" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, April 5, 2019

စိုင်းတင် မင်းလှကိုင်းရွာမှ အမျိုးသမီးနှင့်ကလေးငယ် များ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးခိုလုံ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းတွင် တည်ရှိသည့် မင်းလှကိုင်းကျေးရွာမှာ အမျိုးသမီး များနှင့် ကလေးငယ် ၃၃ ဦးသည် ယမန်နေ့က ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးခိုလုံလာကြသည်ဟု သ တင်းရရှိသည်။

၎င်းတို့ကို ယခုအခါ ဘူးသီးတောင်မြို့သုဓမ္မာရုံကျောင်းတွင် နေရာချပေးထားကြောင်း သိရသည်။

ထွက်ပြေးလာကြသူများမှာ အနီးအနားတွင် သေနတ်သံများ၊ အမြောက်သံများကို ကြားရ၍ ကြောက်ပြီး ထွက် ပြေးလာကြသည်ဟု သိရကြောင်း စစ်ဘေးရှောင်ပြည်သူများ အတွက် ကယ်ဆယ်ရေးဆောင်ရွက်နေသူ ကိုဇော်ဝင်းက ပြောကြားသည်။
“ ဧပြီလ ၃ ရက်နေ့က စိုင်းတင်ချောင်းမှာ ဖြစ်တဲ့ ပြသနာနဲ့ ကြောက်ပြီး ထွက်ပြေးလာကြတာပါ။ သူတို့က ရဟတ်ယာဉ်တွေနဲ့ ပစ်တာ၊ လက်နက်ကြီးကျည်ကျတဲ့ အသံတွေကို အကုန်လုံးကြားရတယ်လို့ ပြောပါတယ်။ မင်းလှကိုင်းက စိုင်းတင်ရေတံခွန်အောက်နားမှာ တည်ရှိတာပါ” ဟု ၎င်းက ပြောကြားသည်။

ယခုလက်ရှိ ဘူးသီးတောင်မြို့နယ် တစ်ခုလုံးတွင် စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ရှိသွားပြီ ဖြစ်ကြောင်း၊ ၎င်းအထဲတွင် စစ်ဘေးရှောင် စခန်းများတွင် မနေထိုင်ဘဲ နီးစပ်ရာ ဆွေမျိုးများထံတွင် နေထိုင်သူများ မပါ ဝင်သေးကြောင်း ဦးဇော်ဝင်းက ပြောကြားသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စစ်ဘေးရှောင် ဦးရေမှာ ၂၆၀၀၀ ကျော်သွားပြီဟု အစိုးရ၏ ကိန်းဂဏန်းအရ သိ ရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */