" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 8, 2020

COVID ကူးစက်ခံ ရိုဟင်ဂျာတချို့ ထွက်ပြေးတိမ်းရှောင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 ဇွန်၊ 2020 

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတဲ့ လူနာတချို့ Quarantine ဝင်ရမှာစိုးလို့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ ကိုဗစ်ပိုး စမ်း သပ်တွေ့ရှိထားတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၂ ဦး ထွက်ပြေးနေတာပါ။




SEE ALSO:
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါကုဖို့ ဆေးနဲ့ အထောက်အပံ့တွေ လိုအပ်နေ


ဘင်္ဂလားပင်လယ်အော်ထဲက လူသူဝေးတဲ့ Bhashan Char ကျွန်းကို အပို့ခံရမှာ စိုးတဲ့အတွက် အခုလို တိမ်းရှောင်နေတာ ဖြစ်တယ်လို့ စခန်းတွင်း ရပ်ရွာခေါင်းဆောင်တွေက ပြောပါတယ်။ ခုချိန်ထိတော့ ဒုက္ခသည်စခန်းထဲမှာ Quarantine လုပ်ထားတဲ့ ရို ဟင်ဂျာ ၁၆,၀၀၀ ရှိပြီး သူတို့ထဲက ၂၉ ဦးဆီမှာ ကိုဗစ်ပိုး တွေ့ရှိ အတည်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပေမယ့် ဒီဒုက္ခသည်တွေ ပြန် လာနိုင်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတောာ့ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ဦး ထပ်တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၄၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
 
ဓာတ်ခွဲနမူနာ ၁,၂၀၀ ကို စစ်ဆေးခဲ့တဲ့အထဲက အိန္ဒိယနဲ့ ထိုင်းက ပြန်လာသူ ၂ ဦးဆီမှာ COVID-19 ရော ဂါပိုး တွေ့ရှိတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဆက်လက်ရင်ဆိုင်နေရတဲ့ အာရှနိုင်ငံတွေထဲက ဖိလစ်ပိုင် နိုင်ငံမှာတော့ တနင်္ဂနွေနေ့က အတည်ပြုလူနာသစ် ၅၅၅ ယောက်နဲ့ စုစုပေါင်း ၂၁,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာန က သတင်းထုတ်ပြန်ပါတယ်။ တနင်္ဂနွေနေ့က သေဆုံးသူ ၉ ယောက်ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ မနေ့က အတည်ပြုလူနာသစ် ၈ ယောက် တွေ့ရတဲ့အတွက် ကူးစက်သူစုစုပေါင်း ၃,၁၀၀ ကျော်နဲ့ သေဆုံးသူ ၅၈ ယောက် ဖြစ်သွားပါတယ်။ ကူးစက်မှုအသစ်တွေဟာ UAE၊ ကူဝိတ်၊ အိန္ဒိယနိုင်ငံ တွေက ပြန်လာသူတွေဆီမှာ တွေ့ရပါတယ်။ ပြည်တွင်းကူးစက်မှု မရှိတာ ၁၃ ရက်ဆက်တိုက် ရှိပြီလို့ ထိုင်း COVID-19 ထိန်းချုပ်ရေးစင်တာက ပြောပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */