိသလောက် ဖြစ်နေ တဲ့ အပြင် ကူညီထောက်ပံ့ပေးရေး အပိုင်းမှာ ထဲထဲဝင်ဝင် မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့ အပေါ် ဘယ်လို အမြင်ရှိပါသလဲဟု မေးမြန်းရာ……
ဦးရဲမင်းဦးက “ ပစ္စည်းတွေ အပေါ်မှုတည်ပြီ ပြည်သူတွေဆီကိုတော့ မရောက်တာတော့ မဟုတ်ပါဘူး။ ရောက်တယ်။ ခရီးကြန့်ကြာတာတွေ၊ ဝေးတာတွေတော့ ရှိတယ်။ တစ်ချို့ ကားလမ်းနဲ့ မပေါက်တာတွေ၊ ရေလမ်းနဲ့သွားရတဲ့ ခရီးတွေရှိတယ်။ သို့သော်လည်း မရောက်တာတော့ မဟုတ်ပါဘူး။
ရောက်အောင်တော့ အတတ်နိုင်ဆုံးပို့နေတာပါဘဲ။ ကျွန်တော်တို့ပို့နေတဲ့ ဟာတွေ မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်။ မြိ့နယ်ရုံးတွေ၊ ခရိုင်ရုံးတွေ အလိုက်ရှိပါတယ်။ ဒါပေမယ့် ပေးတဲ့ ပစ္စည်းအမယ်အပေါ် မူတည်ပြီး တိရှပ်တွေပါတယ်၊ ကျားလုံချည်၊ မလုံချည်၊ တံဘတ်၊ ဒီလိုမျိုး ပစ္စည်းတွေပါတယ်။ တစ်ချို့ဆိုလို့ရှိရင် စောင်တို့ ဖျာတို့လည်းပါတယ်။ အခုနောက်ပိုင်းဆိုရင် ရသေ့တောင်ကို ခြင်ထောင်တို့ဘာတို့ ထပ် ပို့ဖို့ အစီအစဉ်ရှိပါတယ်။ အဓိကတော့ အစိုးရအနေနဲ့တော့ ပြည်ထောင်စုက ပေးထားတဲ့ မူအရဘဲ ဆောင်ရွက် နေရတာ ဖြစ်တဲ့ အတွက် အကြောင်းမို့လို့ ဟို. ဒီ. ပြည့်ပြည့်၀၀တော့ ရရှိမှာ မဟုတ်ပါဘူး။ ပြည့်ပြည့် ၀၀ ဆိုတာကတော့ အခက်အခဲရှိတာကို ပြောတာပါ။ အခက်အခဲကတော့ ရှိနေမှာဘဲလေ။ ဘာဖြစ်လို့လည်း ဆိုတော့ အိုးပစ်အိမ်ပစ်ထွက်ပြေးလာရတဲ့ သူတွေဖြစ်တဲ့ အတွက် လိုအပ်ချက်က အများကြီးပါဘဲ” ဟု ဆိုသည်။
ရေရှည်အတွက် ဘယ်လိုဆောင်ရွက်မလဲမေးကြည့်တော့…
ဦးရဲမင်းဦး “ ပြည်ထောင်စုဝန်ကြီးခရီးစဉ် သုံးကြိမ်စလုံးကတော့ အမြဲတန်းလိုလို ဒီစစ်ဘေး ဒုက္ခသည် အတွက် အမြဲတန်း ဦးစားပေး စဉ်းစားပါတယ်။ စဉ်းစားတဲ့ နေရာမှာလည်း သုံးကြိမ် စလုံး မှာ နောက်ဆုံး သိန်း ၁၀၀၀ကျော် စုစုပေါင်း သိန်း ၄၀၀၀ ကျော် ငွေကြေးအားဖြင့် ထောက်ပံ့ထားပါတယ်။ အဲဒီအပေါ်မှာ ရေ ရှည်ဆိုလို့ရှိရင် ကျန်း မာရေးက အစ တစ်ခြားဌာနတွေနဲ့ ပူပေါင်းပြီးတော့ ဆောင်ရွက် ရမှာပေါ့။ ကျန်းမာ ရေးက အစ၊ နောက်ပြီး အမိုးအကာအောက်မှာ မိုးမကျမီ နေထိုင်နိုင်ရေးအတွက်ကိုပါ ပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရကပူးပေါင်း ပြီး ဆောင်ရွက်ရမယ့် အပိုင်းတွေပေ့ါလေ။ ကျွန်တော်တို့ ဒီ ဌာနအနေနဲ့ တော့ ဘေးဖြစ်လာတဲ့ လူတွေ အပေါ်မှာတော့ အချိန်နဲ့ တစ်ပြေးညီ ထောက်ပံ့မှုနဲ့ ကူညီမှုတွေကို ဆောင် ရွက် နိုင်အောင်တော့ ကြိုးစားရမှာပေါ့။ဒီထောက် ပံ့ကူညီရေးကို ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ဆောက်ရွက်မှာပေါ့လေ။ မိုးမကျမီ ဒီလူတွေရဲ့ နေရေးထိုင်ရေးနဲ့ ဒီ အမိုး အကာ အောက်ရောက်ရှိရေး၊ ကျန်းမာရေးကအစပေါ့လေ။ အစစအရာရာ ကိုတော့ သက်ဆိုင်ရာ ဌာနတွေကနေ ပူးပေါင်းပြီးတော့ ဖြည့်ဆည်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်”
ဖြည့်စွက်ပြောစရာများရှိပါလားဟု မေးမြန်းရာ…………
ဦးရဲမင်းဦး “ အဓိက တိုက်ပွဲတွေကြောင့် အတိဒုက္ခ ရောက်နေကြရတဲ့ ပြည်သူတွေ အပေါ်မှာ ကျွန်တော်တို့ အစိုး ရ တစ်ခုတည်း မဟုတ်ပါဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ရန်ကုန်တို့ တစ်ခြား တစ်ခြားသော နေရာ က စေတ နာရှင် ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီ ထောက်ပံ့ နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် လို အပ်ချက် ရှိတဲ့နေရာတွေကို ပိုပြီးရောက်အောင် နိုင်ငံတကာအဖွဲ့အစည်းကရော ပြည်တွင်း ပြည်ပ အဖွဲ့အ စည်းတွေကရောအစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသွားသည်။
(ပြီး)
Link : Here

No comments:
Post a Comment