Yangon & Mandaly Update News
ဇန်နဝါရီလ ၂၄ ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း များမှ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။
ညောင်ချောင်းနယ်ခြားစောင့်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်အင်အား ၁၀၀ ခန့်သည် ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်လာမည်ကိုစိုး၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဖရုံချောင်း၊ ငှက်ပျောချောင်း၊ ဘုရားပေါ်တောင်နှင့် သပိတ်တောင် နယ်ခြားစောင့်စခန်းများမှ တပ်သားများသည်လည်း ယင်းနေ့ တစ်ရက်တည်းတွင်ပင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ။