ဧရာဝတီ
By မင်းအောင်ခိုင်
27 February 2019 လက်နက်ကြီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများနှင့် တွေ့ရသည့် မဆန်း / ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေး အသင်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်ပုန်းတန်းကျေးရွာမှ ဇနီးမောင်နှံ နှစ်ဦးမှာ ယနေ့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်ကြီး ကျည်ဆန်ပေါက်ကွဲမှု ဖြစ်ပွား၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဇနီးမောင်နှံ နှစ်ဦးမှာ ကိုမောင်ဦးထွန်း ၃၃ နှစ်နှင့် မဆန်း ၂၉ တို့ဖြစ်ပြီး စိုက်ခင်းသို့ သစ်လုံးများ ခုတ်ယူရန် လှေဖြင့် သွားရောက်ရင်း တောထဲ၌ ကောက်ရသော လက်နက်ကြီး ကျည်ဆန်တလုံးအား သယ်ဆောင်လာရာမှ လမ်းခရီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သင်ပုန်းတန်းကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။
ဦးသိန်းဝင်း က “ဖြစ်တာကတော့ သူတို့ သစ်လုံးခုတ်ဖို့ ရွာနားက တောထဲကို သွားတယ်။ အဲဒီမှာ လက်နက် ကြီးဆန် ၁ လုံးကောက်ရ တယ်လို့ ပြောတယ်။ အဲဒီကျည်ဆန်ကို အိမ်ပြန်လာတဲ့အခါ လှေပေါ်မှာတင် လာ ပြီး ကိုင်ကစားကြည့်တယ်နဲ့ တူပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပေါက်ကွဲမှု စဉ်တွင် ၎င်းတို့ ဇနီးမောင်နှံနှင့်အတူ လှေပေါ်တွင် ရွာသား ၂ ဦး လှေဦးတယောက်၊ ပဲ့တ ယောက် ထိုင်လျှက် လှေလှော်ကာ လိုက်ပါလာကြောင်း၊ ကိုမောင်ဦထွန်းတို့ ဇနီးမောင်နှံ ၂ ဦးမှာ လှေဝမ်း ဝင် ထိုင်ကာ လိုက်ပါလာခဲ့ရာမှ လမ်းခုလတ်တွင် ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိ ရသည်။
ပေါက်ကွဲမှုကြောင့် ကိုမောင်ဦးထွန်းမှာ ထိုနေရာ၌ သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မဆန်းဝင်းမှာ ပိုးရွှီးပြင် ဆေး ရုံသို့ လှေဖြင့် သယ်ဆောင် လာစဉ် လမ်းတွင် ဆုံးသွားခဲ့ကြောင်း လှေပေါ်တွင် အတူပါလာသော ကျန် ရွာ သား ၂ ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။
လက်ရှိ အချိန်တွင် သေဆုံးသွားသည့် ဇနီးမောင်နှံ နှစ်ဦး နာရေးကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာန ဆိုင်ရာများ အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်းများက လိုက်ပါကူညီဆောင် ရွက်ပေးနေကြောင်း ပိုး ရွှီပြင် မဟာမိတ်လူမှုကူညီရေး အသင်းမှ ကိုအောင်ကျော်မှ ဧရာဝတီသို့ ပြောသည်။
Link : Here

No comments:
Post a Comment