Saturday, March 30, 2019

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာရန် မရှိဟု သမ္မတရုံး ပြော

ဧရာဝတီ
ထက်နိုင်ဇော် 
30 March 2019 

မတ်လ ၂၉ ရက်နေ့က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးဇော် ဌေး / ထက်နိုင်ဇော် / ဧရာဝတီ
 
ရခိုင်ပြည်နယ်တွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိ သဖြင့် တည်ငြိမ် အေးချမ်းမှု မရှိဖြစ်နေသော်လည်း အစိုးရအနေဖြင့် ယင်းဒေသကို စစ်အုပ်ချုပ်ရေး ကြေ ညာရန် အစီ အစဉ် မရှိကြောင်း သိရသည်။

နေပြည်တော်၊ သမ္မတအိမ်တော်တွင် မတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် သမ္မတရုံး၏ သတင်းစာ ရှင်းလင်း ပွဲတွင် သတင်းထောက်တဦး၏ အမေးကို အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ် သည်။

AA အဖွဲ့ သည် ကျေးရွာများကို အခြေပြုလျက် ပျောက်ကြား စစ်ဆင်ရေး ဆောင်ရွက်နေသဖြင့် တိုက်ပွဲများ မှာ ပိုကြာနိုင်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ကြည့် ပါက ယခုလို လူထုကို အကာ အကွယ်ယူသည့် ကိစ္စရပ်မျိုးသည် ကိုင်တွယ်ရခက်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေက ပြော သည်။

“ဒီအခြေအနေပေါ်မှာတော့ ဒီနေ့အချိန်အထိ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ ဆိုတာတော့ အစိုးရမှာ အစီအစဉ် မရှိ သေးပါဘူး”ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ အခြေအနေမှာ စစ်အုပ်ချုပ်ရေးဟု မပြောရုံတမယ်သာ ရှိပြီး တပ်မပေါင်း များစွာ ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရားနေရာများတွင် ၂ ဖက် ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံး မှုများ ရှိနေကြောင်း၊ AA က ရွာထဲမှ ပစ် သည်ဟုဆိုကာ အစိုးရတပ်မတော်က ရွာထဲသို့ ပစ်သဖြင့် အရပ် သား သေဆုံးမှုများ ဖြစ်နေ ကြောင်း ရခိုင်ပြည်နယ်တွင် အင်အား အကြီးဆုံး ပါတီတခု ဖြစ်သည့် ရခိုင် အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းက ထောက်ပြပြောဆိုသည်။

“စစ်အုပ်ချုပ်ရေး လုပ်တယ်ဆိုရင်လည်း AA နဲ့ တိုက်ပွဲကတော့ ဖြစ်နေမှာပဲ။ ဒါပေမယ့် စစ်အုပ်ချုပ်ရေး တရားဝင် ကြေညာလိုက်ရင် တော့ လူထုတွေ အနေအထိုင် ပိုပြီး ကျဉ်းကျပ်သွားမှာပေါ့။ အဲဒါ ကြောင့် ကျနော်တို့ ရခိုင်မှာက တခြား ဘင်္ဂလီကိစ္စတွေလည်း ရှိနေ သေးတာဆိုတော့ စစ်အုပ်ချုပ်ရေး ကို သိပ်မ မျှော်လင့်ဘူး။ ပြည်သူတွေရဲ့ အခွင့်အရေးတွေလည်း ပိုပြီး ဆုံးရှုံးသွားနိုင်တယ်”ဟု မြေပုံမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက ဆက်ပြောသည်။

၎င်းက ဆက်၍ “စစ်အုပ်ချုပ်ရေး ဖြစ်သွားရင် အမှန်တရားကို ရပ်တည်ပြောဆိုပေးမယ့် ကိုယ်စားလှယ် တွေ ရဲ့ အသံ ပျောက်သွားနိုင်တယ်။ စစ်အုပ်ချုပ်ရေးကတော့ တနိုင်ငံလုံးလည်း ခံဖူးတဲ့ ကိစ္စပဲလေ။ စစ်အုပ် ချုပ် ရေး လုပ်ချလိုက် လို့လည်း ဒီတိုက်ပွဲတွေက ပြီးမှာ မဟုတ်ဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ် ပြဿနာသည် AA ပြဿနာ တခုတည်း မဟုတ်ဘဲ ဘင်္ဂလီ ပြဿနာ၊ ARSA ပြဿနာ များပါ တွဲလျက် ရှိနေသဖြင့် ယခုလို အခြေအနေမျိုးတွင် တပ်မတော်အနေနှင့် အားလုံးကို ခေါင်းခံလိမ့် မည် မ ဟုတ် ဘဲ အစိုးရနှင့် တွဲ၍ ဖြေရှင်းလိမ့်မည်ဟု ထင်ကြောင်း၊ တပ်မတော်ကိုယ်တိုင်လည်း စစ်အုပ်ချုပ်ရေးကို လိုလားလိမ့်မယ် မထင်ကြောင်း ရခိုင်အရေး လေ့လာသူ ဦးမောင် မောင်စိုးက ပြောသည်။

“စစ်ဆိုတာ ဖြစ်လာရင် ကိုယ်နိုင်တဲ့ နည်းနဲ့ တိုက်ကြတာပဲ။ တပ်မတော် အနေနဲ့လည်း ကိုယ်အားသန် ရာ လက် နက် ကြီးတွေနဲ့ လေကြောင်းတွေနဲ့ တိုက်တာပဲ။ စစ်ဆိုတာ ဖြစ်ရင်တော့ ကိုယ်အားသန် တဲ့ ဟာကို အသုံးပြုကြတာ ထုံးစံပဲ။ ဒါပေမယ့် စစ်ကို ရပ်အောင် ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ စိတ်ဓါတ်ရှိ မယ်၊ ဆွေးနွေး ဖြေရှင်းကြမယ်ဆိုရင်တော့ ဖြေရှင်း လို့ရနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ဆောင်ရွက်သွားနိုင်ရေးမှာ နိုင်ငံတော်တာဝန်ရှိသူများ၏ ဆောင် ရွက်ရ မည့် အစီအစဉ်များ ဖြစ် ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက မတ်လ ၂၅ ရက်နေ့တွင် သတင်းထောက်များကို ပြောဆိုခဲ့ သည်။

ရခိုင်ပြည်နယ်တွင် သောင်းကျန်းသူ မရှိသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ နယ်စပ်တွင် ရိုဟင်ဂျာ နာမည်ခံ သည့် မူဂျာဟစ် သောင်းကျန်းသူ တချို့သာ ကျန်ရှိကြောင်း၊ ရခိုင်အမည်ခံသည့် အကြမ်းဖက် သောင်း ကျန်းသူ မရှိကြောင်း၊ ယခုအခါ AA သည် ဒီမိုကရေစီ ပထမ သက်တမ်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကြံ့ခိုင် ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသောင်းအေးက ပြောသည်။

“ရခိုင်က ကျနော်တိုင်းမှူး လုပ်ခဲ့တာပဲ။ AA ကို KIA က အသက်သွင်းပေးလိုက်တာ။ “ဝ” ဘက်မှာ ငြိမ်နေတော့ ဒီဘက်ကို လှည့် ပေးလိုက်တာ။ AA တောင်းဆိုနေသလို ကိုယ်ပိုင်ပြည်နယ်၊ ကိုယ်ပိုင် လက်နက်ကိုင် အဖွဲ့ ဆိုတာမျိုး ကတော့ မဖြစ်သင့်ဘူး။ ဒီကြား ထဲမှာ တပ်မတော်ကလည်း ဒေသအေး ချမ်းအောင် ဆောင် ရွက်ရတဲ့ အချိန်မှာ ဒေသခံ ပြည်သူတွေက ကြားညှပ်နေတာပေါ့”ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ AA နဲ့ ထိတွေ့မှု ပေါင်း တိုက်ပွဲ ၁၀၃ ကြိမ်၊ မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်ပေါင်း ၄၄ ကြိမ်၊ ကျဆုံး ရဲတပ်ဖွဲ့ ဝင် ၂၇ ဦး၊ အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူ ရဲတပ်ဖွဲ့ ဝင် တွေကတော့ ၂၀ ဦး၊ အရပ်သား ၂၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သမ္မတရုံးက မနေ့က သတင်းထုတ်ပြန်သည်။

တပ်မတော်နှင့် တိုက်ပွဲများအတွင်း AA ဘက်မှ ၅၈ ဦး သေဆုံးပြီး ၈ ဦး အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက် ငယ် ၂၂ လက် ဖမ်းဆီး ရမိခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အကျအဆုံးစာရင်းကိုမူ တပ်မတော်ကသာ ထုတ် ပြန်လိ့မ်မည် ဖြစ်ကြောင်း၊ အပြစ်မဲ့ ပြည်သူ ၆ ဦးကို AA က သတ်ဖြတ်ခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း လည်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒဏ်ရာရတဲ့ အရပ်သား ၂၀ စာရင်းကို အသေးစိတ် ပြန်ကြည့်လိုက်ရင် ရခိုင်တိုင်းရင်းသား ၁၇ ယောက် ဒဏ်ရာ ရပါတယ်။ ခမီ တိုင်းရင်းသား ၂ ဦး ဒဏ်ရာ ရပါတယ်။ နောက်ဘဂါင်္လီ ၂ ဦး ဒဏ်ရာ ရရှိပါတယ်။ ဒီဖြစ်စဉ်တွေမှာ အရပ်သားတွေ သေဆုံးမှု၊ အ ရပ်သားတွေ ဒဏ်ရာ ရရှိမှုမှာ ကြည့်လိုက်ရင်လည်း ဒေသခံ တိုင်းရင်းသားတွေ ထိခိုက်နစ်နာတယ်ဆိုတာ တွေ့ ရှိရပါတယ်”ဟု သမ္မတရုံးမှ ဦးဇော်ဌေးက ပြောသည်။

The Irrawaddy - Burmese Edition     
"ရွာထဲမှာလက်နက်ကျည်ဆံတွေ ပြန့်ကျဲနေတာပဲ"(ရုပ်/သံ) ဧရာဝတီ၊ မတ် ၂၈၊ ၂၀၁၉ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ ည ၉ နာရီကျော် အချိန်က ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ် စည်တောင် ကျေးရွာမှာ...


ဇန်နဝါရီလ ၄ ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ်တွင် လူပေါင်း ၁၇၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ဘူး သီးတောင် မြို့နယ်တွင် ၂၇၀၀၊ ကျောက်တော်တွင် ၃၈၀၀ ကျော်၊ မင်းပြားတွင် ၂၀၀၀ ကျော်၊ မြောက်ဦး တွင် ၃၅၀၀၊ ပုဏ္ဍား ကျွန်းတွင် ၁၉၀၀ ကျော်၊ ရသေ့တောင်တွင် ၂၅၀၀ ကျော်နှင့် ချင်းပြည်နယ် ပလက်ဝ တွင် ၅၀၀ ကျော် ရှိကြောင်း သိရသည်။

တိုင်းပြည်တွင် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် ပဋိပက္ခသည် အဖြေမထွက်ခဲ့ဘဲ အခြား ပြည်နယ်များ သည်လည်း လက်နက်ကိုင် ဖြေရှင်းခဲ့ပြီးနောက် ယခုအခါ ငြိမ်းချမ်းရေး လမ်းကြောင်းကို လျှောက်လှမ်းနေ ချိန်တွင် AA သည် တစ် ကနေ ပြန်စသည့် သဘော ဖြစ်နေကြောင်း၊ ၂၁ ရာစုသို့ ရောက်ရှိနေချိန် ၂၀ ရာစု အတွေးအခေါ်များနှင့် လက်နက် ပြန်ကိုင်ခြင်းသည် အဖြေဟုတ်၊ မဟုတ် သမိုင်းက သင်ခန်းစာ ပေးထားပြီး ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရသူက မနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

AA ကမူ ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော် တည်ရှိရေးသည် ၎င်းတို့၏ အဓိက ရည်မှန်းချက် ဖြစ်ပြီး တိုက်ပွဲများ မှာလည်း မလွှဲမရှောင်သာ တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ပေါင်း ၂၀၀ ကျော် ခံစား ခဲ့ရသည့် ဒဏ်ရာဒဏ် ချက်များ ပပျောက်ရန် အပြန်အလှန် လေးစားမှု၊ နိုင်ငံရေးအရ တန်းတူရည်မှုများ ရရှိ ရန် လိုကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုထားသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */