" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 16, 2023

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ် တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှထွက်ပြေး တိမ်းရှောင်

ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency
November 16, 2023

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေမြို့မှ ထွက်ပြေး တိမ်းရှောင်

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ဝန်ကြီးအချို့ ရခိုင်တပ်တော် AA က ဖမ်းဆီးမည်ကို စိုးရိမ်၍ စစ်တွေ မြို့မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ပြည်နယ်စစ်ကောင်စီ နီးစပ်သူများနှင့် သတင်းရင်းမြစ်များထံ မှ သိရသည်။

ထွက်ပြေးတိမ်းရှောင်သူများမှာ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လူမှုရေးရာဝန်ကြီး ဦးအောင် မျိုး၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့အပြင် သတင်းပြန် ကြားရေးကို တာဝန်ယူထားသည့် ဥပဒေချုပ် ဦးလှသိန်းလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်က ပြော သည်။

“သယံဇာတရေးရာ ဝန်ကြီး ဦးသန်းထွန်းဆိုရင် မနေ့ကတည်းက နေပြည်တော်သို့ထွက်သွားပြီလို့ပြော တယ်။ နောက် တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနဲ့ စီးပွားရေးရာဝန်ကြီးတွေလည်း ဒီ နေ့ ထွက်သွားပြီလို့ သိရပါတယ်။ ဘယ်ကို တိမ်းရှောင်သွားတာလဲ ကျနော်တို့လည်း မသိဘူး” ဟု ပြော သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ၁၀၂၇ စစ်ဆင်ရေးအောက်တွင်ရက္ခိုင့် တပ်တော် AA သည် ရခိုင်ပြည်အတွင်း စစ်ကောင်စီကို တိုက်ထုတ်နေပြီးယနေ့အချိန်အထိလည်းတိုက် ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ထိုအခြေအနေများကြောင့် ပြည်နယ်စစ်ကောင်စီအဖွဲ့ထဲတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသော ဝန်ကြီးများမှာ AA ထံ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်ဟု ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူတစ် ဦးက ပြောသည်။

“ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာတော့။ ရဲတပ်ဖွဲ့တွေကလည်း လက်နက်ချတာတွေရှိနေတော့။ ဝန် ကြီးတွေကလည်း သူတို့ကိုပါ AA က ဖမ်းဆီးလာမှာကို စိုးရိမ်နေကြတယ်။ ဒါ့ကြောင့် တိမ်းရှောင်နေ တယ်လို့ပဲ ထင်ပါတယ်။ ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးကတော့ စစ်တွေမှာ ရှိပါသေးတယ် ” ဟု ပြော သည်။

ဥပဒေချုပ် ဦးလှသိန်းက ပြည်နယ်စစ်ကောင်စီအဖွဲ့တွင် သတင်းထုတ်ပြန်ရေးကို အဓိက တာဝန်ယူ ရ သူ ဖြစ်ပြီး ၎င်းလည်း စစ်တွေမြို့မှ နေရပ်ဇာတိသို့ တိမ်းရှောင်သွားကြောင်း သိရသော်လည်း တစ်ချို့ သတင်းများအရ နေပြည်တော်သို့ တိမ်းရှောင်သွားကြောင်း အဆိုပါ နီးစပ်သူများက ပြောသည်။

ပြည်နယ်စစ်ကောင်စီထဲက ဝန်ကြီးချုပ် ဦးထိန်လင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့က စစ်တွေမြို့တွင် ကျန်ရှိနေ သေး ကြောင်း သိရသေးလည်း လုံခြုံသည့်နေရာများသို့ တိမ်းရှောင်းသွားကြောင်း လုံခြုံရေးအရ အ မည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

စစ်တွေမြို့အတွင်း လုံခြုံရေးယူပေးနေရသည့် အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက “ဝန်ကြီးချုပ် ဦးထိန်လင်းရယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို ပုံမှန် လုံခြုံရေးလိုက် ပေးရတယ်။ ဒါပေမယ့် နှစ်ရက်လောက်ရှိနေပြီ။ ရန်ကုန်သွားမယ့်ဝန်ကြီးဝန်ကြီးတစ်ချို့ လိုက်ပို့တယ်။ ဒီမှာက ဝန်ကြီးအနည်းလောက်ပဲ ကျန်တယ်။ တပ်မတော်က စစ်တွေမြို့အတွင်းမှာနေရာတိုင်းမှာ ကျ နော်တို့ လုံခြုံရေးယူထားတာရှိတယ်”ဟုပြောသည်။

၎င်းတို့အားလုံးမှာ စစ်တွေမြို့ အနောက်စံပြရပ်ကွက်ရှိ ဝန်ကြီးအိမ်ရာတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က စ၍ နေထိုင်ခြင်း မရှိတော့ဘဲ ကျောင်းကြီးလမ်းရပ်ကွက်ရှိ ပြည်နယ်စစ်ကောင်စီရုံးချုပ်(ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးဟောင်း) တွင် လုံခြုံရေးအပြည့်ဖြင့် နေထိုင်ကြကြောင်း စုံစမ်းသိရသည်။

ယခု AA ၏ ထိုးစစ်များကို ၎င်းတို့ ၃ ဦးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထင်လတ်ဦးတို့က နေပြည်တော်စစ်ရုံးချုပ်၏ ကွက်ကဲမှုဖြင့် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြည်နယ်စစ်ကောင်စီနှင့်နီးစပ် သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဝန်ကြီးများ တိမ်းရှောင်ခြင်းနှင့်ပတ်သက်၍ ဟုတ်မဟုတ်နှင့် ရခိုင်ပြည်၏ လက်ရှိအခြေအနေများအား သိရှိနိုင်ရန် သယံဇာတဝန်ကြီး ဦးသန်းထွန်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရရှိခဲ့ပေ။

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ရခိုင်တိုင်းရင်းသားများအားလုံး AA ၏ ၁၀၂၇ စစ်ဆင် ရေးအောက်တွင် ပူးပေါင်းပါဝင်သင့်ပြီး ယခုအချိန်တွင် နုတ်ထွက်သင့်ပြီဖြစ်ကြောင်း ရခိုင်နိုင်ငံရေး ပါ တီတစ်ခုမှ ပါတီဝင်တစ်ဦးက ထောက်ပြထားသည်။

“ဒီအချိန်က စစ်ကောင်စီနဲ့ ပေါင်းနေတဲ့ ရခိုင်ဝန်ကြီးတွေ နုတ်ထွက်ရမယ့် အချိန်ဖြစ်ပါတယ်။ AA က အခု စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးမှာ စလုပ်နေပြီ။ ရောပြီးမပါချင်ရင် အခုကတည်းကနေ ကိုယ့်အသိနဲ့ကိုယ် နုတ်ထွက်ပြီး အေးအေး ဆေးဆေး နေသင့်တယ်။ အခု ရဲတပ် ဖွဲ့ဝင်တွေကို အညံ့ခံဖို့ ပြောနေတယ်။ အညံ့မခံရင် တိုက်မယ်လို့ သတိပေးထားတယ်။ ရခိုင်ဝန်ကြီးတွေ လည်း အညံ့ခံဖို့ လိုပြီ။ စစ်ကောင်စီနဲ့ ပေါင်းနေရင်လည်း ပြည်သူတွေအတွက် အကျိုးရှိတာမဟုတ်ဘူး။ ပြည်သူအတွက် အကျိုးမရှိတဲ့ အလုပ်ကို မလုပ်ဖို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။

လက်ရှိ ပြည်နယ်စစ်ကောင်စီရုံးချုပ်ကို အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာအပြင် ဝင် ပေါက်လမ်းဟူသမျှအားလုံးကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ဝင်ပေါက်တိုင်းတွင် ဘန်ကာများ ပြုလုပ်၍ ရဲနှင့်စစ်တပ် ပူးပေါင်း၍ နေရာယူထားကာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားကြောင်း မျက်မြင်များက ပြောသည်။

ရက္ခိုင့်တပ်တော် AA က ၂၀၁၈ ခုနှစ်မှစ၍ ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖော်လာ ပြီးနောက် စစ်ကောင်စီ ဒေါက်တိုင်များ၊ အားပေးမြောက်ပြုသူများ၊ သတင်းပေးများ၊ ပူးပေါင်းဆောင် ရွက်သူများ စသူတို့ကို ဖမ်းဆီးခြင်း၊ အပြစ်ပေးခြင်းများရှိပြီး ယခုလည်း ယင်းကဲ့သို့ ဆောင်ရွက်နေ ကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်) 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */