" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 23, 2019

ခရုချောင်းကျေးရွာမှ ဘုန်းကြီးပါမကျန် တရွာလုံးထွက် ပြေး

နိရဉ္စရာ
နိရဉ္စရာ၊ မတ်လ ၂၃/ ၂၀၁၉
 ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာမှ ဘုန်းတော်ကြီးပါ မကျန် တစ်ရွာလုံး နီးစပ်ရာ ကျေး ရွာများသို့ ထွက်ပြေးလာကြသည်ဟု ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

“ အခု ကျွန်တော်တို့ရွာသားထွက်ပြေးတာက ရသေ့တောင်မြို့နယ် ဇီးခေါင်းနဲ့ ဘူးသီးတောင်မြို့နယ် ကျောက်ပြင်ဆိပ်ရွာကို ထွက်ပြေးကြပါတယ်။ အခု ကျွန်တော်တို့မိသားစု ဇီးခေါင်းရွာကို ရောက်နေ ပါ တယ်။ ဇီးခေါင်းကို ရောက်တာက ရွာသား ၁၀၀ ကျော်လောက်ရှိပါတယ်။ ကျောက်ပြင်ဆိပ်ကိုတော့ ထွက် ပြေးသွားတာက ပိုများပါတယ်” ဟု ခရုချောင်းကျေးရွာသား တစ်ဦးက ပြောကြားသည်။

ခရုချောင်းရွာတွင် အိမ်ခြေ ၁၃၀ ကျော်ရှိပြီး ကျေးရွာအနီးတွင် မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်မှ ညဉ့်အချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက် ပွဲကြောင့် ကျေးရွာသား အများအပြား ၎င်းနေ့ကပင် ထွက်ပြေးသွားခဲ့ကြကြောင်း၊ ရွာသား ၇၀ လောက်မှာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလုံပြီး ကျန်နေခဲ့ကြကြောင်း၊ ယနေ့နံနက်တွင် တစ်ယောက် စကား တစ် ယောက်နားဆိုသကဲ့သို့ စည်တောင်ရွာမှာကဲ့သို့ စစ်တပ်က ပစ်ခတ်မည်ဟု သတင်းကြားရသဖြင့် ကျောင်း ထိုင် ဆရာတော်ပါ တစ်ရွာလုံး ထွက်ပြေးလာကြကြောင်း ၎င်းက ပြောကြားသည်။

“ ရွာမှာတော့ မသွားနိုင် မလာနိုင်တဲ့ သက်ကြီးရွယ်အို ရှစ်ယောက်၊ ကိုးယောက်လောက် ကျန်ခဲ့ပါတယ်။ ကျန်တာ တစ်ရွာလုံး ထွက်ပြေးလာကြပါတယ်။ စည်တောင်မှာလို စစ်တပ်က ရွာထဲကို ဝင်ပစ်မယ်ဆိုပြီး သတင်းတွေ ထွက်လာတော့ အကုန်လုံးကြောက်ပြီး ထွက်ပြေးလာပါတယ်။ လူတိုင်းက စည်တောင်မှာလို ဖြစ်မှာကို စိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။

ယနေ့တွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားခြင်း မရှိသော်လည်း ပဲသဒူ ကျေးရွာဘက်မှ ပေါက်ကွဲသံကြီး နှစ်ခုကို ကျယ်လောင်စွာကြားခဲ့ရပြီး မိုင်းကွဲသလား၊ လက်နက်ကြီးလားဆိုသည်ကို ခွဲခြား မသိကြောင်း ၎င်းက ပြောကြားသည်။

ခရုချောင်း ကျောင်းထိုင်ဆရာတော်က “ ယာယီကျောင်းက ထလာပါတယ်တကာကြီး။ အခြေအနေကောင်း သွားရင်တော့ ပြန်မှာပါ။ ကျောင်းမှာတော့ ကိုယ်တော်ကြီးတစ်ပါး ကျန်နေခဲ့ပါတယ်။ သူကတော့ သေရင် တောင်ကျောင်းက မထဘူးလို့ ပြောပါတယ်။ ရွာသားလည်း လေးငါးခြောက်ယောက်လောက် ကျန်ခဲ့ပါ တယ်။ ရွာမှာက လူပေါင်း ၅၀၀ ကျော်ရှိတာ။ အခု အကုန်လုံး ဇီးခေါင်း၊ ကျောက်ပြင်ဆိပ်၊ အိုးဖောက်စတဲ့ ရွာတွေမှာ ခိုလုံနေကြပါတယ်” ဟု ပြောကြားသည်။

ခရုချောင်းကျေးရွာမှ ဦးမောင်ညွှန့်စိန် (၅၂) နှစ်မှာ ရွာအနီးရှိ တောင်တွင် ငှက်ပျောပင်စိုက်ရန်သွားရာမှ လွန်ခဲ့သော သုံးရက်ခန့်က ပျောက်ဆုံးနေကြောင်း သိရသည်။

ညွှန်း၊ FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */