20 ဧပြီ 2022
မလေးရှားနိုင်ငံမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က နိုင်ငံမြောက်ပိုင်းမှာ ရှိတဲ့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်း စခန်းကနေ ထွက်ပြေး လွတ်မြောက်သွားသူ ရိုဟင်ဂျာ ၁၆၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာ ဖွေနေပါတယ်။
ရိုဟင်ဂျာ ငါးရာကျော်လောက် စခန်းကနေ ထွက်ပြေးခဲ့ပေမဲ့ အများစုကို ပြန်ဖမ်းမိနိုင်ခဲ့တယ်လို့ မလေးရှား လူဝင် မှုကြီးကြပ်ရေး အကြီးအကဲ က ပြောပါတယ်။
လမ်းမတစ်ခုကို ဖြတ်ပြီး ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း စစ်ဆင်မှုအတွင်း နေအိမ်စွန့်ခွာ ထွက် ပြေးခဲ့ကြသူတွေ ဖြစ်ပါတယ်။
အတော်များများဟာ ပင်လယ်ပြင်ကို စက်လှေတွေနဲ့ ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့အပြီး မလေးရှားနိုင်ငံကို ရောက်လာခဲ့ကြရာမှာ ထိန်းသိမ်းရေးစခန်းတွေကို အပို့ခံခဲ့ကြရပါတယ်။ အဲဒီ စခန်းတွေဟာ လူတွေနဲ့ မတန် တဆ ပြည့်ကျပ်နေပြီး ညစ်ပတ် စုတ်ပြတ်နေတယ်လို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောနေပါတယ်။
Link : Here
No comments:
Post a Comment