" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 16, 2024

ဘူးသီးတောင်တိုက်ပွဲ ရိုဟင်ဂျာ ၂၅ ဦးသေဆုံး၊ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

RFA
RFA Burmese
2024.04.15 

အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ် ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ The Arakan Rohingya Salvation Army လို့ နာမည်ပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ အာဆာ (ARSA) တို့ တိုက်ပွဲအတွင်း ဧပြီလ ၁၂ ရက်နေ့က လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၂ ရက်နေ့ကစဖြစ်တဲ့ အဲဒီတိုက်ပွဲကြောင့် ဦးလှဖေ၊ ရွက်ညိုတောင်နဲ့ ကွန်တိုင်ရွာတွေက ရိုဟင်ဂျာ သုံးထောင်ဝန်းကျင် မြို့ပေါ်ကိုထွက်ပြေးချိန် အပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
“ဦးလှဖေနဲ့ ရွက်ညို‌တောင်ကြားထဲမှာလေ အာဆာ (ARSA) နဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲဖြစ်တယ်"
အာဆာ (ARSA) အဖွဲ့ဟာ အဲဒီရွာတွေမှာ ခြေကုပ်ယူပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်ပွဲဖော် ဆောင်နေတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးလှဖေနဲ့ ရွက်ညို‌တောင်ကြားထဲမှာလေ အာဆာ (ARSA) နဲ့ စစ်တပ်နဲ့ပေါင်းပြီးတော့ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲဖြစ်တယ်။ ရက္ခိုင့်တပ်တော်ဘက်က နှစ်ယောက်ဒဏ်ရာရတယ်။ သူတို့ဘက်က ခြောက်ယောက် သေသွားတယ်လို့ပြောတယ်။ ဘုတ်ကို စစ်တပ်က လက်နက်ကြီးပစ်တယ်။ မွတ်စလင်အားလုံး ၂၅ ယောက်လောက် ပါသွားတယ်လို့ပြောတယ်။ ဘုတ်(သင်္ဘော) မြုပ်တဲ့အထဲမှာ ကျတာလို့ပြောတယ်”


တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ ပစ်နေတာကြောင့် သေဆုံးသွားသူတွေရဲ့ အချက်အလက်အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီအခြေအနေကိုသိတဲ့ အမည်မဖော်လိုသူ မောင်တော ဒေသခံတစ်ဦးကလည်း ဒေသခံရိုဟင်ဂျာတွေ ထွက်ပြေးချိန်မှာပဲ အပစ်ခံခဲ့ရတာလို့ RFA ကို အတည်ပြုပါတယ်။

"သူတို့ ရွှေ့ပြောင်းတဲ့အချိန်မှာ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိတယ်လို့ သတင်းတွေကြားတယ်။ ကွန် နက်ရှင် အခက်အခဲကြောင့် သတင်းတွေရဖို့ ခက်နေတယ်။ ကျွန်တော်တို့ ကြိုးစားပြီး လိုက်ကြည့်ပေမယ့်လည်း သတင်းအတိအကျရဖို့ ခက်နေတယ်"

ဘူးသီးတောင်မြို့နယ်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတချို့ ဖြတ်တောက်ခံထားရတာကြောင့် ရိုဟင်ဂျာတွေ သေဆုံးတဲ့ အခြေအနေအသေးစိတ်ကို မသိရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေတဲ့နေရာကို လေကြောင်းနဲ့ လာပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ဂျက်ဖိုက်တာလာပြီးတော့ နှစ်လုံးချပစ်ခဲ့တယ်။ အဲဒီ ဦးလှဖေကွင်းကို။ အဲဒီ ဦးလှဖကွင်း မှာ မနေ့က (AA) တွေနဲ့ အာဆာ (ARSA) တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ အဲဒါကြောင့် အခုနေဝင်ရင် မွတ်စလင်ရွာကို ရခိုင်မဝင်ရ ရခိုင်ရွာကို မွတ်စလင်မဝင်ရ အခု။ မနေ့က လေယာဥ်နဲ့ကြဲတာ နှစ်နာရီခွဲလောက်ရှိတယ်။ အဲဒီ ဦးလှဖေကွင်းကို ချတာလေ”

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်‌‌ဇော်မင်းထွန်းနဲ့ (AA) ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့မရပါဘူး။

        ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် ရိုဟင်ဂျာများ။ (ဓာတ်ပုံ - ဟန်ငြိမ်းဦး)

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ဦးလှဖေနဲ့ ရွက်ညိုတောင်ရွာတွေကို ဧပြီလ ၁၂ ရက်နေ့မှာ (AA) က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တာကြောင့် ဘာသာရေးအဆောက်အအုံတွေ၊ လူနေအိမ်တွေနဲ့ စျေးဆိုင်တွေပါ မီးလောင်ပျက်စီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း ဘူးသီးတောင်မှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ ပူးပေါင်းပြီး (AA) ကို တိုက်ခိုက်နေတာလို့ သူ့ရဲ့လူမှုကွန်ရက် တယ်လီဂရမ်ချန်နယ်ကနေ ရေးသားထားပါတယ်။

ဧပြီလ ၁၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာ နှစ်ထောင်ခန့်ဟာ (AA) အဖွဲ့က ရိုဟင်ဂျာရွာတွေကို အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြို့ပေါ်မှာလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */