" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 7, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ် ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေး

VOA
နန်းလောင်ဝ်
၀၇ ဖေဖော်ဝါရီ၊ ၂၀၂၄ 

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာကြတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ (အရပ်ဝတ်နဲ့ ထိုင်နေသူများ) ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် (ရပ်နေသူများ) က စောင့်ကြည့်နေကြပုံ။ (ဖေဖေါ်ဝါရီ ၅၊ ၂၀၂၄)
 

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲပြင်းထန်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်အတွင်း က နယ်ခြားစောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မနက်ပိုင်းက ဘင်္ဂလားဒေ့ရ်ှဘက်ကို ထပ်မံထွက်ပြေးလာတယ်လို့ သိရပါတယ်။ ခုအချိန်အထိဆိုရင် မြန်မာနိုင်ငံဘက်ကနေ နယ်ခြားစောင့်တပ် ဖွဲ့နဲ့ မိသားစုဝင် ၂၂၉ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ခိုဝင်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန် သတင်းပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်အတွင်း တောင်ပြို လက်ဝဲ-လက်ယာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တခြားစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတာ ဒီကနေ့ဆိုရင် ၂၂၉ ယောက်အထိ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းကလည်း AA တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောင်ပြိုလက်ဝဲနယ်ခြားစောင့်စခန်းအပါဝင် တခြားနယ်ခြားစောင့်တပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝဝ ကျော် ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထပ်မံထွက်ပြေးလာကြတယ်လို့ ဘင်္ဂလာဒေ့ရှ်နယ်စပ်နားမှာနေထိုင်တဲ့ ရိုဟင်ဂျာတဦးကပြောပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */