" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "

Saturday, March 16, 2019

ရခိုင်တည်ငြိမ်အေးချမ်းရေးကော်မတီဖွဲ့မှု ကြိုတင်အ သိပေးခြင်းမရှိ၍ ထည့်သွင်းခံရသူအချို့မကျေနပ်

7 DAY DAILY
Byထက်အာကာကျော်မောင်ကံ
Saturday, March 16, 2019

ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးအထောက်အကူပြု ကော်မတီဖွဲ့စည်းရာတွင် ကြိုတင်အသိပေးခြင်း မရှိသဖြင့် ပါဝင်လုပ်ကိုင်မည်မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်အဖြစ် ပါဝင်သူ မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဦးဦးလှစော ကပြောသည်။

အမျိုးသားလွှတ်တော်ဒုတိ ယဥက္ကဋ္ဌဦးအေးသာအောင်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမည့် အထက်ပါ ကော်မတီကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မတ်လ ၁၄ ရက်စွဲဖြင့် ကြေညာထားခြင်း ဖြစ် သည်။

 ‘‘ကော်မတီတစ်ခုတည်း ထည့်တဲ့ကိစ္စကို အကြောင်းကြား ခြင်းမရှိဘူး။ လုပ်ထုံးလုပ်နည်း တွေကိုလည်း မပြောဘဲလုပ်တယ် ဆိုတာက အဲဒီလူကို တန်ဖိုးမထား ရာကျတယ်။ ကျွန်တော့်ကို ကော် မတီထဲထည့်ဖို့ သူတို့မှာပါဝါ(အ ခွင့်အာဏာ)မရှိဘူး။ ဒါကိုအရင် ဆုံးရှင်းရမယ်’’ ဟု ဦးဦးလှစောက ပြောသည်။

 အထက်ပါကော်မတီတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၊ အမျိုးသားလွှတ် တော်ကိုယ်စား လှယ်တစ်ဦး၊ရခိုင်  ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ဦးပါဝင်ပြီး အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဒေါ်ထု မေက ကော်မတီ၌ပူးပေါင်းမည်၊ မပူးပေါင်းမည်ကို မဆုံးဖြတ်ရ သေးကြောင်း ပြောသည်။

‘‘သေချာတာကတော့ ဒီ ကော်မတီနဲ့ပတ်သက်ပြီး ကျွန်မ ဂဃနဏသိချင်ပါတယ်။ ဂဃန ဏသိတဲ့အခါ ကျတော့ ကျွန်မ ဘာရှေ့ဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်နိုင်မှာပါ’’ ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေက ရှင်းပြသည်။

 ယင်းကော်မတီတွင် ရခိုင် တိုင်းရင်းသားအနည်းဆုံးခုနစ်ဦး ပါဝင်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဟောင်း၊ လက် ရှိပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင် မောင်အုန်းလည်း ပါဝင်သည်။ ကော်မတီမဖွဲ့စည်းမီတွင် ၎င်းကို အသိပေးကာ ဆန္ဒသဘောထား မေးမြန်းခဲ့သည်ဟု ဦးမောင်မောင် အုန်းက ရှင်းပြသည်။

‘‘အစိုးရကလည်း မလိုအပ် ဘဲ မဖွဲ့ဘူးပေါ့နော်။ ပုံမှန်အနေ အထားမျိုးဆို (ဖွဲ့ဖို့)မလိုပါဘူး။ ရခိုင်ပြည်နယ် အနေအထားက အားလုံးသိတဲ့အတိုင်းပဲ၊ လိုအပ် လာလို့ အခုလိုဘက်ပေါင်းစုံက အဖွဲ့လေးတွေဖွဲ့ပြီး ဒီဖြစ်နေတဲ့ ပြဿနာ Tension ကြီးကိုလျှော့ ချဖို့ ကြိုးစားတဲ့သဘောမျိုးလို့မြင် ပါတယ်’’ ဟု ၎င်းကဆိုသည်။

အသစ်ဖွဲ့စည်းသည့် ကော် မတီသည် ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ကွင်းဆင်းလေ့လာခြင်း၊ တွေ့ သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံခြင်း၊ နိုင်ငံတော်၏မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခြင်း၊ လို အပ်သည့် အကြံဉာဏ်များ ရယူခြင်းတို့ ဆောင်ရွက်ပြီး ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည်ကို အကြံပြု တင်ပြရန်ဖြစ်ကြောင်း ကော်မတီ လုပ်ငန်းတာဝန်ထဲတွင် ထည့်သွင်းဖော်ပြသည်။

 ထို့အပြင် ရခိုင်ပြည်နယ်အ စိုးရအဖွဲ့၊ လွှတ်တော်နှင့်ပြည်သူ များအကြား လိုအပ်သည့်စေ့စပ် ညှိနှိုင်းမှု များဆောင်ရွက်ရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ သဟဇာတရှိရေးအတွက် စီမံကိန်းများ၊ ရှေ့ပြေးလုပ်ငန်းစဉ် များ၊ ဆွေးနွေးပွဲများ စသည်တို့ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန် ဆက်လက်ဖော်ပြသည်။

သို့သော် ကော်မတီ၏ လုပ် ငန်းတာဝန်သတ်မှတ်ချက်သည် ဘောင်ကျဉ်းကြောင်းနှင့် အစိုးရ ၀န်ထမ်း၊ အာဏာရပါတီအမတ် မဟုတ်၍ အစိုးရ၏မူဝါဒများကို မည်သို့ရှင်းပြနိုင်မည်နည်းဟု ဦး ဦးလှစောက မေးခွန်းထုတ်သည်။

‘‘နောက်တစ်ချက်က ရခိုင် မှာပြဿနာဖြစ်တယ်ဆိုတာ တစ် ခုလုံးအထွေထွေအခင်းအကျင်း နဲ့ဆိုင်သလို ရခိုင်ပြည်နယ်အစိုးရ  ရဲ့ ပေါ်လစီအကောင်အထည် ဖော်မှုဆိုင်ရာ ညံ့ဖျင်းတဲ့အတွက် ကြောင့်၊ ဗဟိုအစိုးရ အင်မတန် တင်းကျပ်တဲ့အတွက်ကြောင့်ဖြစ် လာတာကို ကျွန်တော်က ဘယ်လိုရှင်းပြရမလဲ’’ ဟု၎င်း ကဆို သည်။

  ရခိုင်အမျိုးသားပါတီအ ထွေထွေအတွင်းရေးမှူးဦးထွန်း အောင်ကျော်က ရခိုင်တွင်တိုက်ပွဲ ဖြစ်ပွားရ သည့် အကြောင်းရင်းကို ရှာရန်သာအရေးကြီးပြီး ကော်မ တီဖွဲ့စည်းဆောင်ရွက်ရုံဖြင့် ထိ ရောက်သောအဖြေ ရရှိ မည်မဟုတ်ကြောင်း ပြောသည်။

‘‘၂၀၁၇ ကပင် ရခိုင်ပြည်မှာ တိုက်ပွဲတွေ ဖြစ်လာပါတယ်။ မောင်တော ARSA တိုက်ပွဲနောက် တစ်ဆက် တည်း AA နဲ့ တိုက်ပွဲ ဒီလိုဖြစ်လာသမျှ ကော်မရှင်၊ ကော်မတီအမျိုးမျိုးဖွဲ့ပြီးတော့ လုပ်ခဲ့တယ်။ ဘာမှထိ ထိရောက် ရောက်အဖြေရှာနိုင်တာ၊ ဖြေရှင်း နိုင်တာ မတွေ့ရပါဘူး’’ ဟု ၎င်း ကဆိုသည်။

ထွက်ပေါ်နေသည့် ဝေဖန်မှုများနှင့်စပ်လျဉ်း၍ သမ္မတရုံး၏ သဘောထားမှတ်ချက် ရယူရန် ကြိုးပမ်းနေ သော်လည်း မရသေး ပေ။
လင့်၊ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */