" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 21, 2024

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏နယ်ခြားစောင့်စခန်းများမှ တပ်ဖွဲ့၀င် များထွက်ပြေး

Yangon & Mandaly Update News
ဇန်နဝါရီလ ၂၄ ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း များမှ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရသည်။

ညောင်ချောင်းနယ်ခြားစောင့်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ ဝင်အင်အား ၁၀၀ ခန့်သည် ရက္ခိုင့်တပ်တော် (AA) က ၀င်ရောက်တိုက်ခိုက်လာမည်ကိုစိုး၍ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ဖရုံချောင်း၊ ငှက်ပျောချောင်း၊ ဘုရားပေါ်တောင်နှင့် သပိတ်တောင် နယ်ခြားစောင့်စခန်းများမှ တပ်သားများသည်လည်း ယင်းနေ့ တစ်ရက်တည်းတွင်ပင် စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။ ။

"အခု ရခိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲမရှိလည်း သေနတ်တွေဖောက် တိုက်ပွဲဖြစ်ချင်ယောင်ဆောင်ပြီး စခန်းစွန့်ပြေးနေကြတာတွေရှိတယ်။ အခုနယ်ခြား စောင့်စခန်းတွေက တပ်သားတွေဆိုရင် ပြေးတဲ့နေ့က သေနတ်ဖောက်သံတွေကြားတယ်။ တိုက်ပွဲဖြစ်ယောင် ဆောင်ပြေးတာထင်တယ်" ဟု ရခိုင်ဒေသ ခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီနယ်ခြားစောင့် စခန်းများအပါအ၀င် စစ်ကောင်စီ တပ်တပ်ရင်းများ ၁၀ ခုခန့်အခြေစိုက်ထားပြီး လတ်တလောတွင် AA က ၀င်ရောက်တိုက်ခိုက်မည်စိုး၍ နယ်ခြားစောင့်စခန်းမှ တပ်သားများသည် စခန်းများ ကိုစွန့်ခွာကာ ဘူးသီး‌တောင်မြို့နယ်ရှိ တပ်ရင်းများသို့ သွားရောက်ပူး ပေါင်းနေကြောင်း သိရသည်။

ထို့အပြင် ရသေ့တောင်မြို့နယ် မေယုတောင်တန်း၏ အရှေ့ဘက် အငူမော်မှ ဘူးသီး တောင်မြို့နယ်အထိ နယ်ခြားစောင့်စခန်းများ အားလုံးဆုတ်ခွာထွက်ပြေး သွားကြပြီ ဖြစ်ကြောင်း AA စစ်ရေးသတင်း‌ရင်း မြစ်ထံက သိရသည်။

ပုံစာ- မေယုတောင်တန်း၊ စေတီပြင်အနီးရှိ နယ်ခြားစောင့်စခန်း
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */